အမျိုးသမီးတဦး ပိုက်ဆံထုတ်နေစဉ် ဓားပြတိုက်ဖို့ ကြံခဲ့ပေမဲ့လည်း ပိုက်ဆံတွေကို ပြန်ပေးခဲ့တဲ့ ဓားပြရဲ့ အဖြစ်

အမျိုးသမီးတဦး ပိုက်ဆံထုတ်နေစဉ် ဓားပြတိုက်ဖို့ ကြံခဲ့ပေမဲ့လည်း ပိုက်ဆံတွေကို ပြန်ပေးခဲ့တဲ့ ဓားပြရဲ့အဖြစ်

တရုတ်နိုင်ငံ Guangdong ပြည်နယ်ရှိ ATM စက်တစ်ခုမှာ Li အမည်ရှိ အမျိုးသမီးဟာ ပိုက်ဆံ ထုတ်နေစဉ် Deng အမည်ရှိ လူလိမ်လူညစ်က သူမဆီ ဓားဖြင့် ချဉ်းကပ် လာခဲ့တာပါ။Li ဟာ သူမရဲ့ အသက် အန္တရာယ်ကို စိုးရိမ် နေခဲ့တာကြောင့်ဘဲ

ထိုလူအား ချက်ချင်းဘဲ သူမရဲ့ ငွေတွေပေးခဲ့တာပါ။Deng ဟာ သားကောင်က သူ့ရဲ့တောင်းဆိုချက်ကို လိုက်နာပြီးတော့ သူမထုတ်ထားတဲ့ ယွမ် ၂,၅၀၀ (အမေရိကန်ဒေါ်လာ၃၇၅.၀၀ ခန့်) ကိုပေးခဲ့ပေမဲ့လည်း သူမနား ငွေ ဘယ်လောက်ရလိုက်တာကို

သိလို တာကြောင့် သူမရဲ့ ATM ငွေလက်ခံဖြတ်ပိုင်းကို ကြည့်ရန် သူမအား တောင်းခဲ့ပါတယ်တဲ့။အံ့ဩစရာ ကောင်းတာက Liရဲ့ဘဏ်စာရင်းမှာ ဘာမှ မကျန်ရှိတော့တာကို Deng တွေ့လိုက် ရပြီးနောက်ရုတ်တရက် Deng ရဲ့လောဘစိတ်က

သနားကြင်နာတဲ့ စိတ်သို့ ပြောင်းလဲ သွားခဲ့ပါတယ်နော်။Deng ဟာ Liရဲ့ပိုက်ဆံယူပြီးတော့ စိတ်ဒဏ်ရာနဲ့ထားခဲ့ရမဲ့အစား သူမရဲပိုက်ဆံကို ပြန်ပေးရန်ဆုံးဖြတ်ခဲ့ပါတယ်တဲ့။Deng ဟာ ရယ်လိုက်၊ ပြုံးလိုက် လုပ်ပြီး သူ့သားကောင်အား

ပိုက်ဆံပြန်ပေးလိုက်ပါတယ်နော်။Social media ပေါ်ရှိ အချို့သောအင်တာနက်အသုံးပြုသူများက ဖမ်းယူရိုက်မိထားတဲ့ အဆိုပါCCTV ဗီဒီယိုဖိုင်တစ်ခုမှ ထိုသူခိုးကို အမျိုးသမီးအပေါ် ညှာတာထောက်ထားတတ်သူလို

့ ခေါ်ဆိုခဲ့ကြပါတယ်နော်။ဒါပေမဲ့လည်း သူ့ရဲ့ထင်ပေါ်ကျော်ကြားသွားတဲ့ဟန်အမူအရာကြောင့် နောက်ဆုံးမှာ ဒေသခံအာဏာပိုင်များက ဖမ်းဆီးမိသွားခဲ့ပြီးတော့ Deng ကို

ရာဇ၀တ်မှုမှ မကယ်တင်နိုင်ခဲ့ပါဘူး။သို့ပေမဲ့ အင်တာနက်ကွန်ယက်အမြောက်အများက ကရုဏာစိတ်ရှိတဲ့ Dengရဲ့စိတ်ထားကို ချီးမွမ်းခဲ့ပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *