Ghost Rider ရုပ်ရှင်ဇာတ်ကားထဲကလို ဆိုင်ကယ်ကို မီးရှို့ပစ်ပြီး လက်တွေ့မောင်းနှင်ပြခဲ့တဲ့ အမျိုးသား

Ghost Rider ရုပ်ရှင်ဇာတ်ကားထဲကလို ဆိုင်ကယ်ကို မီးရှို့ပစ်ပြီး လက်တွေ့မောင်းနှင်ပြခဲ့တဲ့ အမျိုးသား

၂၀၀၇ ခုနှစ်တုနးက ထွက်ရှိခဲ့တဲ့ နာမည်ကြီးရုပ်ရှင် ဇာတ်ကားတစ်ခုဖြစ်တဲ့ Gost Rider ရုပ်ရှင် ဇာတ်ကားကိုတော့ ကြည့်ဖူးကြမှာပါနော်။အိန္ဒိယနိုင်ငံရှိ Mr. India Hacker အမည်ရှိ YouTuber အမျိုးသား တစ်ဦးကတော့

Ghost Rider ရုပ်ရှင် ဇာတ်ကားကို အတုခိုးပြီး မကြောက်မလန့်နဲ့ သူ့ရဲ့မော်တော် ဆိုင်ကယ်အား တမင် မီးလောင်အောင် လုပ်ခဲ့ပါတယ်နော်။ဒီဗီဒီယိုဟာ likes ၅၀၀,၀၀၀ ကျော် ရရှိခဲ့ပေမဲ့လည်း အန္တရာယ်များတဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို

မကြိုက်တဲ့ လူအရေအတွက်လည်း ၁၆၀၀၀ ကျော်တိုးများလာခဲ့ပါတယ်နော်။ဒီ YouTuber ရဲ့လှုပ်ရှားမှုဟာ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost Rider ရုပ်ရှင်ဇာတ်ကားထဲက Nicholas အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့စိတ်ကူးယဉ်ဇာတ်ကောင်ကို

ပြန်လည်တုပထားတာပါတဲ့။Nicholas ဟာလူ့အရိုးစုတစ်စုရဲ့ပုံသဏ္ဍာန်နဲ့ မီးလောင်နေတဲ့ခန္ဓာကိုယ်ဖြင့် မီးလောင်နေတဲ့ ဂန္ထဝင် မော်တော်ဆိုင်ကယ်ကို စီးနင်းခဲ့တာပါ။Mr. Indian Hacker က တန်ဖိုးကြီးပေးရလောက်မယ့်

သူ့ရဲ့Pulsar 220 မော်တော်ဆိုင်ကယ်ရဲ့ဘီးတာယာကို အဝတ်စနဲ့ပတ်ပြီး အဝတ်စကိုဓာတ်ဆီတွေလောင်းချပစ်ခဲ့ပါတယ်နော်။သူ ဆိုင်ကယ်မောင်းနေစဉ်အတွင်း Ghost Rider ရုပ်ရှင်ဇာတ်ကားမှာတွေ့ရတဲ့အတိုင်း တကယ်လည်း

သူ့ရဲ့ဆိုင်ကယ်ဘီးမှာ မီးတွေတဟုန်းဟုန်းတောက်လောင်နေခဲ့တာပါ။Mr. Indian Hacker ဟာ သူ့ရဲ့ဗီဒီယိုဟာ ဖျော်ဖြေဖို့သက်သက်သာရည်ရွယ်ပြီး ဒီဗီဒီယိုလုပ်ဆောင်မှုအားလုံးက လုံခြုံစိတ်ချရတဲ့နေရာ၊ပြီးပြည့်စုံတဲ့

စက်ကိရိယာတွေနဲ့သာပြုလုပ်ထားကြောင်း သတိပေးခဲ့ပါတယ်နော်။Mr. Indian Hacker က အိမ်၊ကျောင်း ဒါမှမဟုတ် အခြားဘယ်နေရာမှာမဆို သူ့လို Ghost Rider ကိုလိုက်မတုပဖို့ လူအများကိုတောင်းဆိုခဲ့ပါသေးတာပါ။

ဒီဗီဒီယိုရိုက်ကူးနေတုန်း ဘယ်သူမှထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ Mr. Indian Hacker ကထပ်မံဖြေကြားခဲ့ပါသေးတယ်နော်။Mia (Mckzone Daily)

Tags:

Add a Comment

Your email address will not be published. Required fields are marked *