သူမရဲ့ လက်သည်းတွေကို သိန်း 630 ဖြင့်ရောင်းချနေတဲ့ ဂင်းနစ်စံချိန်ဝင်ထားတဲ့ အမျိုးသမီး

သူမရဲ့ လက်သည်းတွေကို သိန်း 630 ဖြင့်ရောင်းချနေတဲ့ ဂင်းနစ်စံချိန်ဝင်ထားတဲ့ အမျိုးသမီး

းUSA နိုင်ငံ Houston မြို့က အသက် ၅၄ နှစ်အရွယ် Ayanna Williams အမည်ရှိတဲ့ အမျိုးသမီးဟာ သူမရဲ့ကမ္ဘာ့ အရှည်ဆုံး လက်သည်းများကို ပေါင်၃၅၀၀၀( သိန်း ၆၃၀ ကျော်) ဖြင့်ရောင်းချနေတာပါ။

သူမရဲ့လက်သည်း အရှည်က ၃၈ လက်မရှိပြီး ၂၈ နှစ်အကြာ မွေးထားခဲ့ရပါတယ်တဲ့။အဆိုပါ လက်သည်းများကို ၂၀၁၇ ခုနှစ်မှာ ဂင်းနစ်ကမ္ဘာ့စံချိန်မှာ ကမ္ဘာ့အရှည်ဆုံးအဖြစ် သတ်မှတ်ခံခဲ့ရတာပါနော်။

ဒါကြောင့် သူမ လက်သည်းများ အတွက် အလွန်ဈေးကြီးတဲ့ဈေးနှုန်းတစ်ခုလို့ ထင်မှတ်နေခဲ့တာပါ။Ayanna ဟာ သူမကိုယ်တိုင် အဝတ်ဝတ်ဖို့ နဲ့ ဟင်းလျာတွေ ကိုလည်း မချက်ပြုတ်နိုင်ခဲ့ပါဘူးနော်။

Ayanna မှာ ဆီးချို ရောဂါရှိနေပြီး ကိုယ့်ကိုကိုယ် ဆေးထိုးဖို့တောင်ခက်ခဲခဲ့ပါတယ်တဲ့။“လွန်ခဲ့တဲ့ ၁နှစ်လောက်က ရောင်းဖို့ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ ကျွန်မလက်သည်းတွေကို မှန်ကန်တဲ့

ဈေးနဲ့ပဲ ရောင်းမှာပါ ၊ရောင်းသူမ ရမချင်းသူတို့ကို ကျွန်မဖြတ်ပစ်မှာမဟုတ်ဘူး ” လို့ Ayanna က ဆိုပါတယ်နော်။သူမဟာ ၁၉၉၂ ခုနှစ်မှစတင်ပြီး သူမလက်သည်းကိုကြီးထွားစေခဲ့သလို နှစ်များတစ်လျှောက် သူမရဲ့လက်သည်းတွေကို

ဖြတ်တောက်ခြင်းမပြုခဲ့ပါဘူးတဲ့။သူမကို နည်းမျိုးစုံနဲ့ကန့်ကွက်ခဲ့ကြပေမဲ့ သူမကတော့ ဒီဟာကိုပေးဆပ်ရကျိုးနပ်တဲ့ဈေးနှုန်းလို့အမြဲတွေးထင်နေခဲ့တာပါ။အစပိုင်းမှာ သူမရဲ့ခင်ပွန်းက မထောက်ပံ့ခဲ့ပေမဲ့ အချိန်ကုန်တာနဲ့အမျှ သူမရဲ့လက်သည်းတွေကို

ချစ်မြတ်နိုးလာခဲ့ပါတယ်တဲ့။သူမဟာ ဖုန်းမှာစာရိုက်ဖို့ ခဲတံကို အသုံးပြုခဲ့ပြီးယ်ကိစ္စကိုမဆို အေးဆေးလုပ်ဖို့အတွက် ကျွန်မလက်သည်းတွေ မရှိတော့မဲ့အချိန်ကိုမစောင့်နိုင်တော့ပါဘူး ၊ ဒါမှ ကျွန်မ မြေးလေးတွေနဲ့ အချိန်ပိုပြီး လွတ်လွတ်လပ်လပ်ကစားနိုင်မှ

ာ ၊ပြီးတော့ အတွေးမရှိဘဲ ကားထဲမှာ ခုန်နိုင်မှာ ၊အခုကျွန်မ လုပ်တဲ့အရာအားလုံးကို ဖြည်းဖြည်းချင်းဘဲ လုပ်ရတယ် ၊ မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့လည်း မျှော်လင့်နေမိတယ် လို့Ayanna က သူမ လက်သည်းတွေကို အမြန်ရောင်းထွက်ချင်ကြောင်း ဆိုခဲ့ပါသေးတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *