အိန္ဒိယမှ ခေတ်သစ် မင်းတုန်းမင်း ရုတ်တရက်သေဆုံး

အိန္ဒိယမှ ခေတ်သစ်မင်းတုန်းမင်း ရုတ်တရက်သေဆုံး

အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ဘက် မီဇိုလမ်ပြည်နယ် ( Mizoram ) မှ မစ္စတာ စီအိုနာ ချာနာ အသက် ( ၇၆ ) နှစ် ၊ အိမ်ထောင်စုလူဦးရေ ၁၈၁ ယောက် တို့နှင့်အတူနေထိုင်နေစဉ် ဇွန်လ ၁၃ ရက်နေ့က နေထိုင်မကောင်းဖြစ်င်္ပြး ဆေးရုံကိုခေါ်သွားစဉ် လမ်းခုလတ်တွင်

သေဆုံးသွားခဲ့သည့်အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဇိုရမ် ထမ်ဝါက ဝမ်းနည်းကြေကွဲကြောင်းသူ၏ တွစ်တာမှာရေးသားဖော်ပြထားကြောင်း ဘီဘီစီ သတင်းတစ်ပုဒ်တွင်ဖော်ပြထားတာပါ ။ချာနာရဲ့မိသားစုကြောင့် မီဇိုရမ်က ဘက်တာဝမ်ရွာဟာ ခရီးသွားလုပ်ငန်းရဲ့ အချက်အခြာနေရာ ဖြစ်လာတယ်လို့လည်း

ပြောကြားခဲ့ပါတယ်နော်။မီဇိုရမ်ပြည်နယ်က အသက် ၇၆ နှစ်အရွယ်ရှိတဲ့ ချာနာဟာ Chana Pawl ဆိုတဲ့ ခရစ်ယာန်ဘာသာရေးဂိုဏ်းတစ်ခုကို ဦးဆောင်သူပါတဲ့။မိန်းမအများအပြားယူတာကို အားပေးတဲ့ ဒီဂိုဏ်းကို ချာနာရဲ့ဖခင်က ၁၉၄၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်နော်။သူဟာ

Mizoram ပြည်နယ်မှ Aizawl မြို့နဲ့ ၅၅ ကီလိုမီတာအကွာအဝေးမှာရှိတဲ့ ၄ ထပ်တိုက်ကွန်ဒိုတိုက်တန်းလျားမှာ ဇနီးသည် အနည်းဆုံး ၃၉ ယောက် ၊ သားသမီး ၉၄ ယောက် ၊ မြေး ၃၃ ယောက် ၊ မြစ် ၁ ယောက် တို့နှင့်အတူပျော်ရွှင်စွာနေထိုင်နေစဉ်သေဆုံးသွားခဲ့တာပါ။မီဇိုရမ်ပြည်နယ်

ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီးတော့ ကွန်ဂရက်ပါတီက ထင်ရှားတဲ့ နိုင်ငံရေးသမားလည်းဖြစ်တဲ့ လာလ် သန်ဟော်လာက ချာနာကွယ်လွန်မှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်နော်။ချာနာဟာ ၁၉၅၉ ခုနှစ် အသက် ၁၇ နှစ်အရွယ်မှာ

ပထမဆုံး အိမ်ထောင်ပြုခဲ့ပြီး၊တစ်နှစ်အတွင်း မိန်းမ ၁၀ ယောက်အထိ ယူတာမျိုး ရှိခဲ့ပါတယ်နော်။ချာနာရဲ့ နောက်ဆုံး လက်ထပ်မှုဟာ ၂၀၀၄ ခု နှစ်ကဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို ယူခဲ့တာပါ။

အိန္ဒိယ ဥပဒေအရ မယားပြိုင်ထားတာကို ခွင့်မပြုပေမယ့်လည်း နိုင်ငံအရှေ့မြောက်ပိုင်းက လူမျိုးစုတစ်ချို့ရဲ့ ထုံးတမ်းဥပဒေမှာတော့ မယားပြိုင်ထားမှုကို တရားဝင်တယ်လို့ သတ်မှတ်ထားပါတယ်နော်။Ref: BBC

Tags:

Add a Comment

Your email address will not be published. Required fields are marked *