ခင်ပွန်းဖြစ်သူ အိပ်မက် မက်ခဲ့တဲ့နံပါတ်များဖြင့် ထီထိုးခဲ့ရာ ဒေါ်လာ ၆၀ သန်းတန်ထီဆု ပေါက်သွားခဲ့တဲ့ အမျိုးသမီး

ခင်ပွန်းဖြစ်သူအိပ်မက်မက်ခဲ့တဲ့နံပါတ်များဖြင့် ထီထိုးခဲ့ရာ ဒေါ်လာ ၆၀ သန်းတန်ထီဆုပေါက်သွားခဲ့တဲ့ အမျိုးသမီး

ကနေဒါနိုင်ငံရှိ အသက် ၅၇ နှစ်အရွယ် Deng Pravatoudom အမည်ရှိအမျိုးသမီးတစ်ဦးက လွန်ခဲ့တဲ့အနှစ် ၂၀ က ခင်ပွန်းဖြစ်သူအိမ်မက်မက်ခဲ့တဲ့နံပါတ်များကို အသုံးပြုပြီး ထီထိုးခဲ့ရာ ဒေါ်လာသန်း ၆၀ တန်

Lotto Max jackpot ကို ပေါက်သွားခဲ့ကြောင်းကို မျှဝေခဲ့တာပါ။ပြီးခဲ့တဲ့လမှာ Pravatoudom ဟာ ဘဏ်မှာငွေတောင်းခံလွှာအချို့ကိုပေးချေနေစဉ် ကားထဲမှာရှိနေတဲ့သူမရဲ့ခင်ပွန်းက ထီလက်မှတ်ကို စစ်ဆေးနေခဲ့တာပါ။

သူမဟာ ကားထဲသို့ရောက်လာတော့ ခင်ပွန်းဖြစ်သူက ဒေါ်လာသန်း ၆၀ ထီဆုပေါက်ခဲ့တယ်လို့ သူမအား အလေးအနက်ပြောပြခဲ့ပါတယ်တဲ့။Pravatoudom နှင့် ခင်ပွန်းဖြစ်သူတို့ဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း

အထွေထွေအလုပ်သမားများအဖြစ် နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးတော့ ခက်ခဲဆင်းရဲ့တဲ့မိသားစုအတွက် တတ်နိုင်သမျှကို ကယ်တင်ရန်ကြိုးစားခဲ့တယ်လို့ Pravatoudom က ဆိုခဲ့ပါတယ်နော်။ဆက်လက်ဖြစ်ပွါးနေခဲ့တဲ့ ကူးစက်ရောဂါကြောင့်

ဒီငွေဟာ ကျွန်မတို့ဘဝတွေကို အများကြီးပိုလွယ်ကူသွားစေလိမ့်မယ်လို့ မျှော်လင့်ကြောင်း Pravatoudom က ထပ်မံပြောကြားခဲတာပါ။အသစ်တွေ့ရှိခဲ့ရတဲ့စည်းစိမ်ဥစ္စာနှင့်အတူ Pravatoudom နှင့်သူမရဲ့ခင်ပွန်းဖြစ်သူတို့ဟာ

အိမ်တစ်လုံးဝယ်ယူရန်၊ အကြွေးများအား ပေးချေရန်၊ ခရီးသွားရန်နှင့် သူတို့ရဲ့မိသားစုကိုထောက်ပံ့ရန် အစီအစဉ်ရှိတယ်လို့ OLG က တဆင့် ဖော်ပြထားပါတယ်နော်။Ontario Lottery and Gaming (OLG) ရဲ့

ပထမဦးဆုံး virtual Winner ပွဲအခမ်းအနားပြသမှုကိုတင်ပြတဲ့အခါ Pravatoudom ဟာ အိမ်တစ်လုံးဝယ်ရန်နှင့် ကူးစက်ရောဂါက ခွင့်ပြုမယ်ဆိုရင်တော့ သူမ ကမ္ဘာတဝှမ်းကိုပတ်သွားချင်ကြောင်း ၊သူမဟာ လာအို မှ ကနေဒါကိုရောက်တဲ့

အချိန်မှစပြီး ဘယ်ကိုမှ ခရီးမသွားဖူးဘူးကြောင်းကိုလည်း ပြောပြခဲ့ပါတယ်နော်။ ဥရောပ ၊ တက္ကဆက်၊ ဟာဝိုင်ယီကို သွားချင်ပြီး ကမ္ဘာပေါ်ရှိအသစ်သောအရာတွေကိုမြင်တွေ့ရဖို့

သူမ အရမ်းစိတ်လှုပ်ရှားနေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်နော်။Mia (Mckzone Daily)Source : nextshark

Add a Comment

Your email address will not be published. Required fields are marked *