၁။ Royal One
၎။ စူပါဂလူး ကော်
၅။ ကိုကာကိုလာ အချိုရည်
Unicode…အမှတ်မထင် လုပ်မိတဲ့ အရာတွေကနေ အရမ်း ချမ်းသာသွားတဲ့ သူများ
လူတစ်ယောက်ရဲ့ ကံဆိုတာ ပြောလို့မရပါဘူးနော်။လှံထမ်းလာတာ မြင်ရတယ် ကံထမ်းလာတာကို မမြင်ရဘူးဆိုတဲ့ စကားပုံလည်း ရှိပါတယ်နော်။
အခု ပြောပြပေးမှာကတော့ မတော်တဆ ရှာဖွေမူတေကနေ ချမ်းသာသွားကြတဲ့ လူတေ အကြောင်းဘဲဖြစ်ပါတယ်နော်။
၁။ Royal One
သြစတြေးလျနိုင်ငံမှ သတ္တုတူးဖော်ရေးသမားတစ်ဦးက သာမန်ကျောက်တုံးများကို စုဆောင်းနေခဲ့တာဖြစ်ပြီး သူ့ရဲ့ရေပုံးအောက်ခြေကနေ တောက်ပနေတဲ့ ကျောက်တုံးကြီးတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ ကြည့်ရတာလဲ တော်တော်ကြည့်ကောင်းတာနဲ့ သူဟာ ကောက်ယူထားလိုက်ပါတယ်။ ၁၄ နှစ်ကြာပြီးနောက်မှာ သူက ထိုကျောက်တုံးကို
ကျောက်မျက်ကျွမ်းကျင်သူထံ ပြသခဲ့တဲ့အချိန်မှာတော့ ထိုကျောက်က ဒေါ်လာ ၃ သန်းကျော်တန်ဖိုးရှိသည့် အလွန်ရှားပါးသော အနက်ပြာရောင် opal တစ်ခုဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်နော်။ ၎င်းကျောက်ကို “ Royal One ” ဟုအမည်ပေးခဲ့ပါတယ်နော်။
၂။ ဒေါ်လာ ၆၃,၀၀၀၀ တန် ဝေလငါးအန်ဖက်ကို ကောက်ရခဲ့တဲ့ ကောင်လေး
ဗြိတိန်မှ ၈ နှစ်အရွယ် Charlie Naysmith ဆိုသူကောင်လေးနှင့် သူ့ရဲ့အဖေတို့ဟာ ကမ်းခြေတစ်ခုမှာ လမ်းလျောက်ထွက်နေတုန်းမှာ ထူးခြားသော ကျောက်တုံးတစ်တုံးကို တွေ့ရှိခဲ့ပါတယ်။ ထိုကျောက်တုံးကို အိမ်သို့ယူဆောင်လာခဲ့ပြီး Google
တွင်၎င်းကျောက်နှင့်ပုံစံတူကိုရှာဖွေကြည့်ရာ ဝေလငါးအန်ဖက် ( သို့ ) ငါးကြီးအန်ဖက် ဖြစ်ကြောင်းသိခဲ့ရပါတယ်နော်။ ဝေလငါးအန်ဖက် ( သို့ ) ငါးကြီးအန်ဖက် သည် ရေမွှေးထုတ်လုပ်ရာတွင် အလွန်တန်ဖိုးရှိသော ပါဝင်ပစ္စည်းဖြစ်ပါတယ်နော်။
၃။ ဒေါ်လာ ၃၁၅,၀၀၀ တန်သော ၅.၅ ကီလိုဂရမ်ရှိတဲ့ ရွှေတွေကို မတော်တဆရှာတွေ့မိသွားသူ
သြစတြေးလျနိုင်ငံမှ ဒေသခံလယ်သမားတစ်ဦးဟာ သူ၏အိမ်ပတ်ပတ်လည်ရှိ ခြံမြေထဲတွင် သတ္တုရှာဖွေစက်တစ်ခုနှင့်အတူ ဟိုရှာဒီရှာလုပ်နေစဉ် တစ်ခုခုကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုအရာတွေကတော့
ရွှေအိတ်ငယ်အချို့ဘဲဖြစ်နေပါတယ်။ ဆက်လက်တူးဖေါ်လိုက်တဲ့ အခါမှာတော့ ဒေါ်လာ ၃၁၅,၀၀၀ တန်သော ၅.၅ ကီလိုဂရမ်ရှိတဲ့ ရွှေတွေကိုတွေ့ရှိသွားခဲ့ပါတယ်နော်။
၄။ စူပါဂလူး ကော
အမေရိကန်ဓာတုဗေဒပညာရှင် Harry Coover ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ ပလတ်စတစ်ကိုအသုံးပြုပြီး သေနတ်များတီထွင်ရန်ကြိုးစားနေချိန်တွင် ၎င်းသေနတ်များပြုလုပ်ရာတွင် အသုံးပြုသော ပါဝင်ပစ္စည်းများရဲ့ ဒြပ်ပြုမှုကနေ
စူပါကော်ကိုမတော်တဆတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၎င်းစူပါဂလူးကော်ဟာ ၁၉၈၅ ခုနှစ်တွင်အလွန်လူကြိုက်များသည့် ( ယနေ့အချိန်ထိလဲ ရောင်းအားအကောင်းဆုံး ပစ္စည်း ) စီးပွားဖြစ်ကုန်ပစ္စည်းတစ်ခု ဖြစ်လာပြီးဒေါ်လာ ၂.၅ ဘီလီယံခန့်ရရှိခဲ့ပါတယ်နော်။
၅။ ကိုကာကိုလာ အချိုရည်
ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အချိုရည်များထဲက တစ်ခု ဖြစ်လာခဲ့တဲ့ ကိုကာကိုလာအချိုရည်ဟာဆိုရင်တော့ John Pemberton လို့ခေါ်တဲ့ သိပ္ပံပညာရှင်က ခေါင်းကိုက်ပျောက်ဆေး ထုတ်လုပ်ရန် စမ်းသပ်နေတုန်းမှာ မထင်မှတ်ပဲ အချိုရည်ဖြစ်သွားခဲ့တာပါ။
John Pemberton ရဲ့လက်ထောက်က ဆေးရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကိုကာရွက်နှင့်ကိုလာသီးကို ကာဗွန်နိဒ်နှင့် အဆမတန်ရောစပ်မိသွားခဲ့တာကနေ
အစပြုခဲ့တယ်လို့ဆိုပါတယ်နော်။ ယနေ့မှာတော့ ကိုကာကိုလာ အချိုရည်ဟာဆိုရင် ကမ္ဘာပေါ်မှာရောင်းအားအကောင်းဆုံး အချိုရည်တစ်ခုဖြစ်လာခဲ့ပါတယ်နော်။Credit
Add a Comment
Your email address will not be published. Required fields are marked *