မြင့်မြတ်သောဘုံဘဝမှာ အနုပညာနဲ့ ငြိမ်းချမ်းပါစေ လို့ရေမွန်အတွက် ဆုတောင်းပေးတဲ့ ထားထက်ထက်

မြင့်မြတ်သောဘုံဘဝမှာ အနုပညာနဲ့ ငြိမ်းချမ်းပါစေ လို့ရေမွန်အတွက် ဆုတောင်းပေးတဲ့ ထားထက်ထက်

မနေ့ကကွယ်လွန်သွားခဲ့တဲ့ ရေမွန်အတွက် ထားထက်ထက်က သူ့ရဲ့လူမူကွန်ယက်ဖေ့ဘွတ်စ်မှာ အခုလိုရေးသားထားတာပါ။ထားထက်ထက်က တော်လှန်ရေး ရဲဘော်ရဲဘက် အကို ရေမွန် သို့မမြင်နိုင် မကြားနိုင်တော့ပေမယ့် လေးစားဂုဏ်ပြုပါရစေ ။

အကို့အမေဆီမှာ သီချင်းဆိုသင်တန်းတက်ရင်း အကို့ကိုသိခဲ့ပါတယ်။ အကို့သီချင်းတွေ နားထောင်ဖြစ်ပါတယ်။အကို့ အနုပညာ ကို ကြိုက်ခဲ့ပါတယ်။နောက်ပိုင်း We Love Yangon မှာ ပရဟိတ လုပ်ရင်းထပ်ဆုံကြတဲ့ အခါ အရင်လိုပဲ

ဖော်ရွေဖြူစင်တဲ့ အပြုံးနဲ့ အကို့ကောင်မလေး ကေကေနဲ့အတူတူ အကို့အနုပညာနဲ့ ပရဟိတလုပ်နေသူတွေကို အားပေးရင်း သီချင်းတွေနဲ့ ဖျော်ဖြေပေးတဲ့ အကို…. တော်လှန်ရေးအတွက် အကို လွတ်မြောက်နယ်မြေကို ရောက်နေတာသိခဲ့ရပြန်တော့လဲ လေးစားရပါတယ်။အခုလို ဆုံးရှုံးလိုက်ရတာကိုလဲ

တော်တော်စိတ်မကောင်းဖြစ်ရပါတယ် အကို အစားအသောက် ၊ အနေအထိုင်ဆင်းရဲပြီး ငှက်ဖျားပိုးကြောင့်ဖြစ်ဖြစ် ၊ အစာအိမ်သွေးကြောပေါက်တာကြောင့်ဖြစ်ဖြစ် အသက်ဆုံးရှုံးရလို့ ဝမ်းနည်းရပါတယ်။ ပိုပြီးဝမ်းနည်းရတာက

တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး ပြင်ဆင်နေတဲ့ ရဲဘော်တစ်ယောက်ဟာ အသက်ဆုံးရှုံးနိုင်တယ်ဆိုတာ သိသိကြီးနဲ့ ဒီအထိရောက်လာ ၊ တိုက်ခိုက်ရေး ပညာတွေသင်ပြီးမှ အဆင်သင့်မဖြစ်ခင် ၊ မတရားမှုအတွက် စကစသူပုန်တွေကိုပြန်ပြီး

မတိုက်ရခင်မှာ ဆုံးရှုံးသွားရတာကို ပိုနှမြောတသဖြစ်ရတယ်…..ကိုရေမွန်လဲ ဒီအတိုင်းပဲ စိတ်ထဲရှိနေမယ်လို့ ကျွန်မ ထင်တယ်….ကျဆုံးခဲ့ပြီးသော ရဲဘော်ကို ကျွန်မ ကတိပေးပါတယ်။ကျွန်မတို့ အခုထက်ပိုပြီး ကြိုးစားပါမယ်။

အခုထက် ပိုပြီး အားစိုက်ပါမယ်။အခုထက် ပိုပြီး တန်ဖိုးရှိတဲ့ အသက်တွေ မဆုံးရှုံးရအောင် ၊ ရဲဘော်တွေအားလုံး တိုက်ပွဲ အတွက် ချပ်ဝတ်တန်ဆာ အဆင်သင့် ဖြစ်အောင် ၊

ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဌကနေပါဝင်ပါ့မယ်။မြင့်မြတ်သောဘုံဘဝမှာ အနုပညာနဲ့ ငြိမ်းချမ်းပါစေ ထားထက်ထက် ဆိုပြီးတော့ ရေးသားခဲ့တာဘဲ ဖြစ်ပါတ်ာနော်။Credit

Add a Comment

Your email address will not be published. Required fields are marked *