ဘာမြူဒါဒေသက အိမ်အားလုံးရဲ့ခေါင်မိုးဟာ ဘာလို့ အဖြူရောင်ဖြစ်နေရတာလဲ ဆိုတော့

ဘာမြူဒါဒေသက အိမ်အားလုံးရဲ့ခေါင်မိုးဟာ ဘာလို့ အဖြူရောင်ဖြစ်နေရတာလဲ ဆိုတော့

ဘာမြူဒါတြိဂံနယ်မြေဆိုတာဟာ ဘာမြူဒါကျွန်း၊ ဖလော်ရီဒါနဲ့ ပေါ်တိုရီကိုကျွန်းနယ်မြေတို့ရဲ့ သုံးနယ်စပ်တြိဂံပုံစံ အဝန်းအဝိုင်းကို ခေါ်တာပါ။ အဲဒီထဲကို ရောက်သွားတဲ့ လှေတွေ၊ သင်္ဘောတွေကတော့ ပျောက်ချင်းမလှ ပျောက်ကုန်တတ်ကြပါသတဲ့။

သိပ္ပံသမားတွေကတော့ ဒါတွေက လုပ်ကြံဇာတ်လမ်းတွေလို့ ပြောကြပါတယ်နော်။အခု အဲဒီဘာမြူဒါကျွန်းလေးအကြောင်း ပြောချင်ပါတယ်နော်။ ဘာမြူဒါကျွန်းဟာ ဗြိတိန်ပိုင် ကမ်းလွန်နယ်မြေတစ်ခုဖြစ်ပါတယ်။ လူဦးရေ (၆၃၀၀၀)ကျော် ရှိပြီး၊

မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ နာမည်ကြီး ကျွန်းနယ်မြေတစ်ခုဆိုပါတော့နော်။ အဲဒီဒေသမှာရှိတဲ့ အိမ်တွေရဲ့ ခေါင်မိုးတွေအားလုံးဟာ အဖြူရောင်တွေ ဖြစ်ကြပါတယ်နော်။ ဒါကို တချို့ စိတ်ဝင်စားသူတွေ ရှိကြပါတယ်။

ဘာလို ခေါင်မိုးအဖြူတွေပဲ သုံးကြတာလဲဆိုပြီးပေါ့။ထုံးသုတ်ထားလို့ ဖြူတဲ့အဖြူမျိုး မဟုတ်ပါဘူး။ ဒီနယ်မြေမှာရှိတဲ့ အိမ်တွေဟာ သွပ်လုံးဝမသုံးဘဲ သွပ်အစား limestone လို့ခေါ်တဲ့ ထုံးကျောက်နဲ့လုပ်တဲ့ အုတ်ကြွပ်ခေါင်မိုးတွေကို သုံးကြတာပါ။

တခြားနယ်မြေတွေမှာ ကိုယ့်အိမ်ကိုယ် ကိုယ်မိုးချင်တဲ့အရာ မိုးလို့ရပေမယ့်လည်း ဒီဒေသမှာတော့ ခေါင်မိုးအဖြူကလွဲပြီးတော့ တခြားခေါင်မိုး မိုးခွင့်မရှိပါဘူးတဲ့။ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတော့ ကျွန်းနေလူသားတွေအတွက်

အသက်တမျှ အရေးပါလို့ ဖြစ်ပါတယ်နော်။ ဘာလို့ အရေးပါတာလဲဆိုတော့ ဘာမြူဒါဟာ ပင်လယ်ရေပတ်လည်ဝိုင်းနေတဲ့ ဒေသဖြစ်သည့်အလျှောက်၊ သန့်ရှင်းတဲ့ရေချို ရရှိဖို့ အလွန်အခက်အခဲ ဖြစ်ခဲ့ရပါတယ်နော်။ ချောင်းတို့ ရေကန်တို့တောင် မရှိပါဘူး။

ဒီတော့ ကျွန်းနေလူသားတွေ ဘယ်လို ဖြေရှင်းကြသလဲဆို လွန်ခဲ့တဲ့ (၁၇)ရာစုလောက်ကတည်းက သူတို့တစ်တွေ ထုံးကျောက်နဲ့လုပ်တဲ့ ခေါင်မိုးအဖြူကို သုံးခဲ့ကြတာပါတဲ့။

ဟာရီကိန်းမုန်တိုင်းဒဏ်တွေကိုလည်း ဒီခေါင်မိုးတွေက ခံနိုင်ရည်ရှိသလို၊ ပူတဲ့ရာသီဥတုမှာ အိမ်ကိုလည်း အေးမြစေပါတယ်။နောက်ပြီး ဒီခေါင်မိုးအဖြူတွေက မိုးရေစုဆောင်းရာမှာ အကူအညီပေးပါတယ်နော်။ ခေါင်မိုးအဖြုကနေတစ်ဆင့်

မိုးရေဟာ မြေအောက်ရေလှောင်ကန်တွေဆီကို ရောက်သွားပြီး၊ ရေချိုအရင်းအမြစ်ကို တိုးပွားစေပါတယ်တဲ့။ ဒီရည်ရွယ်ချက်တွေနဲ့ ခေါင်မိုးအဖြူတွေကို သုံးကြတာပါ။ဒါကြောင့်လည်း အဲဒီဒေသမှာ အိမ်ဆောက်သူတိုင်း အိမ်ခေါင်မိုး တစ်စတုရန်းပေအကျယ်တိုင်းမှာ ရေ(၈)ဂါလံဆန့် သိုလှောင်ကန် ပါဝင်ရမယ်

ဒေသန္တရဥပဒေထုတ်ထားပါတယ်နော်။ ဒီဒေသမှာတော့ ခေါင်မိုးအရောင်က ထုံးကျောက်အမိုးကိုသာသုံးတဲ့အတွက် နဂိုမူလအဖြူရောင်ဖြစ်ကြပါတယ်။

သို့ပေမယ့်လည်း တချို့က ခေါင်မိုးကို ဆေးခြယ်တာတွေ ရှိပါသတဲ့။ အဓိကအားဖြင့်တော့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ပါ။ အဖြူရောင်ကလွဲပြီးတော့ တခြား ဆေးအရောင်

သုတ်ခွင့်မပေးဘူးလို့လည်း သိရပါတယ်။ အဲဒီဒေသမှာ မြေအောက်ရေကို အဓိကစုဆောင်းပြီး ပြန်လည်သန့်စင်ကာ သောက်ရေအဖြစ် သုံးစွဲကြပါတယ်နော်။လင်းသူရိန်Ref ; LadBible

Tags:

Add a Comment

Your email address will not be published. Required fields are marked *