ကိုဗစ် လူနာတွေ အတွက် အောက်ဆီဂျင် ထုတ်ပေးတဲ့ စက်ရုံတစ်ခု ဆောက်ပြီး လှူဒါန်းရန်အတွက် စီစဉ်နေပြီဖြစ်တဲ့ နန္ဒာလှိုင်

ကိုဗစ် လူနာတွေ အတွက် အောက်ဆီဂျင် ထုတ်ပေးတဲ့ စက်ရုံတစ်ခု ဆောက်ပြီး လှူဒါန်းရန်အတွက် စီစဉ်နေပြီဖြစ်တဲ့ နန္ဒာလှိုင်

မြန်မာနိုင်ငံမှာ ခုဆို ရင်တော့ ကိုဗစ်19 ရောဂါဟာ အရှိန်အဟုန်ပြင်းစွာ ကူးစက် ဖြစ်ပေါ် လျက်ရှိရာ သေဆုံးသူ တွေလည်း များပြားနေ တာပါနော်။ အဓိက ဖြစ်နေရတဲ့ ပြဿနာ ကတော့

အောက်ဆီ ဂျင်အိုး မလုံလောက် နေတာတွေဖြစ်နေတာပါ ။လူမှုကွန်ရက် စာမျက်နှာထက်မှာ ဆိုရင်လည်းဘဲ အောက်ဆီဂျင် လိုအပ်လို့ အကူအညီ တောင်းခံကြသူတွေ နေ့ရော ညရော မနည်းပါဘူးနော်။

ဒါ့ကြောင့်ဘဲ ခုဆိုရင် ပရဟိတ အသင်းတွေ အလှူရှင်တွေ စုပေါင်းပြီးတော့ ဒီပြဿနာ ကို ဖြေရှင်းနေကြတာ တွေ့ရပါတယ်နော်။ အောက်ဆီဂျင် ဖြည့်ဖို့တောင် လူများလွန်းလို့ တန်းစီ စောင့်ကြရပါတယ်နော် ။မြို့ကြီး ပြကြီးတွေမှာတောင်

ဒီလောက် အခြေအနေဆိုးနေတာ နယ်မြို့တွေမှာဆိုရင် ပိုတောင် ဆိုးရွားနေတာကိုလည်း တွေ့ရတာပါ။ဒါပေမယ့်လည်း ပြည်သူတွေ အားလုံးကတော့ အတူတူ တတ်နိုင်သလောက် ကူညီဖြေရှင်းနေကြပါတယ်နော်။

မကြာခင် အချိန်ပိုင်းလောက်ကဆိုရင်လည်း နန္ဒာလှိုင်က သူရဲ့ အကောင့်လေးကနေပြီး Medical Oxygen Plant အသေးတစ်ခု လှူပေးချင်ကြောင်း ခုလိုရေးသားဖော်ပြလာတာပါ ။ သူမက Medical Oxygen Plant

အသေးတစ်ခု လှူပေးချင်လို့ပါ။ အောက်ဆီဂျင်ထုတ်ပေးတဲ့စက်ရုံတစ်ခု ဆောက်ပေးမလို့ပါ။ဘယ်သူ့ဆီမှာ စက်က အဆင်သင့် ရောင်းဖို့ရှိပါသလဲ။ ပြည်ပက မှာရင် ကြာမှာစိုးလို့ပါ။

တပတ်အတွင်းလောက်လိုချင်ပါတယ်။ ဆိုတဲ့ စာလေးပဲ ဖြစ်ရာ ပရိသတ်ကြီးလည်း သိရှိနိုင်စေရန် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော် ။Credit

Add a Comment

Your email address will not be published. Required fields are marked *