Pfizer ကာကွယ် ဆေးထိုးပြီးနောက် နော်ဝေ အမျိုးသမီး တစ်ဦး ထူးထူးဆန်းဆန်း ရင်သားကြီးထွားလာခဲ့

Pfizer ကာကွယ် ဆေးထိုးပြီးနောက် နော်ဝေ အမျိုးသမီး တစ်ဦး ထူးထူးဆန်းဆန်း ရင်သားကြီးထွားလာခဲ့

ကမ္ဘာ တဝှမ်းက ကိုဗစ် ကူးစက်ပြန့်နှံ့မှုတွေ ပိုမိုမြင့် တက်လာတာနဲ့အမျှ ကာကွယ် ဆေးတွေ ပိုမို ထုတ်လုပ်နိုင်ဖို့ အင်အားကြီးနိုင်ငံတွေက အပြိုင် အဆိုင် ကြိုးစားနေကြတာပါ။

သုတေသီတွေဟာ ကာကွယ်ဆေး အာနိသင် ပိုမိုပြည့်ဝလာ စေဖို့နဲ့ ဘေးထွက် ဆိုးကျိုး နည်းနိုင်သမျှ နည်းအောင် ကြိုးစားအားထုတ်နေတာပါနော်။ ဒါပေမယ့် လည်းဘဲ ဒီတစ်ခါမှာတော့ နော်ဝေအမျိုးသမီးတစ်ဦး အတွက် Pfizer

ကာကွယ်ဆေးရဲ့ ဘေးထွက် ဆိုးကျိုးကို ရင်ဆိုင်လိုက်ရဖို့က တော်တော်လေး ထူးခြားနေခဲ့တာပါ။သူမဟာ Pfizer ကာကွယ်ဆေးထိုးနှံပြီးနောက် ပုံမှန်မဟုတ်တဲ့ ဘေးထွက်ဆိုးကျိုးကို

ရင်ဆိုင်ခဲ့ရတယ်လို့ လူမှု ကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်နော်။ Emma လို့ ခေါ်တဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးလေးဖြစ်ပြီးတော့ ကာကွယ်ဆေးထိုးပြီး ၂ပတ်အကြာမှာ

သူမရဲ့ ရင်သားတွေဟာ ကြီးထွားလာခဲ့ပြီးတော့ Full Cup Size အထိ ဖြစ်ခဲ့တယ်လို့ TikTok မှာ ဖော်ပြခဲ့ပါတယ်နော်။အဆိုပါဗီဒီယိုက တော်တော်လေးရေပန်းစားပြန့်နှံ့သွားခဲ့ပြီးတော့ အမျိုးသမီးအများအပြားကလည်း

ကာကွယ်ဆေးထိုးအပြီး သူတို့ရင်ဆိုင်ခဲ့ရတဲ့ အတွေ့ အကြုံတွေကို ပြန်လည်ပြောဆိုရေးသားခဲ့ကြပါတယ်နော်။ဆေးဘက်ဆိုင်ရာပညာရှင်တွေကတော့ ဒါဟာ ရင်သားအဆမတန်ကြီးထွားလာတာမျိုး မဟုတ်ဘူးလို့ အကြံပေးရှင်းပြခဲ့တာပါ။

ဒါပေမယ့်လည်းဘဲ Pfizer ကာကွယ်ဆေးထိုးခဲ့သူ အမျိုးသမီး ၁၀% ခန့်ဟာ လက်မောင်းအောက်မှာရှိတဲ့ အဖုငယ်တွေ ရောင်ကိုင်းပြီးတော့ ကြီးထွားလာခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်နော်။ဒီလိုဖြစ်ခဲ့တဲ့အတွက် ရင်သားကို

ပိုမိုပြီးကြီးထွားစေသလိုဖြစ်ခဲ့ကာ ရှေ့ကိုတွန်းထုတ်ပြီးတော့ ကြီးမားသယောင်ဖြစ်စေခဲ့တာလို့လည်း ရှင်းပြခဲ့တာပါ။ ဒါပေမယ့်လည်း နော်ဝေက Pfizer ရုံးကတော့ ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးမှာ ဒီလိုမျိုးမရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်နော်။

ဒါပေမယ့်လည်း ကာကွယ်ဆေးနဲ့ အခုလိုမျိုး ရင်သားကြီးထွားမှုကြားက ဆက်စပ်မှုကိုတော့ ရှင်းပြခဲ့ခြင်းမရှိဘူးလို့ RT က ဖော်ပြခဲ့ပါတယ်နော်။therivernewstrn

Tags:

Add a Comment

Your email address will not be published. Required fields are marked *