အိမ်သာတက်ရင်း ငယ်ပါကို မြွေကိုက် ခံလိုက်ရတဲ့ ၆၅ နှစ်အရွယ် သြစတြီးယား အမျိုးသား

အိမ်သာတက်ရင်း ငယ်ပါကို မြွေကိုက်ခံလိုက်ရတဲ့ ၆၅ နှစ်အရွယ် သြစတြီးယား အမျိုးသား

သြစတြီးယားနိုင်ငံ၊ Graz မှာ နေထိုင်သော အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးက တနင်္လာနေ့ မနက်ပိုင်းက နေအိမ်တိုက်ခန်းမှာ အိမ်သာတက်နေရင်း စပါးအုံးမြွေတစ်ကောင်ရဲ့ ကိုက်ခဲမှုကို ခံခဲ့ရတယ်လို့ သိရပါတယ်နော်။

သူ့ရဲ့ လိင်တံအနီးတဝိုက်ကို အကိုက်ခံခဲ့ရတာဖြစ်ပြီးတော့ အဆိုပါမြွေဟာ အိမ်နီးနားချင်းတစ်ဦးက မွေးထားတဲ့ မြွေဖြစ်တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်နော်။သူဟာ အိမ်သာအသုံးပြုလို့ပြီးစီးပြီးတော့ ရေဆွဲချတဲ့အချိန်မှ

ာ အကိုက်ခံခဲ့ရတာလို့လည်း သိရတာပါ။ သူဟာ ရေဆွဲချခဲ့ပြီးနောက် လိင်အင်္ဂါကို ထိုးဆိတ်ခံလိုက်ရသလို ခံစားရခဲ့တဲ့နောက် ထခုန်မိခဲ့ပြီးတော့ အိမ်သာခွက်ထဲ ကြည့်လိုက်ချိန်မှာတော့ မြွေဝင်နေတာကို မြင်တွေ့ခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က

စုံစမ်းမှုတွေအပြီးမှာ ပြောဆိုခဲ့တာပါ။သူဟာ ချက်ချင်းပဲ ရဲကိုအကြောင်းကြားခဲ့ပြီး ရဲတွေက မြွေဖမ်းကျွမ်းကျင်သူတစ်ဦးကိုပါ ခေါ်ယူလာခဲ့ကာ မြွေကို ဖယ်ရှားပေးခဲ့ရပါတယ်နော်။ ကံကောင်းထောက်မစွာနဲ့ အဆိုပါအမျိုးသားဟာ

အသေးစားဒဏ်ရာသာရရှိခဲ့ပြီးတော့ ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်နော်။ဆေးရုံဆရာဝန်တွေကတော့ ကံကောင်းတယ်လို့ ပြောဆိုခဲ့ပြီးတော့ စပါးအုံမြွေက အဆိပ်မရှိပေမယ့်လည်းလည်း အိမ်သာအတွင်းက ဘတ်တီးရီးယားတွေ

ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်နော်။မြွေဖမ်းသမား Werner Stangl ကလည်း စပါးအုံးမြွေလည်း ထိခိုက်ဒဏ်ရာမရှိခဲ့ဘူးလို့ ပြောဆိုခဲ့တာပါ။ လက်ရှိမှာ မြွေကို အသက် ၂၄ နှစ်အရွယ် အိမ်နီးနားချင်းဆီ ပြန်အပ်လိုက်ပြီဖြစ်ပြီး

အဆိုပါအမျိုးသားဟာ အဆိပ်မရှိတဲ့မြွေ ၁၁ ကောင်အထိ မွေးမြူထားကာ တောက်တဲ့တစ်ကောင်လည်းရှိသေးတယ်လို့ သိရပြီး အထူးပြုလုပ်ထားတဲ့ ဒီဇိုင်းအိတ်တွေ၊ အံဆွဲတွေနဲ့ ထားရှိထားတာလို့ ဆိုပါတယ်နော်။ရဲတွေဟာ မြွေကို ပြန်လာပေးတဲ့အချိန်ထိ

မြွေလွတ်သွားတာကို မသိခဲ့ဘူးလို့လည်း ဆိုပါတယ်နော်။ မြွေဖမ်းသမားကြီးကတော့ နှစ်ပေါင်း ၄၀ အတွင်း ဒီလိုအဖြစ်မျိုးကို သူတခါမှမကြားဖူးဘူးလို့ ဒေသခံမီဒီယာတွေကို

ပြောဆိုခဲ့တာပါ။မြွေပိုင်ရှင်ကိုတော့ ဘယ်လိုအရေးယူမှုတွေ ပြုလုပ်မလဲဆိုတာ သေသေချာချာမသိရသေးဘဲ အပြစ်ဒဏ်မခံရတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *