ဆူနာမီမြေငလျင်ကြောင့် ပျောက်ဆုံးသွားခဲ့တဲ့ ဇနီးကို ယခုအချိန်ထိ ရှာဖွေနေသေးတဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသား

ဆူနာမီမြေငလျင်ကြောင့် ပျောက်ဆုံးသွားခဲ့တဲ့ ဇနီးကို ယခုအချိန်ထိ ရှာဖွေနေသေးတဲ့ အသက် ၆၄ နှစ်အရွယ်အမျိုးသား

ဂျပန်နိုင်ငံရှိ လွန်ခဲ့တဲ့ ၁၀ နှစ်က မတ်လ ၁၁ ရက်နေ့မှာ ပြင်းအား ၉.၀ ရှိတဲ့အင်အားပြင်းထန်တဲ့ မြေငလျင်ကြောင့် လူအင်အား ၁၅,၈၄၈သေဆုံးခဲ့ပြီး အင်အားကြီးတဲ့ဆူနာမီ ငလျင်တစ်ခုအဖြစ် ကျန်ရစ်ခဲ့တာပါ။

Onagawa မြို့ဟာ ဆူနာမီလှိုင်းဒဏ်ကို အပြင်းအထန်ခံခဲ့ရတဲ့ဧရိယာတစ်ခုဖြစ်တယ်လို့ ကယ်ဆယ်ရေးညှိနှိုင်းရေးမှူးတစ်ဦးက BBC ကိုပြောကြားခဲ့ပါတယ်နော်။အသက် ၆၄ နှစ်အရွယ် YasuoTakamatsu အမည်ရှိအမျိုးသားက

Miyagi စီရင်စုမှာတည်ရှိတဲ့ Onagawa မြို့မှာ ၂၀၁၁ ခုနှစ်က ဆူနာမီကြောင့် ပျောက်ဆုံးသွားတဲ့Yuko အမည်ရှိဇနီးဖြစ်သူကို အပတ်စဉ် ရေငုပ်ပြီးအသည်းအသန်ရှာဖွေနေခဲ့ပါတယ်နော်။Associated Press သတင်းအရ

Takamatsu ဟာ ဇနီးဖြစ်သူရဲ့ရုပ်ကြွင်းကို ၂၀၁၁၊၂၀၁၂ ခုနှစ်မှာ စတင်ရှာဖွေခဲ့ပြီးနောက် ၂၀၁၃ မှာဇနီး Yuko အား ရေအောက်မှာ ဆက်လက်ရှာဖွေနိုင်ရန် ရေငုပ်ခွင့်လိုင်စင်ရရှိခဲ့ပါတယ်တဲ့။Takamatsu က သူဟာ

တစ်နေရာရာမှာရှိနေတဲ့ဇနီးဆီကို သွားတွေ့ရန် ရေငုပ်ရှာနေဆဲဖြစ်ကြောင်း နှင့် သူ့ခန္ဓာကိုယ်ရွေ့လျားနေသမျှကာလပတ်လုံး သူမကို ဆက်လက်ရှာဖွေနေမယ်လို့ ဆိုခဲ့ပါတယ်နော်။Takamatsu က သူ့ရဲ့ဇနီးထံသို

့ နောက်ဆုံးစကားအဖြစ် မင်းအဆင်ပြေရဲ့လား ၊ ငါ မင်းဆီအရောက်လာခဲ့မယ် လို့AP သို့ ပြောကြားခဲ့တာပါ။Takamatsu ဟာ ဇနီး Yuko ရဲ့လက်ကိုင်ဖုန်းကိုနောက်ဆုံးမှာ ပြန်အဖတ်ဆယ်နိုင်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်နော်။လပေါင်းများစွာကြာပြီးနောက်မှာ ထိုဖုန်းက

ပြန်ကောင်းလာပြီး Takamatsuဟာ ဇနီးကပေးပို့ပြီး သူ့ထံမရောက်လိုက်တဲ့ ဆူနာမီက ဆိုးဝါးတယ် ဆိုတဲ့ မက်ဆေ့ခ်ျကို မြင်တွေ့ခဲ့ရပါတယ်တဲ့။Takamatsu က ဇနီးဖြစ်သူ အသက်ရှင်နေစဉ်ကာလအတွင်း ဘာမှမလုပ်ပေးခဲ့မိတာကို

နောင်တရကြောင်း BBC ကို ပြောကြားခဲ့ပါတယ်နော်။Takamatsu ရဲ့လက်ရှိရည်ရွယ်ချက်မှာ သူ့ရဲ့ဇနီးကိုရှာဖွေရုံသာမက ဆူနာမီမှာပျောက်ဆုံးသွားခဲ့တဲ့ အခြားသူများရဲ့အကြွင်းအကျန်များကိုပါ ပုံမှန်ရှာဖွေရန်ဘဲ ဖြစ်ပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *