အိမ်ဖော်နဲ့ ဖောက်ပြန်တဲ့ ခင်ပွန်းသည် အကြောင်းကို အိမ်ရှင်မဆီမှာ ဖော်ထုတ်ခဲ့တဲ့ ကြက်တူရွေး

အိမ်ဖော်နဲ့ဖောက်ပြန်တဲ့ ခင်ပွန်းသည်အကြောင်းကို အိမ်ရှင်မဆီမှာ ဖော်ထုတ်ခဲ့တဲ့ ကြက်တူရွေး

ကြက်တူရွေးဟာ လူစကား မတောက်တခေါက်ပြောတတ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေဟာ တစ်ခါတလေ ရာဇဝတ်မှုတွေကိုဖော်ထုတ်ရာမှာ လိမ္မာပါးနပ်ကြပါတယ်နော်။ အခုလည်း အိမ်မွေးကြက်တူရွေးတစ်ကောင်ဟာ အိမ်ဖော်နဲ့ဖောက်ပြန်တဲ့

ခင်ပွန်းသည်အကြောင်းကို ဖောက်သည်ပြန်ချခဲ့တာပါ။ဒီလို ပြုလုပ်ခဲ့တဲ့အတွက် အိမ်ရှင်အိမ်ထောင်သည်ယောက်ျားဟာ ဇနီးနဲ့ ကွာရှင်းရမလို၊ ထောင်ဒဏ် ကျခံရမလိုအထိကို ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။အဲဒီ မိသားစုရဲ့နာမည်တွေကို ဖော်ပြမထားပေမယ့်

ဒီသတင်းကို ကြက်တူရွေးက အိမ်ရှင်မရှေ့မှာ စာရွတ်သလို တတွတ်တွတ်ရွတ်ဆိုခဲ့တာပါ။ အိမ်ရှင်မကလည်း ပထမတော့ ကြက်တူရွေးတို့ သာလိကာတို့ ထုံးစံအတိုင်း ပေါက်တက်ကရ လျှောက်ပြောနေတယ်ပဲ မှတ်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီကစ္စဟာ အမှန်တကယ်ဖြစ်တယ်ဆိုတာကို ရိပ်မိခဲ့တယ်လို့ ဆိုပါတယ်နောါ။နောက်ပိုင်းမှာ ခင်ပွန်းသည်ကို တပ်အပ်စွပ်စွဲတဲ့အခါ ခင်ပွန်းသည်က လုံးဝ မဟုတ်ကြောင်း၊ အိမ်ဖော်အမျိုးသမီးကို လက်ဖျားနဲ့ပင် မထိဘူးကြောင်း ဗြောင်လိမ်တဲ့အခါ အိမ်ရှင်မက လုံးဝ

မနေသာတော့ပဲ ရဲစခန်းကို သွားရောက်တိုင်တန်းခဲ့ပါတယ်တဲ့။ ဒီအဖြစ်အပျက်ဟာ ကူဝိတ်နိုင်ငံ Gulf ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တာပါ။တရားသူကြီးတွေဟာ အိမ်ရှင်မရဲ့စွပ်စွဲချက်ကို လက်ခံခဲ့ပြီးတောါ သက်သေအဖြစ် တင်သွင်းတဲ့

အိမ်မွေးကြက်တူရွေးကိုတော့ တရားဥပဒေအရ အကြုံးမဝင်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်တဲ့။ ဒီပြစ်မှုသာ ခိုင်လုံရင် ကူဝိတ်မှာတော့ ထောင်ဒဏ်အနှစ် 20လောက်အထိ ချမှတ်နိုင်တဲ့အမှုပါ။ ဒါပေမယ့် တရားသူကြီးတွေဟာ အဓိကသက်သေအဖြစ် တင်သွင်းတဲ့ကြက်တူရွေးကို ငြင်းပယ်ခဲ့လို့သာ

အိမ်ထောင်ရှင်အမျိုးသား သက်သာရာရခဲ့ခြင်း ဖြစ်ပါတယ်နော်။ဒါကိုပင် အိမ်ရှင်မက မကျေနပ်သေးဘဲ သူမရဲ့ ခင်ပွန်းဟာ အလုပ်ကနေ စောစောပြန်ရောက်နေတတ်ပြီး၊ သူမကိုယ်တိုင် ရုံးကစောစောပြန်လာတဲ့နေ့တွေဆိုရင် ပြဿနာရှာလေ့ရှိကြောင်း၊ ဒါဟာ လင်ယောက်ျားရဲ့ ဖောက်ပြန်မှုအတွက် သံသယဖြစ်စရာ

အချက်ဖြစ်ကြောင်း လျှောက်လဲခဲ့ပေမယ့်လည်း တရားရုံးက သံသယဖြစ်ခြင်းဟာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဖူးလို့ ကြားနာမှု 2 နာရီအကြာမှာ အမှုကို ရုပ်သိမ်းခဲ့ပါတယ်နော်။ဒါပေမယ့် ယခုနှစ် အစောပိုင်းတုန်းကတော့ ကြက်တူရွေးတစ်ကောင်ကပဲ ပိုင်ရှင်ဖြစ်တဲ့ Suzy ဆိုတဲ့

အမျိုးသမီးရဲ့ဖောက်ပြန်မှုကိုဖော်ထုတ်ခဲ့လို့ Suzy ဟာ ချစ်သူ Chris ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရကြောင်း သတင်းတစ်ရပ်က ဆိုထားပါတယ်နော်။ အဲဒီကြက်တူရွေးကChris ရဲ့ရှေ့မှာ Gray ကို ချစ်တယ် … Gray ကို ချစ်တယ်

လို့ မကြာခဏ ပြောခဲ့တဲ့အတွက် Suzy ကို မသင်္ကာလို့ Chrisကိုယ်တိုင်လက်ပူးလက်ကြပ် ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *