ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်နေတုန်း customers နှစ်ဦးကို အလျင်အမြန် ကာကွယ်ပေးခဲ့တဲ့ စတိုးဆိုင် ဝန်ထမ်းရဲ့လုပ်ရပ်

ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်နေတုန်း customerနှစ်ဦးကို အလျင်အမြန် ကာကွယ်ပေးခဲ့တဲ့ စတိုးဆိုင်ဝန်ထမ်းရဲ့လုပ်ရပ်

တောင်ကိုရီးယားနိုင်ငံရှိ နိုဝင်ဘာ ၁၅ ရက်နေမှာ ဖြစ်ပွါးခဲ့တဲ့ ၅.၄ ပြင်းအားရှိတဲ့ ငလျင် လှုပ်ခတ်မှုမှာ Pohang မြို့ရှိ စတိုးဆိုင်တစ်ခုရဲ့ဝန်ထမ်း တစ်ဦးဟာ ကြောက်လန့် တုန်လှုပ်နေသော ည့်သည်နှစ်ဦးအား ကိုယ်ကျိုးစွန့် ကာကွယ် ပေးခဲတာပါ။

ညနေ ၂:၃၀ ဝန်းကျင် ငလျင် လှုပ်စဉ် ကာလအတွင်း တောင်ဘက်ဆိပ်ကမ်းမြို့ Pohang ရှိ စတိုးဆိုင်ရဲ့ CCTV ဗီဒီယိုဖိုင်ကို Channel A News မှ ထုတ်လွှင့်ပြသ ပေးခဲ့တာပါနော်။ငလျင် ပြင်းထန်စွာ တုန်လှုပ်နေစဉ် အတွင်း စားသုံးသူတွေနှင့် ဝန်ထမ်းတွေက စားပွဲခုံနှင့် စာရေးခုံတွေ အောက်မှာ

ပုန်းအောငးနေခဲ့ကြချိန်မှာတော့ ကောင်တာရှိ အမျိုးသမီးဖောက်သည်နှစ်ဦးကို ကူညီခဲ့တဲ့ ရဲရင့်တဲ့ စတိုးဆိုင် ဝန်ထမ်းတစ်ဦးဟာ အင်တာနက် အသုံးပြုသူတိုင်းရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တာပါနော်။အဆောက်အဦးတွေ ပျက်စီးလာနိုင်ခြေရှိပြီးတော့

သူတို့ရဲ့ဦးခေါင်းပေါ်ကို ကျလာတာကြောင့် သူတို့ကို အန္တရာယ်ကနေ ကာကွယ် ပေးဖို့အတွက် အဆိုပါဝန်ထမ်းဟာ သူ့ရှေ့မှာရှိတဲ့ကုန်စုံခြင်း တောင်းကိုချက်ချင်းဆုပ်ကိုင်ပြီးတော့ အမျိုးသမီးနှစ်တို့ရဲ့ခေါင်းနှစ်လုံးကို အမြန်အဆန် ဖုံးအုပ်ပေးခဲ့ ပါတယ်နော်။

လူတော်တော်များများဟာ သူရဲကောင်းလုပ်ရပ်တွေအတွက် အဆိုပါဝန်ထမ်းကို ကောင်းမွန်တဲ့စကားတွေ ချီးကျူးပြောဆိုခဲ့ကြတာပ့။အချို့လူအများစုက သူတို့ရဲ့ကိုယ်ပိုင်လုံခြုံမှုကိုပထမဥဦးစားပေး ကာကွယ်တတ်ကြပေမဲ့လည်း

ဒီဝန်ထမ်းကတော့ ကိုယ်ကျိုးမငဲ့ဘဲ ဧည့်သည်တွေကို အကောင်းဆုံးကာကွယ်ပေးခဲ့တာပါနော်။ငလျင်ကြီးလှုပ်ခတ်တုန်ခါမှုက တိုင်းပြည်ရဲ့မြို့တော်ဆိုးလ်ကို အနည်းငယ်ထိမှန်ခဲ့ကြောင်း South China Morning Post မှဖော်ပြခဲ့ပါတယ်။

ဒီငလျင်ဟာ သူ့တို့နိုင်ငံရဲ့ဒုတိယအင်အားအကြီးဆုံး ငလျင်ဖြစ်ကြောင်း ဆိုထားပါတယ်။၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ ပြင်းအား ၅.၈ ပြင်းအားတုန်ခါမှုကြောင့် အရှေ့တောင်ဘက်မြို့တော်

Gyeongju ကိုပါ ထိခိုက်စေခဲ့ပါသေးတယ်တဲ့။ကံကောင်းထောက်မစွာနဲ့ ငလျင်လှုပ်ခတ်မှုက ပြင်းထန်ခဲ့ပေမဲ့လည်း ထိခိုက်သေဆုံးမှုမရှိခဲ့ရပါဘူးနော်။Credit

Add a Comment

Your email address will not be published. Required fields are marked *