မေ့ကျန်နေခဲ့တဲ့ ရတနာပစ္စည်းတွေနဲ့ ငွေကျပ်သိန်း ၄၀ကျော်ကို ပိုင်ရှင်ဖြစ်သူထံ ပြန်လည် ပေးအပ်ခဲ့တဲ့ လေးစားဖွယ် ဇနီးမောင်နှံ

မေ့ကျန်နေခဲ့တဲ့ ရတနာပစ္စည်းများနှင့် ငွေကျပ်သိန်း ၄၀ကျော်ကို ပိုင်ရှင်ဖြစ်သူထံ ပြန်လည်ပေးအပ်ခဲ့တဲ့ ဇနီးမောင်နှံ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့ နတ်ကြီးကုန်းရပ် ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှာ ဈေးဝယ်လာသူ အမျိုးသမီးတစ်ဦး မေ့ကျန်ခဲ့သော ကြွပ်ကြွပ်အိတ် အထုပ်အတွင်းပါရှိသည့်

ငွေသား ကျပ်သိန်း (၄၀) ကျော်နှင့် ရတနာပစ္စည်း (၇) မျိုးတို့အား ဆိုင်ရှင်ဖြစ်သူ ဇနီးမောင်နှံတို့မှ ပိုင်ရှင်ထံသို့ပြန် လည်ပေး အပ်ခဲတာပါနော်။ဖြစ်စဉ်ကတော့ ဇူလိုင်လ (၈) ရက်နေ့ နေ့လယ် (၂) နာရီ အချိန် ခန့်တွင် မိုးကောင်းမြို့ နတ်ကြီးကုန်း ရပ်ကွက်ရှိ

ဦးရဲဇော်လတ်၊ ဒေါ်ခင်သက်သက်ပန်တို့ ဖွင့်လှစ်ထားတဲ့ ခင်သက်သက်ပန် ကုန်စုံဆိုင်သို့ အမျိုးသ မီးတစ်ဦး ဈေးဝယ်ရောက်ရှိလာပြီးတော့ လို အပ်သည်များ ဝယ်ယူကာ ပြန်သွားခဲ့တာပါ။အဆိုပါ အမျိုးသမီး ဈေးဝယ်လာစဉ်က

ကိုင်ဆောင်လာတဲ့ ကြွပ်ကြွပ်အိတ် အဖြူတစ်လုံးမှာ ဈေးဆိုင်တွင် ကျန်ရစ်ခဲ့သ ဖြင့် ဦးရဲဇော်လတ်မှ ကောက်ယူသိမ်းဆည်းခဲ့ပြီး နာရီဝက်ခန့်အကြာတွင် အဆိုပါ အမျိုးသမီးမှာ ပြန်လည်ရောက် ရှိလာပြီးတော့ ၎င်း၏ အထုပ်ကျန်/မကျန် မေးမြန်းသဖြင့်

ဦးရဲဇော်လတ်မှအ ထုပ်အားပြန်ပေးကာ ပစ္စည်းများအား စစ်ဆေးစေရာ ငွေသားသိန်း(၄၀) ကျော်နှင့် ရတနာပစ္စည်း(၇)မျိုးတို့အား အပြည့်အ စုံ တွေ့ရှိရပြီးတော့ ပိုင်ရှင်အမျိုးသမီးမှ ကျေးဇူးတင် စကားပြောကာ ပြန်ထွက်သွားခဲ့တာပါ။

ကျွန်တော်တို့ဆိုင်ကို အမျိုးသမီးတစ်ယောက် ဈေးဝယ်လာရင်း ကြွပ်ကြွပ်အိတ် အဖြူတစ်လုံး မေ့ကျန်ခဲ့လို့ သိမ်းထား လိုက်ပါတယ်။ ကြွပ်ကြွပ်အိတ် အဖြူထဲမှာ ကြွပ်ကြွပ်အိတ် အမည်းရောင်နဲ့ ထုပ်ထားတဲ့အ ထဲမှာ ဘာတွေပါမှန်း မသိပါဘူး။

နာရီဝက်လောက် ကြာတော့ အထုပ်ပိုင်ရှင်အမျိုးသမီး ပြန်ရောက်လာပြီး သူ့အိတ်တစ်လုံး ကျန်/မကျန်မေးတော့ ကျွန် တော်က ထုပ်ပေးပြီး ပစ္စည်းတွေ စစ်ခိုင်းတော့ ကြွပ်ကြွပ်အိတ်အမည်းထဲက ငွေသားသိန်း(၄၀) ကျော်နဲ့ ရတနာပစ္စည်း (၇) မျိုးပါတာ

တွေ့ရပါတယ်။ ပိုင်ရှင်ကလည်း သူ့ပစ္စည်း ပြန်ရလို့ ဝမ်းသာပြီး ကျွန် တော်တို့ကို ကျေးဇူးတင် စကားပြောသွားတော့ ကျွန် တော်တို့လည်း ပီတိဖြစ်ရပါတယ် ဟု ဦးရဲဇော်လတ်က ပြောပြခု့တာပါနော်။တကယ် လေးစားဖို့ကောင်းတဲ့ ဇနီးမောင်နှံပါနော်။Crd

Add a Comment

Your email address will not be published. Required fields are marked *