သူရဲကောင်း ဆန်စွာ ၁၂ လွှာတိုက်ခန်းမှ ပြုတ်ကျလာတဲ့ ၃နှစ်အရွယ် ကလေးငယ်ကို ကယ်တင်ပေးခဲ့တဲ့ အမျိုးသား

သူရဲကောင်းဆန်စွာ ၁၂ လွှာတိုက်ခန်းမှ ပြုတ်ကျလာတဲ့ ၃နှစ်အရွယ် ကလေးငယ်ကို ကယ်တင်ပေးခဲ့တဲ့ အမျိုးသား

ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းမှာ ဗီယက်နမ်နိုင်ငံ Thanh Xuan ခရိုင်ရှိ အိမ်ခန်းတွဲ တိုက်တန်း အလွှာ ၁၂ ထပ်ရှိ NPH ဟုလူသိများသော တိုက်ခန်းရဲ့လသာ ဆောင်ဘက်မှာ သုံးနှစ်အရွယ်ကလေးငယ်တစ်ယောက်

တွဲလောင်း ချိတ်ဆွဲနေတဲ့ အဖြစ် အပျက်ကို ဒေသခံများက မြင်တွေ့ရပြီးနောက် အော်ဟစ်ကာ အကူ အညီတောင်းခံခဲ့ကြတာပါ ။ ထို တိုက်ခန်းရဲ့မြေညီထပ်မှာ သူ့ရဲ့ဖောက်သည်ကိုစောင့်နေတဲ့

Nguyen Ngoc Manh အမည်ရှိ ပို့ဆောင်သူအမျိုးသားတစ်ဦးက ထိုအော်ဟစ်သံများကြောင့် တိုက်ခန်းပေါ်ရှိလသာဆောင်ဘက်မှာတွဲလောင်းချိတ်ဆွဲနေတဲ့ ကလေးငယ်ကို သတိပြုမိပြီးနောက်မှာ Manh ဟာ တိုက်ခန်းမြေညီထပ်ရှိ

သတ္တုခေါင်မိုးပေါ်သို့ တက်ခဲ့တာပ့။သို့ပေမဲ့ ခေါင်မိုးကချောနေတာကြောင့် Manh ဟာ ခြေလျှော်ကျသွားခဲ့ပါတယ်နော်။တစ်ချိန်တည်းမှာပင် တွဲလောင်းချိတ်နေတဲ့ ကလေးငယ်ရဲ့ခိုင်မြဲစွာဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကလည်း

လွှတ်ကျသွားပြီးနောက်မှာ ထိုကလေးငယ်လည်း အောက်သို့ပြုတ်ကျလာတဲ့အချိန်မှာManh ဟာ သူရဲ့လက်ဖြင့် ထိုကလေးငယ်ကို လျင်မြန်စွာဖမ်းဆုပ်ထားနိုင်ခဲ့ပြီးနောက် ချက်ချင်း ကလေးငယ်ကို လှမ်းဆွဲဖက်ကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ကြတာပါ။

ထိုကလေးငယ်ရဲ့ ပါးစပ်ထဲမှသွေးများ ထွက်လာတယ်လို့ Manh က ဆိုခဲ့ပါသေးတယ်နော်။VN Express မှပြောကြားချက်အရ ထိုကလေးငယ်လေးကို စစ်ဆေးကြည့်ရာ သူ့ရဲ့တင်ပါးဆုံရိုးသာ အဆစ်လွဲသွားကြောင်း သိရပါတယ်တဲ့။

ထိုအဖြစ်အပျက်ကြောင့် Manh ရဲ့လက်မောင်းကြွက်သားလည်း အဆစ်လွှဲသွားခဲ့ရတာပါ။Manh ဟာ သူရဲကောင်းတစ်ဦးဖြစ်ပြီးလူမျိုးတစ်မျိုးလုံးက

Manh ရဲ့ သူရဲကောင်းကြိုးပမ်းမှုများအတွက် သူ့ကိုချီးမွမ်းခဲ့ကြပြီးနောက် ကလေးငယ် နှင့် Manh လျင်မြန်စွာ ပြန်လည်နာလန်ထူနိုင်ဖို့လည်း ဆုတောင်းပေးနေခဲ့ကြပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *