ဖုန်းရေစိုတဲ့အခါ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေ

ဖုန်းရေစိုတဲ့အခါ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေ

ဖုန်းရေစို တယ်ဆိုတာ ဖုန်းနဲ့ မကင်းသူတိုင်း ကြုံတွေ့ရတာပါနော်။မတော်တဆ ရေထဲကို ပြုတ်ကျတဲ့ အလေ့အထကို အားလုံးနီးပါး ကြုံခဲ့ရဖူးမှာပါနော်။ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းရေစိုတဲ့ အခါမှာ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ရေစိုဖုန်းကို ဆန်ထဲမှာထည့်ထားတာဟာ မှန်သလား

ဆန်ဟာ သာမန် အားဖြင့်တော့ ရေငွေ့ကို ဖယ်ထုတ် နိုင်တယ်ဆိုတာ မှန်သော်လည်းဘဲ ထင်ထားသလောက် မမြန်ဆန်ပါဘူး။ဆန်ထဲကိုဖုန်းကို ထားရှိခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဖုန်းရဲ့အပေါက်မျိုးစုံကနေ ဆန်ရဲ့အမှုန်တွေ၊

ဆန်ကျိုးတွေ ဝင်လာနိုင်ပါတယ်နော်။ ဒါဖြင့် ဘာလုပ်ရမလဲ ။နောက်အခြောက်ခံစက်ကို အရမ်းမပူတဲ့အနေအထားနဲ့ ဖုန်းထဲကရေကို ခြောက်နိုင်သမျှ

မြန်မြန်ခြောက်အောင် လုပ်ပေးရပါမယ်နော်။ဝပ်(၆၀)မီးသီးလိုရှိရင်လည်း အဆင်ပြေပါတယ်နော်။ဒီနည်းက ဖုန်းထဲကို အမှုန်တွေလည်း မဝင်ပါဘူး။

(၃) နောက် လုပ်သင့်တာကတော့ ဖုန်းရေစိုပြီဆိုတာနဲ့ အရင်ဆုံး ပါဝါပိတ်၊

ယင်းနောက် စက္ကူတစ်ရှုးနဲ့ ရေတွေကို အမြန်ခြောက်အောင်သုတ်တာ ထိရောက်ပါတယ်နော်။ဘက်ထရီထုတ်လို့ရတဲ့ဖုန်းဆို ပါဝါမပိတ်ခင် ဘက်ထရီကို အမြန်ဖယ်ထုတ်လိုက်တာ ပိုမှန်ပါတယ်နော်။တစ်ရှုးနဲ့စိမ်ပြေနပြေ ရသလောက်သုတ်ခြင်းအားဖြင့် ဖုန်းအခြောက်ခံတဲ့အခါ မြန်ဆန်စေပါတယ်နော်။

(၄) နောက်တစ်ခု လုပ်သင့်တာကတော့ ဖုန်းထဲကနေ ထုတ်လို့ရတဲ့ အရာမှန်သမျှ ထုတ်ရမှာပါ။

မန်မိုရီကတ်တွေ၊ ဆင်းမ်ကတ်တွေ၊ စသဖြင့် ထုတ်ပြီးနောက်၊ ယင်းတို့ကိုလည်း သီးခြားအခြောက်ခံတာပဲဖြစ်ဖြစ်ရေစင်အောင် ဂရုတစိုက်သုတ်တာပဲဖြစ်ဖြစ် အရေးတကြီးလုပ်ဆောင်သင့်ပါတယ်နော်။သတိထားရမှာက တစ်ရှုးအပိုင်းအစတွေ ဖုန်းရဲ့အပေါက်တွေထဲကနေ မဝင်ပါစေနဲ့။

(၅) ဖုန်းခြောက်သွားပြီလို့ အထင်ရှိတဲ့အခါ သင့်အနေနဲ့ ခြောက်သွေ့တဲ့သဘက်တစ်ခုပေါ်မှာထားပြီး နေရောင်ခပ်ပြပြလေး လှန်းထားသင့်ပါတယ်။အဲဒီနောက် Air dry နဲ့ ဆယ်မိနစ်တစ်ခါလောက် အပေါ်အောက်လှန်ပြီး

မှုတ်ပေးရပါမယ်နော်။ဖုန်းကို ရေအစိုဓာတ်ကုန်ပြီအထင်နဲ့ ချက်ချင်းပါဝင်မဖွင့်ပါနဲ့နော်။အနည်းဆုံး (၂၄)နာရီကနေ (၃၆)နာရီ ဒီအတိုင်းAir dry လေးနဲ့ ပုံမှန်နီးပါးလောက် မှုတ်ပေးနေသင့်ပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *