ကမ္ဘာ့ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲစဉ်များ

ဒါဘီပွဲစဉ်တွေဟာ ပရိတ်သတ်တွေရဲ့အပြုအမူကြောင့်သော်လည်းကောင်း၊ သက်ဆိုင်ရာအသင်းတွေရဲ့ အောင်မြင်မှု အရှိန်အဝါကြောင့်သော်လည်းကောင်း ပြိုင်ဆိုင်မှု ပြင်းထန်တတ်ကြပါတယ်။နာမည်ကြီးဘောလုံးမဂ္ဂဇင်း Fourfourtwoဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဒါဘီပွဲစဉ်တွေကို ဖော်ပြပေးခဲ့ပါတယ်။ဒါပေမယ့် ယခုဖော်ပြမယ့် ကလပ်အသင်းတွေဟာ ဒါဘီပွဲစဉ်တစ်ပွဲမှာ ပါဝင်ခွင့်ရမှာပါ။ဆိုလိုတာကတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်း နဲ့ယှဉ်ပြိုင်ရတဲ့ မန်ချက်စတာဒါဘီ (ဒါမှမဟုတ်) လီပါပူးအသင်းနဲ့ယှဉ်ပြိုင်ရတဲ့ အင်္ဂလန်ဒါဘီ စတဲ့ ဒါဘီနှစ်ခုထဲက တစ်ခုမှာသာ ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ကဲ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဒါဘီပွဲစဉ်တွေကို ကြည့်လိုက်ကြရအောင်ဗျာ။

၅၀။ရှက်ဖီးလ် ယူနိုက်တက် vs ရှက်ဖီးလ် ဝမ်းနက်စဒေး(အင်္ဂလန်)။ ၄၉။ဘလွန်းမင်း vs အိုရီရန်တို ပီထရိုလီယို( ဘိုလီဗီးယား)။ ၄၈။ပေါ့တ်လန်းတင်ဘာ vs ဆီယက်တယ်လ် ဆောင်ဒါ(ယူအက်စ်အေ)။ ၄၆။နယူးဝဲလ်အိုးလ်ဘွိုင်းလ်စ် vs ရိုတာရီယို ဆန်ထရာ(အာဂျင်တီးနား)။ ၄၅။ဘီဘာအို vs ဆိုစီဒက်(စပိန်)။၄၄။အဲဗာတန် vs ဆန်တီယာဂျု ဝမ်းဒါးယါး(ချီလီ)။ ၄၃။ဖက်စီ ဆိုလ်း vs စီဝန် ဘလူးဝင်း(တောင်ကိုးရီးယား)။ ၄၂။ဘာဟီးယား vs ဗစ်တိုးရီးယား(ဘရာဇီးလ်)။

၄၁။ဒိုင်နမိုမော်စကို vs စပါးတပ်မော်စကို( ရုရှား)။ ၄၀။အမေရိက vs ဒီပို့တီပို့ကာလီ(ကိုလမ်ဘီယာ)။ ၃၉။ဟမ်းဘတ် vs စိန့်ပေါ်လီ(ဂျာမနီ)။ ၃၈။အလိုင်းရန့်လီမာ vs ယူနီဗာစီတီရို( ပီရူး)။ ၃၇။CFKA ဆိုဖီယာ VS လပ်စကီ ဆိုဖီယာ(ဘူဂေးရီးယား)။

Add a Comment

Your email address will not be published. Required fields are marked *