အပူချိန် 40 ဒီဂရီကျော်တဲ့ နေ့လယ်ခင်းမှာ မိထွေးရဲ့ဆေးကုသစရိတ်အတွက် အရွယ်နဲ့မလိုက်အောင် ကြိုးစားရုန်းကန်နေခဲ့ရှာတဲ့ ကလေးငယ်

အပူချိန် 40 ဒီဂရီကျော်တဲ့ နေ့လယ်ခင်းမှာ မိထွေးရဲ့ဆေးကုသစရိတ်အတွက် အရွယ်နဲ့မလိုက်အောင် ကြိုးစားရုန်းကန်နေခဲ့ရှာတဲ့ ကလေးငယ်

တရုတ် နိုင်ငံမှာ နေထိုင်တဲ့ အသက် 12 အရွယ် ၊ Wangzhen အမည်ရှိတဲ့ ကောင်လေးက အပူချိန် 40 ဒီဂရီကျော်တဲ့ နေ့လယ်ခင်မှာ အိတ်လေး တစ်လုံးလွယ်ပြီးတော့ အပူတပြင်း ပလပ်စတစ် ဘူးခွံလေးတွေကို လိုက်လံ ကောက်ယူနေခဲ့တာပါ ။

အကြောင်းကတော့ Wangzhenဟာ သူ့ရဲ့ မိထွေးဖြစ်သူ ဆေးကု သစရိတ်အတွက် ယခု လိုကြိုးစားရုန်းကန်နေရတာပါတဲ့ ။ Wangzhen ရဲ့ ဘဝအကြောင်းကို ပြောရမယ်ဆိုရင် 2 နှစ်သားအရွယ်က မိခင်အရင်းဟာ

နေအိမ် ကနေထွက်ခွာသွားခဲ့တာပါနော် ။ ဖခင်ဖြစ်သူ ကလည်း လုပ်ငန်းခွင်မှာ မတော်တဆမှုတစ်ခုကြောင့်ဘဲ လက်ထိခိုက်သွားခဲ့ပြီးနောက် အရင်လို အလုပ်အကိုင်မျိုးကောင်မွန်စွာ မလုပ်နိုင်တော့ဘဲ အချိန်ပိုင်းအလုပ်သမားအဖြစ်သာလုပ်ကိုင်နေခဲ့ရတာပါတဲ့ ။

အဘွားဖြစ်သူမှာလည်း အကြွေးတွေ များစွာထားရစ်ခဲ့ပြီးမှ သေဆုံးသွားခဲ့ တာကြောင့်ဘဲ Wangzhen ဟာ အဘိုးဖြစ်သူကိုသာ အားကိုး မှီခိုနေခဲ့ရတာပါ။ 9 နှစ်သားအရွယ်သို့ ရောက်ရှိလာခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာ နောက်အိမ်ထောင်ပြုခဲ့တာပါ။

မိထွေးဖြစ်သူဟာလည်း စိတ်သဘောထားကောင်းမွန်လွန်းသူဖြစ်တာကြောင့် မိသားစုဝင်တွေ အတော်လေးပျော်ရွှင်ခဲ့ရပါတယ်တဲ့။ သို့ပေမဲ့လည်း Wangzhenရဲ့ ပျော်ရွှင်မှုက မကြာခဲ့ပါဘူး ။မိထွေးဖြစ်သူဟာ သွေးကင်ဆာရောဂါ

ခံစားခဲ့ရချိန်မှာတော့ ဆေးကုသမှုမခံရင် အသက်ဆုံးရှုံးနိုင်လို့ ယခုလို Wangzhen ဟာ နေအိမ်အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်နေရတာပါနော်။ Wangzhen ဟာ အရွယ်နဲ့မလိုက်အောင် ကြိုးစားနေမှုဟာ တွေ့မြင်ရသူတွေတိုင်းကို

ရင်ထဲခံစားမှုတွေဖြစ်စေခဲ့တာပါ။ Wangzhen ဟာ မိထွေးအကြောင်းပြောလိုက်ချိန်တိုင်း မျက်နှာလေးမှာ အပြုံးလေးတစ်ပွင့်ရှိနေခဲ့ပြီး သူမက ကျွန်တော့်အမေပါ ဆိုပြီးတော့လည်း ပြောဆိုနေလေ့ရှိပါတယ်နော် ။Credit

Add a Comment

Your email address will not be published. Required fields are marked *