အစာကျွေးခဲ့သူကို နောက်နေ့မှာ အကြွေး ချက်ချင်းပြန်လာဆပ်ခဲ့တဲ့ လမ်းဘေး ခွေးလေး

အစာကျွေးခဲ့သူကို နောက်နေ့မှာ အကြွေးချက်ချင်းပြန်လာဆပ်ခဲ့တဲ့ လမ်းဘေး ခွေးလေး

ပြီးခဲ့တဲ့ ဆောင်ရာသီက ငါးစိမ်သည် အမျိုးသမီးက သူမရဲ့ဆိုင်ရှေ့မှာ ဆာလောင် နေပြီးတော့ အေခဲလွန်းတဲ့ ဒဏ်ကြောင့် ဒုက္ခရောက် နေတဲ့ခွေးလေးကို မကြည့်ရက်တဲ့ဘအဆုံး သူမရဲ့စားကြွင်းစား ကျန်တွေကို နွေးပြီး ခွေးလေးကို ကျွေးခဲ့ပါတယ်တဲ့။

သူမ နဲ့ ခွေးလေးရဲ့ တွေ့ဆုံမှုက အဲ့ကနေ စတင်ခဲ့တာပါနော်။ နောက်ရက် တွေမှာတော့ ခွေးလေးဟာ နေ့ရော ညပါ မကြာခဏသူမရဲ့ဆိုင်ကို အလည်လာခဲ့ ပါတယ်တဲ့။ ခွေးလေးဟာ ပြသာနာမရှာဘဲ သူမရဲ့ဆိုင်ကို ကြည့်ရှုစောင့်ရှောက်ကူ နေခဲ့ပါတယ်နော်။

တစ်ရက်မှာတော့ သူခိုးက သူမရဲ့ပိုက်ဆံ အိတ်ကို ခိုးယူသွားခဲ့ချိန် ခွေးလေး ဟာ အလျင်အမြန်ဘဲ ပိုက်ဆံအိတ်ကို လိုက်ဆွဲယူခဲ့တာပါ။ခွေးလေးရဲ့ အပြုအမှုလေးက ချစ်ဖို့ကောင်းလွန်းနေလို့ သူမကလည်း ကျန်ရှိနေတဲ့အစားအစာတွေကို

နွေးပြီး ခွေးလေးကိုထပ်မံကျွေးခဲ့ပါတယ်တဲ့။ နောက်ပိုင်း ခွေးလေး နဲ့ သူမတို့ ပိုမိုရင်းနှီးလာခဲ့ပြီးတော့ ခွေးလေးဟာလည်း သူမရဲ့စောင့်ရှောက်မှုကြောင့် အတော်လေးနေပြန်ကောင်လာခဲ့ပါတယ်တဲ့။သို့ပေမဲ့လည်း ခွေးလေးဟာ အခြားခွေးတွေနဲ့မတူဘဲ

အရမ်းကို တာဝန်သိတတ် စိတ်ရှိနေခဲ့ ပါတယ်နော်။ အဲတာကတော့ ဆိုင်ရှင် တစ်ယောက်လို သူမရဲ့ဆိုင်ကို အမြဲ စောင့်ကြည့်ပေးနေလို့ပါပဲနော်။ဒေသခံတွေ ကလည်း အဆိုပါ ဆိုင်လေးထဲမှာ ဆိုင်ရှင်သူဋ္ဌေးလို အမြဲဆိုင်စောင့်နေတဲ့

ခွေးလေးတစ်ကောင် ရှိနေမှန်း သိလို့ အမြဲလာရောက်ကြည့်ရှုကြပြီးတော့ ဆိုင်ကို အားပေးဝယ် ယူသူတွေကလည်း တိုးများလာခဲ့ပါတယ်တဲ့။ ခွေးလေးဟာ သူ့အပေါ် ချစ်ခြင်းမေတ္တာ ၊ ဂရုစိုက်မှုတွေနဲ့ ကယ်တင်ပေးခဲ့တဲ့

ငါးစိမ်းသည် အမျိုးသမီးကို သူမရဲ့ဆိုင်အား ပြန်စောင့်ကြည့်ပေးတဲ့ လုပ်ရပ်မျိုးနဲ့ ကျေးဇူးဆပ်နေခဲ့ပါတယ်နော်။ တစ်ကယ့်ကို ကျေးဇူးကြွေး ပြန်ဆပ်တတ်တဲ့ ခွေးလေးလို့ ပြောရမှာပါ။Jasmine (Mckzone Daily)Source : goodtimes

Add a Comment

Your email address will not be published. Required fields are marked *