သတ္တုရှာဖွေစက်ဖြင့် နှစ်ပေါင်း ၄၀၀၀ သက်တမ်းရှိတဲ့ ရွှေလည်ဆွဲတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တဲ့ အမျိုးသား

သတ္တုရှာဖွေစက်ဖြင့် နှစ်ပေါင်း ၄၀၀၀ သက်တမ်းရှိတဲ့ ရွှေလည်ဆွဲတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တဲ့ အမျိုးသား

United Kingdom ရှိ Whitehaven မြို့မှာနေထိုင်သော အသက် ၅၄ နှစ်အရွယ် Billy Vaughan အမည်ရှိ အမျိုးသား တစ်ဦးကတော့ သူ့ရဲ့ အားလပ်ချိန် တွေမှာ သတ္တု ရှာဖွေစက်ကို အမြဲအသုံးပြုပြီ

း မြေမြှုပ်ထားတဲ့ သတ္တုတွေကို ရှာဖွေရတာ ဝါသနာပါသူ တစ်ဦးပါ။Vaughan ဟာ သူ့ရဲ့ မွေးရပ်မြေအနီးရှိ စိတ်ဝင် စားစရာကောင်းတဲ့လှည့်ကွက် အချို့ကို ရှာဖွေရန်လည်း ကူညီ ပေးပါတယ်နော်။တစ်နေ့မှာ ဝေးလံ ခေါင်သီတဲ့ လယ်ကွင်းဆီသို့

လည်ပတ်ခဲ့တဲ့ Vaughan ဟာ အမှန် တကယ် ထူးခြားတဲ့ လက်ဝတ်တန်ဆာ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်နော်။Vaughan က အစတော့ သူတွေ့ခဲ့တဲ့ ၎င်းအရာကို ဈေးပေါတဲ့လက်ဝတ်ရတနာ (သို့) တောင်တက် ကိရိယာတွေရဲ့

အပိုင်းအစ တစ်ခုလို့ ထင်ခဲတာပါ။Vaughan ဟာ သူ့သူငယ်ချင်းတစ်ယောက်အား သူရဲ့ တွေ့ရှိချက်ကို ဓာတ်ပုံရိုက်ပို့ပြီးနောက်မှာ သူဟာ အံ့ဩစရာကောင်းတဲ့ သတင်းကောင်းတစ်ခုရရှိခဲ့ပြီးနောက် သူ့ရှာဖွေတွေ့ရှိမှုနှင့်ပတ်သက်ပြီး

အလွန်အမင်းစိတ်လှုပ်ရှားသွားခဲ့ရပါတယ်နော်။သူ့ရဲ့သူငယ်ချင်းက ၎င်းကို ရတနာဆိုင်သို့ယူသွားပြီးတော့ အတည်ပြုကြည့်ရန်ပြောခဲ့ပါတယ်တဲ့။Vaughan ရဲ့ရှာဖွေတွေ့ရှိတဲ့အရာက 22 carat gold 11oz ဖြစ်ကြောင်းကို

ရတနာဆိုင်ကအတည်ပြုခဲ့တဲ့အပြင် လက်ရှိမှာ ထိုပစ္စည်းရဲ့တန်ဖိုးက ဒေါ်လာ 14,000 လောက်အထိ ခန့်မှန်းထားပါတယ်နော်။Vaughan ကနောက်ဆုံးမှာ ထိုပစ္စည်းကို တရားဝင်ဘဏ္ဍာန်တန်ဖိုးသတ်မှတ်ရေးကော်မတီမှ

သတ်မှတ်ထားတဲ့ဈေးနှုန်းဖြင့် ပြတိုက်သို့ရောင်းချပေးရန် တရားဝင်တာဝန်ရှိပေမဲ့လည်း သူ့ရဲ့ရှာဖွေတွေ့ရှိမှုအတွက် ဂုဏ်ယူကြောင်းပြောကြားခဲ့တာပါ။ထိုလည်ဆွဲဟာ အမှန်တကယ် နှစ်ပေါင်း ၄၀၀၀ သက်တမ်းရှိတဲ့ရွှေတုံးကြီးဖြစ်ပြီးတော့

ကြေးခေတ်မှာ အသုံးပြုခဲ့တာပ့။၎င်းခေတ်တုန်းက လူတွေက ထိုလည်ဆွဲကို ချမ်းသာကြွယ်ဝမှုနှင့် ချစ်မြတ်နိုးမှုကိုပြသရန် သူတို့ရဲ့ချစ်သူကို လက်ဆောင်အဖြစ် ပေးလေ့ရှိကြပါတယ်တဲ့။Credit;Mia (Mckzone Daily)

Add a Comment

Your email address will not be published. Required fields are marked *