သူ သံယောဇဉ် အရှိဆုံးလူရဲ့ ဈာပနအခမ်းအနားကို ရောက်အောင်လာပြီး နှုတ်ဆက်ခဲ့တဲ့ ဆင်ကြီး Brahmadathan

သူ သံယောဇဉ်အရှိဆုံးလူရဲ့ ဈာပနအခမ်းအနားကို ရောက်အောင်လာပြီး နှုတ်ဆက်ခဲ့တဲ့ ဆင်ကြီး Brahmadathan

လူသားတွေနဲ့ တိရိစ္ဆာန်တွေကြားမှ သံယောဇဉ်ကြိုးဟာ မျက်စိနဲ့မမြင်နိုင် ပေမယ့်လည်း တော်တော်လေး ကြီးမားတာပါ။ အဲ့ဒီ လိုပဲ Brahmadathan လို့ခေါ်တဲ့ ဆင်ကြီးဟာ ၁၅ မိုင် ခရီးကို နှင်လာခဲ့ပြီး သူ အရမ်း သံယောဇဉ်ရှိတဲ့

သူငယ်ချင်းရဲ့ ဈာပန အခမ်း အနားကို ရောက်အောင် လာခဲ့ပါတယ်နော်။ ဒီဆင်ကြီးရဲ့ သူငယ်ချင်း ကတော့ အိန္ဒိယနိုင်ငံကနေ Omanchetan ဆိုသူ အမျိုးသားဖြစ်ပြီး သူတို့ နှစ်ယောက်ရဲ့ သူငယ်ချင်းသက်တမ်းဟာ ၂၅ နှစ်လောက်ရှိနေပါပြီ။ ဒီဆင်ကြီးနဲ့ Omanchetan တို့ဟာ

နေ့တိုင်းအတူတကွ ဖြတ်သန်းခဲ့ကြပြီးတော့ Omanchetan က အရင်နှုတ်ဆက်ထွက်ခွာ သွားခဲ့တဲ့အတွက် ဆင်ကြီးက တော်တော်လေးစိတ်မကောင်းဖြစ်သွားခဲ့ရတာပါ။ ဒါ့ကြောင့်ပဲ ဒီဆင်ကြီးဟာ သူ့ရဲ့ဘော်ဒါကြီး Omanchetan ကို

နောက်ဆုံးနှုတ်ဆက်ဖို့အတွက် ဈာပနအခမ်းအနားကို ၁၅ မိုင်လောက်ခရီးနှင်ပြီးတော့ ရောက်အောင်လာခဲ့တာပါ။ ဆင်ကြီးဟာ သူ့ရဲ့သူငယ်ချင်း Omanchetan ရဲ့ ဈာပန အခမ်းအနားကို ရောက်လာထဲက ဝမ်းနည်းနေတဲ့ပုံစံ ဖြစ်နေပြီးတော့

Omanchetanရဲ့အလောင်းကို နောက်ဆုံး အလေးပြုပြီးတော့  ဈာပနအခမ်းအနားကနေ ပြန်လည်ထွက်ခွာသွားတဲ့အချိန်မှာလည်း ခြေလှမ်းတွေက အရင်လို သွက်သွက်လက်လက် မရှိတော့ပါဘူးနော်။ နောက်ထပ်စိတ်မကောင်းဖြစ်စရာတစ်ခုက

Omanchetan ဟာလည်း သူ့ရဲ့နောက်ဆုံးဆန္ဒအနေနဲ့ ဆင်ကြီး Brahmadathan ကိုမြင်ချင်ခဲ့တာဆိုပေမယ့် တွေ့ခွင့်မရခဲ့ကြပါဘူးတဲ့။ဒီအဖြစ်အပျက်ဟာ ကိုယ်အချစ်ဆုံး

သံယောဇဉ် အရှိဆုံး လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်က တော်တော်လေး ကြေကွဲစရာကောင်းတယ်ဆိုတာကို ဆင်ကြီး Brahmadathan ကဖော်ထုတ်ပြသခဲ့သလိုပါပဲနော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *