သားရဲ့ဇနီးလောင်းမှာ ငယ်ငယ်ကပျောက်သွားတဲ့သမီးဖြစ်နေကြောင်း သိလိုက်ရတဲ့ မိခင်

သားရဲ့ဇနီးလောင်းမှာ ငယ်ငယ်ကပျောက်သွားတဲ့သမီးဖြစ်နေကြောင်း သိလိုက်ရတဲ့မိခင်

ငယ်ငယ်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားခဲ့ရတဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပြန်လည်ဆုံတွေ့ရချိန်မှာ သင့်အနေနဲ့ အလွန့်အလွန် ပျော်ရွှင်မိမှာ အသေအချာပါပဲ။သိုသော် အရာရာတိုင်းမှာ ခြွင်းချက်တွေတော့ ရှိတတ်တာပါ။

ကွဲကွာနေတဲ့ ဆွေရင်းမျိုးရင်းတွေ ပြန်ဆုံတဲ့ကိစ္စရပ်တိုင်းမှာ အမြဲတမ်း စိတ်ချမ်းမြေ့ကြည်နူးစရာတွေအတိတော့ မဟုတ်ပါဘူးနော်။ အခုဖြစ်စဉ်မှာဆိုရင် မိခင်တစ်ဦးအတွက် အလွန်စိတ်ထိခိုက်စရာ ဖြစ်ခဲ့ပါတယ်နော်။အကြောင်းကတော့ သားဖြစ်သူရဲ့

ဇနီးလောင်းဟာ ငယ်ငယ်က ပျောက်ဆုံးသွားတဲ့ သမီးအရင်းဖြစ်နေတာကို သိလိုက်ရလို့ပါတဲ့။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းက မြို့ငယ်တစ်ခုမှာ ဖြစ်ပွားခဲ့တာပ့။ အခင်းဖြစ်တဲ့နေ့ကလည်း တိုက်တိုက်ဆိုင်ဆိုင် မင်္ဂလာပွဲနေ့ကြီးမှာ ဖြစ်ပါတယ်။

သတို့သားရဲ့မိခင်မှာ ယူကြုံးမရစွာ ဝမ်းနည်းစွာနဲ့ ငိုရှိုက်နေရပါတော့တယ်။ သတို့သား သတို့သမီးအနေနဲ့ သာမန်အားဖြင့် ဒီကိစ္စ ပေါ်ပေါ်ထင်ထင် မဖြစ်ဖူးဆိုရင် မင်္ဂလာပွဲဟာ သာမန်အတိုင်း ပြီးဆုံးသွားမှာပါနော်။ဒါပေမယ့်လည်း မိခင်ဖြစ်သူဟာ

သတို့သမီးရဲ့ မွေးရာပါအမှတ်ကို မြင်သွားခဲ့ရာက သို့လောသို့လော သံသယတွေ စခဲ့ပါတယ်။ မင်္ဂလာအခမ်းအနားက ကျီယန်စုစီရင်စုအတွင်း၊ ဆူရှူလို့အမည်ရတဲ့ မြို့လေးမှာ ဖြစ်ခဲ့တာပါတဲ့။သတို့သမီးရဲ့လက်မှာ မွေးရာပါအမှတ်အသားတစ်ခု ရှိနေတာကို

မိခင်က သတိထားမိခဲ့တာဖြစ်ပါတယ်နော်။ ဒီအမှတ်ဟာ လွန်ခဲ့သောနှစ်များစွာကတည်းက ပျောက်ဆုံးသွားတဲ့ သမီးရဲ့ မွေးရာပါအမှတ်နဲ့ တူနေခဲ့ပါတယ်။ ဒီလိုနဲ့ သတို့သမီးရဲ့ မိဘဆိုသူတွေကို မေးမြန်းစူးစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်နော်။

ဒီကောင်မလေးက မွေးစားသမီးလားဆိုပြီး။ ပထမတော့ သတို့သမီးရဲ့မိဘတွေက ဒီမေးခွန်းကို မဖြေချင်ပါဘူးတဲ့။ နောက်ဆုံးတော့ ဟုတ်မှန်ကြောင်း ဖြေခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်(၂၀)လောက်က ဒီကောင်မလေးကို လမ်းဘေးတစ်နေရာမှာ

ငိုယိုနေတာကိုတွေ့ခဲ့လို့၊ အိမ်ခေါ်လာပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်နဲ့ မွေးစားခဲ့တာလို့ ဖြေပါတယ်နော်။အချိန်ကလည်း သမီးလေးပျောက်သွားတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်တဲ့။ မိခင်ဖြစ်သူဟာ သမီးကို သတင်းကြားတဲ့ဆီ

နေရာအနှံ့ လိုက်ရှာခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူးတဲ့။ သူတို့မှာလည်း သမီးလေးတစ်ယောက်သာ ရှိခဲ့လို့ အလွန်နှမြောခဲ့ပါတယ်နော်။ နောက်တော့ သားသမီးမရှိတဲ့အတွက် (အခုသတို့သားဖြစ်သူကို) မွေးစားသားအဖြစ် မွေးစားခဲ့ပါတယ်။

အဖြစ်အပျက်အစုံအလင်ကို နှစ်ဘက် သိရှိပြီးနောက်မှာတော့ သတို့သမီးမှာလည်း မိခင်အရင်းဖြစ်သူကို ဖက်ပြီး ငိုရှိုက်ခဲ့ပါတော့တယ်နော်။ ကံကောင်းတာက သတို့သားနဲ့ သူမဟာ ဆွေမျိုးတော်စပ်ခြင်းမရှိလို့ ဒါကတော့ ဖြေသိမ့်စရာ ကိစ္စဖြစ်ခဲ့ပါတယ်နော်။

သတို့သားအနေနဲ့လည်း သူ့ကို လက်ရှိမိဘက မွေးစားထားတာကို အခုမှ သိလိုက်ရတာပါတဲ့။ သမီးဖြစ်သူ အိမ်ကနေ ဘယ်လို ပျောက်သွားသလဲဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။ ဘာပဲဖြစ်ဖြစ် မင်္ဂလာပွဲကတော့ အထမြောက်သွားပါတယ်နော်။လင်းသုတRef ; EliteReaders

Tags:

Add a Comment

Your email address will not be published. Required fields are marked *