ရေနုတ်မြောင်းတူးရင်း ရှေးခေတ် ရောမဒင်္ဂါးအိုးပေါင်း ၁၉ လုံးကို အမှတ်မထင် တွေ့ရှိခဲ့တဲ့ ဆောက်လုပ်ရေးသမားများ

ရေနုတ်မြောင်းတူးရင်း ရှေးခေတ်ရောမဒင်္ဂါးအိုးပေါင်း ၁၉ လုံးကို အမှတ်မထင်တွေ့ရှိခဲ့တဲ့ ဆောက်လုပ်ရေးသမားများ

ဥရောပနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်သားများက ဥယျာဉ်တစ်ခုသို့လျှပ်စစ်ဓာတ်အားထုတ်လွင့်နိုင်ရန်အတွက် ရေနုတ်မြောင်းတူးနေစဉ် ဟောင်းနွမ်းနေတဲ့ အိုးဟောင်းများကို တွေ့ရှိခဲ့တာပါ။အဆိုပါအိုးမတွေကို Amphoras လို့ ခေါ်ကြပြီးတော့

အိုးတွေကို ရောမ အင်ပါယာက ဥရောပကို စိုးမိုးခဲ့တဲ့ အချိန်တုန်းမှာ ပြုလုပ်ခဲ့ကြတာပါတဲ့။ဆောက်လုပ်ရေး လုပ်သားများက အဆိုပါအိုးဟောင်းများရဲ့ အနီးဝန်းကျင်ရှိ အညစ် အကြေးများကို

ဖယ်ရှားပြီး နောက်မှာ အိုးထဲမှာ ဒင်္ဂါးပြားများနှင့်ပြည့်နှက်နေတာကို တွေ့ရှိခဲ့ကြပါ တယ်နော်။ထို့နောက် တစ်ကယ် လည်း အဲ့ဧရိယာတစ်ဝိုက်မှာ Amphoras (၁၉) ခုထွက်ပေါ်လာခဲ့ပြီး Amphoras အိုးအလုံးတိုင်းမှာ

ရောမအင်ပါယာရဲ့ကြေးဝါဒင်္ဂါးပြားများနှင့် ပြည့်နှက်နေခဲ့ပါတယ်တဲ့။ဒင်္ဂါးပြားများရဲ့ စုစုပေါင်းအလေးချိန်ကတော့ ပေါင် ၁၃၀၀ ခန့်ရှိပြီး ၎င်းဒင်္ဂါးပြားတွေက အေဒီ ၃ သို့မဟုတ် အေဒီ ၄ ရာစုခန့်က ဒင်္ဂါးများဖြစ်ပါတယ်နော်။

အံ့ဩစရာကောင်းတာက အဆိုပါင်္ဒဂါးပြားများကို ရောမခေတ်က အမှန်တကယ် အသုံးပြုခဲ့ခြင်းမရှိခဲ့ဘူးလို့ သုတေသီများက ဆိုထားပါတယ်နော်။အဆိုပါ Amphoras အိုးများကို ဝိုင်၊ သံလွင်ဆီနှင့်အခြားအစားအစာများ သိုလှောင်သိမ်းဆည်းဖို့သာ

အသုံးပြုတာပါနော်။အဆိုပါဒင်္ဂါးပြားတွေထဲမှာ Maximian နဲ့ Constantine တို့ပါဝင်ပြီးတော့ ယနေ့ခေတ်ကာလအရ အနည်းဆုံးယူရိုသန်းပေါင်းများစွာ တန်ပါတယ်တဲ့။သုတေသီများက ၎င်းအကြွေစေ့တွေကို အသေအချာစစ်ဆေးပြီးတာနှင့်

လူတိုင်း ကြည့်ရှုနိုင်အောင် Seville ရှေးဟောင်းသုတေသနပြတိုက်သို့ ပို့ဆောင်ထားရှိမယ်လို့ ဆိုထားပါသေးတယ်နေိာ။ သုတေသီများက အခုလိုစုဆောင်းမှုမျိုးကို တစ်ခါမှမတွေ့ဖူးခဲ့တာကြောင့်ဘဲ အဆိုပါဒင်္ဂါးပြားတွေဆီကနေ

သူတို့ရရှိနိုင်မယ့် ဗဟုသုတတွေကိုသိဖို့ အရမ်းစိတ်လှုပ်ရှားနေကြရပါတယ်။ဒီ Amphoras အိုးဟောင်းထဲက ဒင်္ဂါးပြားတွေကို နှစ်ပေါင်းရာချီမြေအောက်မှာ မပျက်မစီးဘဲ

မြုပ်နှံထားနိုင်ခဲ့တာကိုက အတော်လေး အံ့သဩစရာကောင်းလှနေပါတယ်နော်။Mia (Mckzone Daily)Source : buzznicked

Tags:

Add a Comment

Your email address will not be published. Required fields are marked *