သရဲတစ္ဆေတွေက ဖုံးကွယ်ဝှက်ထားခဲ့လို့ နေ့ခင်ဖက် လယ်ကွင်းထဲမှာပျောက်ဆုံးသွားခဲ့ရတဲ့ အမျိုးသားရဲ့အဖြစ်

သရဲတစ္ဆေတွေက ဖုံးကွယ်ဝှက်ထားခဲ့လို့ နေ့ခင်ဖက် လယ်ကွင်းထဲမှာပျောက်ဆုံးသွားခဲ့ရတဲ့ အမျိုးသားရဲ့အဖြစ်

အခုပြောပြပေးမှာကတော့ သရဲတစ္ဆေတွေက ဖုံးကွယ်ဝှက်ထားခဲ့သောကြောင့် နေ့ခင်းဘက် လယ်ကွင်းထဲမှာ ပျောက်ဆုံးသွားခဲ့ရတဲ့ အမျိုးသားရဲ့ အဖြစ်ဆိုတဲ့အကြောင်းလေး ဖြစ်ပါတယ်။ဒီလိုအဖြစ်အပျက်မျိုးတွေကို ကိုယ်တွေရဲ့ဒေသ

၊ ကျေးရွာဖက်တွေမှာလည်း ကြားဖူးမိကြမှာပါ။ သရဲတစ္ဆေတွေရဲ့ ကွယ်ဝှက်ထားခြင်းကို ခံရလို့ ကိုယ်က အခြားသူတွေကို တွေ့ရပေမဲ့ ၊ကိုယ့်ကိုတော့ ဘယ်သူ ကမှ မမြင်တွေ့ နိုင်ခဲ့ကြတဲ့ ပုံစံ အဖြစ် မျိုးပေါ့ ။ဒီတစ်ခေါက် မှာလည်း

ထိုင်းနိုင်ငံ Udon Thani မြို့မှာနေထိုင် တဲ့ Mr.Panom Srinuan အမည်ရှိတဲ့ အမျိုးသားဟာ သူ့ရဲ့လယ်ကွင်း ထဲမှာ ရှိနေတဲ့ ထွန်စက်ကို သွားရောက် စစ်ဆေးမယ် ဆိုပြီး နေအိမ် ကနေ ဆိုင်ကယ်နဲ့ ထွက်ခွာ သွားခဲ့ပါတယ်။

ပုံမှန် အားဖြင့် သူ့ရဲ့ထွန်စက်ကို စစ်ဆေးဖို့ဆိုရင် 2 နာရီခန့်သာကြာမြှာဖြစ်ပေမဲ့လည်း ညနေအချိန်ထိ အိမ်ပြန် မရောက်လာလို့ ဇနီးဖြစ် သူက စိတ်ပူပြီး လယ်ကွင်း ထဲကို သွားရောက် ရှာခဲ့ ပေမဲ့ လည်း Mr.Panom ရဲ့ ဆိုင်ကယ်

၊ ဖုန်းနဲ့ ဖိနပ်ကိုသာတွေ့ရှိပြီး လူကို တော့မတွေ့ရှိလို့ ရဲအရာရှိတွေထံ တိုင်ကြားခဲ့ရပါတယ် ။ဆွေမျိုးအပေါင်းအသင်းတွေကလည်း Mr.Panom ကို လိုက် လံရှာဖွေခဲ့ပေမဲ့လည်း ဘယ်သူကမှမတွေ့ခဲ့ကြပါဘူး ။နောက်တစ် ရက် မနက်ခင်းမှ

Mr.Panom ဟာ ဆွေမျိုးတစ်ယောက်ရဲ့ ဆိုင် ကယ်နောက် လိုက်စီးပြီး နေအိမ်သို့ပြန်ရောက် လာခဲ့တာပဲဖြစ် ပါတယ်။ဇနီးဖြစ်သူ ကလည်း စိတ်ပူပြီး အကြောင်းစုံ မေးမြန်းခဲ့ချိန် မှာတော့ သူဟာ လယ်ကွင်းထဲကတဲလေးမှာသာ ထိုင်နေခဲ့ကြောင်း ၊

သူ့အားလိုက်လံ ရှာဖွေ နေကြ သူတွေကို တွေ့ပေမဲ့လည်း ဘယ်သူကမှ သူ့ကို မမြင်ကြကြောင်း နှင့် အော်ဟစ်ပြီး အကူအညီတောင်းပေမဲ့လည်းဘယ်သူကမှမကြားကြလို့

အတော်လေးထိတ်လန့်မိခဲ့ကြောင်း ရှင်းပြသွားခဲ့ပါတယ်။ ဒီလိုထူးဆန်းတဲ့အဖြစ်မျိုးကခေတ်လူငယ်တွေ အနေနဲ့ ယုံကြည်ဖို့ ခက်ခဲနေမယ်ဆိုတာ ခန့်မှန်းရုံနဲ့ သိနိုင်ပါတယ်။Jasmine (Mckzone Daily)Source : thesmartlocal

Tags:

Add a Comment

Your email address will not be published. Required fields are marked *