Unicode…သူတို့ ရင်ထဲမှာ တကယ်ချစ်တဲ့ မိန်းကလေးကိုသာ ယောကျာ်းလေးတွေ ပြုလုပ်ပေးတတ်တဲ့ အရာများ
ယောကျာ်းလေးတွေ အများစုကတော့ သူတို့ရင်ထဲမှာ တကယ်ကိုချစ်ရတဲ့ မိန်းကလေးတွေနဲ့ ဆုံမိတဲ့အခါမှာ သူတို့ဟာ တစ်ခြားတစ်ယောက်ပုံစံ လိုမျိုးကို
ပြောင်းလဲသွားတတ်ကြပါတယ်နော်။ သူတို့ဆီမှာ မရှိခဲ့ဖူးတဲ့ အပြုအမူလေးတွေနဲ့ အမူအကျင့်လေးတွေကိုပါ တွေ့လာရပြီး ဒါတွေကတော့ သူတို့တကယ့်ကို
တန်ဖိုးထားချစ်ခင်တယ်ဆိုတာကို ဖော်ပြနေပါတယ်နော်။ ယောကျာ်းလေးတွေက သူတို့တကယ်ချစ်မိတဲ့ မိန်းကလေးတွေနဲ့ တွေ့တဲ့အခါမှာ ခုလို အပြုမူလေးတေကို လုပ်တတ်ကြပါတယ်နော်။
သူ့ဘဝအားလုံးစုံကို ပြောပြတတ်တယ်
‌ယောကျာ်းလေးတွေဟာ ပုံမှန်အားဖြင့် သူတို့ရဲ့ ဘဝအကြောင်းကို မပြောပြတတ်ကြပါဘူးနော်။ သို့သော် သူတို့တကယ် ချစ်မြတ်နိုးမိတဲ့ မိန်းကလေးနဲ့ တွေ့တဲ့ အခါမှာ လျို့ဝှက်ချက်ဆိုတာ မရှိအောင်ကို သူဘဝနဲ့ပတ်သက်တဲ့
အရာအားလုံ အကောင်းအဆိုးကို ပြောပြတတ်ကြပါတယ်နော်။ ဒါကတော့ သူမအပေါ် တကယ့်ကို ယုံကြည်စိတ်ချပြီး ချစ်မြတ်နိုးတယ်ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်နော်။
ချစ်သူကို မကြာခဏ စိုက်ကြည့်တတ်တယ်
ချစ်ရသူတိုင်းက ကိုယ့်ချစ်တဲ့သူကို အမြဲ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေချင်တတ်ကြတာ သဘာဝပါနော်။ ယောကျာ်းလေးတစ်ယောက် အရမ်းချစ်တတ်သွားတဲ့အခါမှာတော့ သူတို့ရဲ့အကြည့်တွေထဲမှာတောင်
သူတို့ရဲ့ အချစ်တွေကို တွေ့နိုင်ပါတယ်နော်။ ယောကျာ်းလေးတွေက သူတို့အရမ်းကို မြတ်နိုးရတဲ့ သူထံကနေ အကြည့်မခွါချင်လောက်အောင် ဖြစ်တတ်ကြပြီး မကြာခဏဆိုသလို စိုက်ကြည့်တတ်ကြပါတယ်နော်။
အစားအသောက်တွေ ချက်ပြုတ်ကျွေးမွေးတတ်တယ်
‌ယောကျာ်းလေးတွေဟာ အချက်အပြုတ်ကိစ္စနဲ့ မသက်ဆိုင်ဘူးလို့တော့ ပြောလို့တော့မရပေမယ့် ယောကျာ်းလေးတော်တော်များများဟာ အချက်အပြုတ်တွေကို စိတ်မဝင်စားတတ်ကြပါဘူးနော်။ သို့သော်လည်း
အချက်အပြုတ်စိတ်ဝင်စားသည့်တိုင်အောင် တစ်စုံတစ်ယောက်အတွက်တကူးတက ချက်ပြုတ်ပေးတာမျိုးတွေ သိပ်ပြီးတော့ လုပ်လေ့မရှိတတ်ကြပါဘူးနော်။ ဒါပေမယ့်လို့ သူတို့တကယ်ချစ်တဲ့ မိန်းကလေးကိုတော့ သူတို့က အစားအသောက်တွေ ချက်ပြုတ်ပေးရတာကို
နှစ်သက်တတ်ကြတာပါနော်။ သူတို့ရဲ့ လက်ရာကို သူတို့ချစ်ရသူက မြည်းစမ်းတဲ့အခါ အရမ်းဝမ်းသာကြည်နူးတတ်ကြပါတယ်နော်။
သူငယ်ချင်းလိုရော၊ ချစ်သူလိုပါ ချစ်ပေးတတ်တယ်
‌ယောကျာ်းလေးတစ်ယောက် အရမ်းချစ်တတ်သွားတဲ့အခါ သူတို့ရဲ့ ချစ်သူကောင်မလေးကို သူငယ်ချင်းတစ်ယောက်လိုရော၊ ချစ်သူတစ်ယောက်လိုပါ ချစ်တတ်လာပါတယ်နော်။ ပြောချင်တာကတော့ သူငယ်ချင်းတစ်ယောက်လိုမျိုး
ရင်းနှီးပွင့်လင်းပြီး အရာရာ တိုင်ပင်တတ်ပြီး ချစ်သူလိုရော ဂရိုစိုက်မှုတွေ၊ ကြင်နာချစ်ခင်မှုတွေနဲ့လည်း ချစ်တတ်လာတာပဲ ဖြစ်ပါတယ်နော်။ ဒါကတော့ ယောကျာ်းလေးတွေ သူတို့တကယ် ချစ်တဲ့ မိန်းကလေးအပေါ်သာ
ဆက်ဆံတတ်တဲ့ အပြုအမူလေးတွေ ဖြစ်ပါတယ်နော်။မိမိ ချစ်သူက မိမိကို ခုလိုလေးတေ ပြုလုပ်ပေးရင်တော့ ဝမ်းသာစရာပါဘဲနော်။Source:Khin
Add a Comment
Your email address will not be published. Required fields are marked *