စားစရာမရှိလို့ ညစ်ပတ်နေတဲ့ပုံးတစ်လုံးနဲ့ ဆွမ်းကျန်တွေလာတောင်းရရှာတဲ့ အဖွားအိုရဲ့ စိတ်မကောင်းစရာ အဖြစ်

စားစရာမရှိလို့ ညစ်ပတ်နေတဲ့ပုံးတစ်လုံးနဲ့ ဆွမ်းကျန်တွေလာတောင်းရရှာတဲ့ အဖွားအိုရဲ့ စိတ်မကောင်းစရာ အဖြစ်

လက်ရှိ အခြေ အနေတွေကြောင့် အနယ်နယ် အရပ်ရပ်က ပြည်သူတွေမှာစားဝတ်နေရေး အပြင် အ ခ က်အခဲတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရတာလည်း တော်တော် များများသိမြင်ကြမှာပါနော်။အခုကတော့ အသက် အရွယ် အိုမင်း နေသလို

လတ်တလော အခြေအနေ တွေကြောင့် သားတွေနဲ့ ဝေးကွာနေပြီး တစ်ယောက်တည်း ခက်ခက်ခဲခဲဖြ တ်သန်းနေရတဲ့ အဖွားတစ်ယောက်ရဲ့ စိတ်မကော င်းစရာ အကြောင်း အရာလေးကို ပြောပြချင်ပါတယ်။စစ်ဘေး ရှောင်ပြည်သူတွေအတွက်

ကူညီ လှူဒါန်းပေးဖို့သွားရင် တွေ့ခဲ့ရတဲ့ ရှမ်းလူမျိုး အဖွားတစ်ယောက်ကတော့ စားစရာမရှိလို့ ညစ်ပတ်နေတဲ့ ပုံးတစ်လုံးနဲ့ ဆွမ်းကျန်တွေလာတောင်းရင်း ကြုံ တွေ့ ခံစားနေရတဲ့အခက်အခဲတွေကို ငိုပြီး ပြောပြခဲ့တာပါ။

အသဲနှလုံးတွေ နာကျင်ရတဲ့နေ့တနေ့. ။ဒီနေ့အလှူသွားတဲ့ နေရာတစ်ခုမှာ ကျွန်မတို့ ပြန်ခါနီးမှ ဒီအဖွားက ပုံးအစိမ်းလေးနဲ့ ရောက်လာတယ်။ ဆွမ်းကျန်လေးတွေ လာတောင်းတာတဲ့။အဲ့က အမတစ်ယောက်က သူ့ပုံးစိမ်းလေးထဲကို

ဆွမ်းကျန်တွေထည့်ပေးလိုက်တယ်။ဆွမ်းကျန်တွေက ဘာလုပ်ဖို့လဲလို့ မေးကြည့်လိုက်တော့ သူစားဖို့တဲ့၊ အဖွားရဲ့ပုံးကမသန့်ဘူး ဘာတွေပေနေမှန်းမသိ။ ပြီးတော့သူ့ကို ဆေးလေးနည်းနည်းလောက်ပေးဖို့တောင်းလို့ Nu trivita

တစ်ဘူးပေးလိုက်တယ်။.ငိုပြီးတော့ပြောရှာတယ် ခုကသူတစ်ယောက်ထဲနေတာတဲ့ ။တိုက်ပွဲတွေဖြစ်တော့ မော်ထဲက သူ့သားတွေက ပြန်လာလို့ရဘူးတဲ့ပိုက်ဆံတွေလည်းပို့ပေးလို့မရလို့ မပို့ပေးကြလို့ အဖွားက စားစရာမရှိဘူးတဲ့. . .

အာ့ကြောင့် စားဖို့ ဆွမ်းကျန်လာတောင်းစားတာတဲ့။ကိုလူခေးလည်း အဖွားသုံးဖို့ ငွေသားလှူပေး လိုက်တယ်။ကျွန်မလည်း အလှူ Budget ထဲကမဟုတ်ပဲ ကျွန်မရဲ့ မုန့်ဖိုးနည်းနည်းလေးကို အဖွားကိုလှူလိုက်တယ်။

အပြစ်မဲ့တဲ့ ပြည်သူတွေ မိသားစုတကွဲတပြား နေနေရတယ် ။တချို့တွေဆို မိသားစု မစုံတော့ဘူး. ဆိုပြီးတော့ ကူညီဖေးမခဲ့တဲ့ပြည်သူတ စ်ဦးက အဖြစ်အပျက်လေးတွေကို စိတ်မကောင်းစွာရေးသားပြောပြထားတာပါနော်။credit

Add a Comment

Your email address will not be published. Required fields are marked *