ပိုက်ဆံအိတ် ပျောက်ကျသွားတဲ့ ကျောင်းသားကို မမေ့နိုင်လောက်တဲ့ လုပ်ရပ်နဲ့ ကူညီပေးခဲ့တဲ့ ကားဆရာ

ပိုက်ဆံအိတ် ပျောက်ကျသွားတဲ့ ကျောင်းသားကို မမေ့နိုင်လောက်တဲ့လုပ်ရပ်နဲ့ ကူညီပေးခဲ့တဲ့ ကားဆရာ

ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုက ပညာသင်နေတဲ့ John Erick Ami အမည်ရှိတဲ့ ကျောင်းသားဟာ မထင်ထားလောက်အောင် စိတ် စေတနာ ကောင်းလွန်းတဲ့ ကားဆရာတစ်ဦးရဲ့အကြောင်းကို သူ့ရဲ့ social media ပေါ်မှာ

ဝေမျှသွားခဲ့တာပါ။ တစ်ရက် မှာတော့ John ဟာ မြို့ပတ်ကားလေးစီးနေရင်း ကျောင်းသွား ခဲ့တာပါနော်။ ထိုအချိန်မှာပဲ သူ့ရဲ့အိတ်ကို စစ်ကြည့်ခဲ့ ချိန်မှာတော့ ပိုက်ဆံအိတ် ကျပျောက်သွားခဲ့ မှန်းသိခဲ့ပြီးတော့ ကိုယ်ပေါ်မှာ ပိုက်ဆံ $0.06 သာရှိနေမှန်း

သတိထား မိခဲ့ပါတယ်နော်။ ထို့ကြောင့် အရမ်းတုန် လှုပ်သွားပြီး ကြောက်ကြောက်နဲ့ ကားဆရာကို ကားခ $0.06 သာ ပေးလို့ရလား ဆိုပြီး မေးမြန်းခဲ့တာပါ။အစပိုင်းမှာတော့ ကားဆရာက အသံကျယ်တဲ့ ဦးလေးကြီးမို့ ကြောက်လန့်ခဲ့ပါတယ်တဲ့။

နောက်တော့ John ဆီကနေ $0.06 ကို ယူပြီး John အတွက် အိမ်ပြန်ကားခဆိုပြီး ကားဆရာက $0.60 ကို John ဆီပြန်ပေးခဲ့ပါတယ်နော်။ နောက်ပြီးတော့ John ကားပေါ်က ဆင်းသွားခဲ့ချိန် ဂရုစိုက်အုံး ၊ သားလေး ဆိုတဲ့

စကားသံကြောင့် John ဟာ အတော်လေး မျက်ရည်ဝဲသွားခဲ့ရပါတယ်နော်။နောက်တစ်ရက်မှာတော့ John ဟာ အဆိုပါကားဆရာရဲ့ ကားကိုသာပြန်လိုက်စီးပြီး အကြွေးပြန်ပေးခဲ့ပါတယ်တဲ့။ ကားဆရာက ပိုက်ဆံကို လက်မခံတဲ့အပြင် ‘

သူများကို ကူညီတာဟာ ပြန်ရဖို့ မတွေးထားပါဘူး ‘ ဆိုပြီး ဖြေကြားခဲ့ပါတယ်နော်။ John ကလည်း ဘယ်လိုမှ စိတ်မထားတတ်တဲ့အဆုံး ကျေးဇူးတင်တဲ့အနေနဲ့ ကားဆရာအတွက် မုန့်ဝယ်ပြီး သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်နော်။ Credit-Jasmine (Mckzone Daily)

Tags:

Add a Comment

Your email address will not be published. Required fields are marked *