မိခင်ဆုံးပါးသွားပြီး ဖခင်ဟာ အကြောသေနေလို့ ဘဝကိုလူကြီးတစ်ယောက်လိုခက်ခဲစွာ ရုန်ကန်နေရတဲ့ 9 နှစ်အရွယ် မိန်းကလေး

မိခင်ဆုံးပါးသွားပြီး ဖခင်ဟာ အကြောသေနေလို့ ဘဝကိုလူကြီးတစ်ယောက်လိုခက်ခဲစွာ ရုန်ကန်နေရတဲ့ 9 နှစ်အရွယ် မိန်းကလေး

တရုတ်နိုင်ငံမှာ နေထိုင်သော Li Chunyan အမည်ရှိ တဲ့ 9 နှစ် အရွယ် မိန်းကလေးဟာ အရွယ်နဲ့ မလိုက်အောင် ကို အိမ်မှာလူကြီး တစ်ယောက်လို နေထိုင်နေခဲ့ရတာပါနော်။ လွန်ခဲ့တဲ့ 6 နှစ်က မိခင် ဖြစ်သူဟာ ကင်ဆာ ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီးနောက်မှ

ာ ၊ 2012 ခုနှစ်မှာ ဖခင်ဖြစ် သူကလည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မတော် တဆဖြစ်ပြီးတော့ အောက်ပိုင် အကြောသေသွားခဲ့တာပါ။ သူမဟာ ဖခင် အတွက် အစားအသောက် ၊ ရေချိုး ၊ အတူလမ်းလျှောက်ပေး စတဲ့အလုပ်တွေ

လုပ်ကိုင် ပေးနေရရုံ သာမကဘဲ စာသင် ခန်းထဲမှာလည်း အတော်ဆုံးကျောင်းသူ တစ်ယောက်ဖြစ်အောင် အမြဲကြိုးစားနေ သူပါတဲ့။ လက်ရှိမှာတော့ သူမ နဲ့ ဖခင်ဖြစ်သူတို့ဟာ အသက် 70 အရွယ်အဖွားဖြစ်သူနဲ့အတူနေထိုင်နေပြီးတော့

အိမ်ရဲ့ဝေယျာဝစ္စတွေကိုလည်း လုပ်ကိုင်ကာ ၊ ဖခင်ဖြစ်သူကိုလည်း ပြုစုစောင့်ရှောက်ပေးနေခဲ့ရပါတယ်နော် ။ဖခင်ဖြစ်သူ အလုပ်လုပ်ကိုင်ခဲ့တဲ့ကုမ္ပဏီကတော့ မတော်တဆအတွက်ကို ထိခိုက်နစ်နာကြေးမပေးခဲ့လို့ သူမတို့မိသားစုဟာ

အိမ်အသုံးစရိတ်အတွက် အတော်လေးရုန်းကန်နေရပါတယ်တဲ့။ သူမတို့ရဲ့မိသားစုကိုတော့ အစိုးရက လစဉ် 600 ယွမ်း ထောက်ပံ့ပေးနေလျက်ရှိပါတယ်နော်။ Chunyan ကတော့ သူမရဲ့ဘဝက ဘယ်လောက်ပဲ ကံဆိုးနေပါစေ လုံးဝမငိုခဲ့ပါဘူး။

သူမငိုကြွေးနေတာကိုမြင်ရင် ဖခင် နဲ့ အဘွားဖြစ်သူတို့ စိတ်ခံစားသွားရမှာစိုးရိမ်လို့ဖြစ်ကြောင်းကို သူမကပြောပြခဲ့တာပါ။ သူမကတော့ အနာဂတ်အတွက်အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေရင်းနဲ့ အကောင်းမြင်တတ်တဲ့ကလေးငယ်တစ်ယောက်ပါနော်။

ကျွန်မတို့ကိုကူညီခဲ့တဲ့ ဦးလေး နဲ့ အန်တီ ကိုကျေးဇူးတင်တယ်လို့ပြောချင်ပါတယ် ၊ ကျွန်မ စာကြိုးစားပြီး အနာဂတ်မှာသူတို့ကို ကျေးဇူးပြန်ဆပ်မှာပါ ဆိုပြီးတော့ ပြောပြခဲ့ပါတယ်နော်။ တကယ့်ကိုအရွယ်နဲ့မလိုက်ဖက်အောင့် ရင့်ကျက်တည်ငြိမ်လွန်းတဲ့ ကလေးငယ်တစ်ယောက်ပါပဲနော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *