အောက်ဆီဂျင် စက်ရုံတည်ထောင်ပြီးတော့ မြို့နယ်အတွင်း ပေးဝေဖို့ အတွက် သိန်းပေါင်းထောင်ချီပြီး မတည်လှူဒါန်းခဲ့တဲ့ မိုးကုတ်မြို့က မိသားစုတစ်စု

အောက်ဆီဂျင်စက်ရုံတည်ထောင်ပြီးတော့ မြို့နယ်အတွင်းပေးဝေဖို့အတွက် သိန်းပေါင်းထောင်ချီပြီး မတည်လှူဒါန်းခဲ့တဲ့ မိုးကုတ်မြို့က မိသားစုတစ်စု

ကိုဗစ် တတိယလှိုင်း တွေပြန်ဖြစ် နေပြီးတော့ ကိုဗစ် ကူးစက် ခံရတဲ့ လူနာတွေ၊ အသက် ရှူကြပ်လူနာတွေ၊ ကိုဗစ် ကူးစက်မှု တွေကြောင့် သေဆုံးသွားတဲ့ ပြည်သူတွေ လည်း အများပြားရှိနေတာပါ။

အောက်ဆီဂျင် မရရှိဘဲ အသက် သေဆုံးသွားသော ပြည်သူတွေလည်းရှိနေပြီး အောက်ဆီဂျင် ဖြည့်ပေးတဲ့ဆိုင်တွေမှာ ညခင်းတွေအထိ တန်းစီစောင့် ဆိုင်းနေကြရတာပါ။အောက်ဆီဂျင် ဖြည့်ပေးတဲ့ စက်ရုံ အချို့ဟာ ပုဂ္ဂလိကပြည်သူများသို့

အောက်စီဂျင် ဖြည့်သွင်းမှု ရပ်ဆိုင်းရန် ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ရပ်ဆိုင်း လိုက်ကြပြီးတော့ ပြည်သူ အများအပြား ဒုက္ခ ရောက်နေကြပါတယ်နော်။ယခုမှာတော့ မိုးကုတ်မြို့က မိသားစု တစ်စုဟာ မိုးကုတ်မြို့နယ်အတွင်း အောက်ဆီဂျင်စက်ရုံတည်ထောင်ထုတ်လုပ်ဖို့

အတွက် ကျပ်သိန်း(၁၀၀၀)တိတိကို မတည်လှူဒါန်းခဲ့ပါတယ်။ မိုးကုတ်မြို့မှာ နေထိုင်တဲ့ အဆိုပါ မိသားစုဟာ ကသဲအနောက်ကျောင်းဆရာတော်ဦးစန္ဒရံသီအား ရည်စူးပြီးတော့ အခုလိုလှူဒါန်းခဲ့တာပါ။ အောက်ဆီဂျင်စက်တွေ အရေးပေါ် လိုအပ် နေချိန်မှာ

အခုလို လှူဒါန်းခဲ့တဲ့ ဦးအေးသောင်တို့ မိသားစုကို ပြည်သူတွေက ချီးကျူးနေကြပြီး သာဓုတွေ ခေါ်ဆိုနေကြပါတယ်နော်။ပြည်သူတစ်ဦးကတော့ မိုးကုတ်မြို့ အတွက် အောက်ဆီဂျင် ထုတ်လုပ်စက် (ခန့်မှန်းကုန်ကျငွေ- သိန်းတစ်ထောင်)

တစ်ဦးတည်း မတည် အလှုရှင်မှာ ကသဲ အနောက် ကျောင်းဆရာတော်ဦးစန္ဒရံသီ အားရည်စူးပြီး ကသဲဗိုလ်ကုန်းရပ် ဦးအေးသောင်+ ဒေါ်ညီမထင်းရူးခြံရပ် ဦးကိုး+ ဒေါ်ညွှန့်ခင်တို့၏ သားဦးမြင့်သိန်း+ ဒေါ်သီတာညီမ မမြင့်မြင့်ကြည် သမီး

ကိုဟိန်းစိုး+မပြည့်ဖြိုးမွန်သမီး တုန်ချစ်မြေး လပြည့်ဟိန်း၊ ဧဝရတ်ဟိန်းမိသားစု ဖြစ်ပါတယ်ခင်ဗျာ ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသား ထားခဲ့တာပဲဖြစ်ပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *