ဆင်းရဲလွန်းလို့ ကိုယ့်အတွက်တောင် မစားရက်ဘဲ သမီးတွေစားသောက်နေကြတာကိုပဲ ထိုင်ကြည့်နေခဲ့တဲ့ ဖခင်

ဆင်းရဲလွန်းလို့ ကိုယ့်အတွက်တောင် မစားရက်ဘဲ သမီးတွေစားသောက်နေကြတာကိုပဲ ထိုင်ကြည့်နေခဲ့တဲ့ ဖခင်

ဖခင်တွေ ရဲ့ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်နက်ရှိုင်းလည်းဆိုတာကို အခု ပြောပြမယ့် ဖိလစ်ပိုင်နိုင်ငံက ဖခင်တစ်ဦးက သက်သေပြလိုက်တာပါနော်။ အဲ့တာကတော့ သားအဖ 3 ယောက်ဟာ Jollibee ဆိုတဲ့ ကြက်ကြော်ဆိုင်မှာ

ဝင်ပြီးတော့စားသောက်နေကြတာပါ ။ ဖခင်ဖြစ်သူကတော့ သူ့အတွက် ငွေမလုံလောက်လို့ သမီးဖြစ်သူတွေစားနေကြတာကိုသာ ထိုင်ကြည့်နေခဲ့တာပါတဲ့ ။ အဆိုပါအဖြစ်အပျက်ကို Jhunnel Sarajan အမည်ရှိအမျိုးသားတစ်ဦးက ဓာတ်ပုံရိုက်ယူပြီးတော့ social media ပေါ်မှာ ဝေမျှထားတာပါ။

Jhunnel ကလည်း အဆိုပါသားအဖ 3 ယောက်နောက် လိုက်ပြီး စုံစမ်းခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာ အသက် 38 နှစ်အရွယ် Arebuabo အမည်ရှိသူပါနော်။ လေဖြတ်ဝေဒနာကိုခံစားခဲ့ရပြီးတော့ အချိန်အတော်ကြာ

အလုပ်မလုပ်ကိုင်နိုင်ခဲ့လို့ ၊ ဆေးရုံက ဆင်းခဲ့ချိန်မှာတော့ ဇနီးဖြစ်သူက သူ့အား ထားရစ်ခဲ့တာပါ နော်။ ဇနီးဖြစ်သူက တစ်ခါတည်း သမီးနှစ်ယောက်လုံးကိုပါခေါ်ပြီးတော့ အိမ်ကနေထွက်ခွာသွားခဲ့တာပါ ။Arebuabo ရဲ့ညီမဖြစ်သူက

လိုက်လံဖြောင်းဖျခဲ့ပေမဲ့လည်းဘဲ ဇနီးဖြစ်သူက လုံးဝပြန်မလိုက်ပဲ ၊ သမီး 2 ယောက်သာ သူ့နဲ့အတူနေခွင့်ပေးခဲတာပါ။ Arebuabo ဟာ 4 ပေ အကျယ်သာရှိတဲ့ အခန်းလေးထဲမှာ သမီး 2ယောက်နဲ့အတူနေထိုင်နေရတာပါတဲ့ ။

မနက်ခင်ကို 5 နာရီအချိန်ထပြီး အလုပ်လုပ်ကိုင်ရကာ သမီးနှစ်ယောက်ကိုလည်း ကျောင်းပို့ပြီး ပညာသင်ကြားစေလျက်ရှိပါတယ်နော်။အခုလို ဓာတ်ပုံတွေကို ဝေမျှရတဲ့ရည်ရွယ်ချက်ကတော့ Arebuabo ဟာ

လေဖြတ်ခဲ့သူဖြစ်ပေမဲ့လည်း သမီးနှစ်ယောက်အပေါ် ဖခင်တာဝန်ကျေပွန်လွန်းသူဖြစ်ကြောင်း ဇနီး နဲ့ အခြားသူတွေကိုပါ သိစေချင်လို့ဖြစ်ကြောင်း Jhunnel က ပြောပြသွားခဲတာပါ။Jasmine (Mckzone Daily)Source : elitereaders

Tags:

Add a Comment

Your email address will not be published. Required fields are marked *