ဖုန်းသုံးတဲ့အခါ လူတိုင်း လုပ်မိတက်တဲ့ မကောင်းတဲ့ အမှား (၅)ခု

ဖုန်းသုံးတဲ့အခါ လူတိုင်း လုပ်မိတက်တဲ့ မကောင်းတဲ့ အမှား (၅)ခု

ဖုန်းတွေဟာ လူတွေနဲ့ အမြဲတမ်းအတူရှိတဲ့ အဖော်တစ်ယောက်လို ဖြစ်နေပါပြီ။ဒါကြောင့် ဖုန်းသုံးတဲ့ အခါမှာ အမှားတေမဖြစ်အောင် ဖော်ပြလျုကိပါတယ်။

(၁) ဖုန်းနဲ့အတူအိပ်ခြင်း။

ဖုန်းဆိုတာဟာ အခြေခံအားဖြင့် လျှပ်စီးသံလိုက်စက်ကွင်းတွေကို ကူးပြောင်းပေးတဲ့၊ လက်ခံပေးတဲ့ ပစ္စည်းတစ်ခုပါ။ဆိုလိုချင်တာက ဖုန်းကနေ ရေဒီယိုလှိုင်းတွေ ထွက်ပါတယ်။ရေဒီယိုလှိုင်းတွေနဲ့ အချိန်ကြာထိတွေ့ခြင်းက

ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။နောက်ပြီး ဖုန်းကိုအနားမှာထားအိပ်တဲ့အခါ ဖုန်းမက်ဆေ့စ်ပဲဖြစ်ဖြစ် Noti တက်လာတဲ့အခါ ဦးနှောက်က နိုးထသွားပြီး အိပ်စက်ခြင်းစက်ဝန်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင် ဖုန်းပိတ်အိပ်ပါ၊ Airplane Mode လုပ်အိပ်ပါ။ ဒါမှမဟုတ် ဖုန်းကို အခြားအခန်းမှာ ထားထားလိုက်ပါနော်။

(၂) ဆက်သွယ်မှုလိုင်း အားနည်းနေချိန် အသုံးပြုခြင်း။

ဖုန်းလိုင်းအားနည်းလေ၊ ဖုန်းကနေ ရေဒီယိုသံလိုက်လှိုင်းတွေကို ပိုစုတ်ယူရလေပါ။ အဲလိုအချိန်မှာ ဖုန်းကနေ စွမ်းအင်တွေ အများကြီးသုံးနေရတဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေပါတယ်နော်။ဒါကြောင့်ဘဲ ဖုန်းလိုင်းအား နည်းနေချိန်မှ

ာ မဖြစ်မနေဖုန်းဆက်ရမယ့် ကိစ္စရှိရင် ကြိုးဖုန်းသုံးဖို့၊ လက်ကိုင်ဖုန်းကို လူနဲ့တက်နိုင်သမျှ ဝေးဝေးထားဖို့ စာအုပ်ကိုရေးသားသူ ဒေါက်တာ Devra Davis က အကြံပြုထားပါတယ်။ဒါ့အပြင် ဖုန်းလိုင်းအားကျနေတဲ့အချိန် ဖုန်းသုံးခြင်းက ဖုန်းအပူချိန်တက်စေတာပါ။

(၃) ဖုန်းကို အသားအရေနဲ့ထိတွေ့ခြင်း

ဆဲလ်ဖုန်းသုံးခြင်းနဲ့ ကင်ဆာရောဂါကြားမှာ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ လေ့လာတွေ့ရှိမှုတွေ တော်တော်များများ ရှိပါတယ်။ဖုန်းလိုင်းအား 900 MHz ဝန်းကျင် ထွက်နေတဲ့အခါ ဖုန်းက ပူလာပါတယ်နော်။ အဲလိုအချိန်မှာ ဖုန်းကို

အသားအရေနဲ့ထိတွေ့စေမယ်ဆိုရင် အသားအရေကနေ ဖုန်းရဲ့အပူတွေကို စုတ်ယူလိုက်မှာပါ။အဲလိုစုတ်ယူခြင်းက အသားအရေအတွက် မကောင်းနိုင်ပါဘူး။ ဒါကြောင့် ဖုန်းပြောတဲ့အခါ ဖုန်းကိုမျက်နှာနဲ့မထိတွေ့မိအောင်

နားကြပ်သုံးပြီး (သို့မဟုတ်) စပီကာဖွင့်ပြီး ပြောပါနော်။ဖုန်းလိုင်းအားနည်းနေချိန်၊ ဖုန်းပူနေချိန်မှာ အသားအရေနဲ့ ဝေးဝေးထားပါ။

(၄) ဖုန်း Screen ကို ကြည့်တဲ့ ကိုယ်နေဟန်ထား မှားယွင်းခြင်း။

မှားယွင်းတဲ့ ကိုယ်နေဟန်ထားနဲ့ ဖုန်းသုံးခြင်းကြောင့် Tenosynovitis လို့ခေါ်တဲ့ လက်မနာကျင်မှု၊ Text Neck လို့ခေါ်တဲ့ ဇက်ပိုးနာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်ဖို့ ဇက်ပိုးကို ကွေးရတဲ့အခါ ကျောရိုးမကြီးကို တဖြည်းဖြည်း ထိခိုက်လာပါတယ်နော်။

အချိန်ကြာတဲ့အခါ ဇက်ပိုးရဲ့ အလေးချိန်ဟာ ၅ ဆလောက် ပိုလေးလာတယ်လို့ ခံစားရပါလိမ့်မယ်။ အဲဒီကနေ ဇက်ကြောနာတာ၊ ကိုယ်နေဟန်ထား မမှန်ကန်တာတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဖုန်းသုံးတဲ့အခါ မျက်လုံးနဲ့တစ်တန်းထဲမှာထားပါ။ လည်ပင်းကိုကွေးပြီး ခေါင်းငုံ့သုံးတာမျိုး တတ်နိုင်သမျှ ရှောင်ပါနော်။

(၅) ဖုန်းကထွက်တဲ့ အပြာရောင်အလင်းတန်းနဲ့ အချိန်ကြာထိတွေ့ခြင်း။

ဖုန်း Screen ကထွက်တဲ့ အလင်းဟာ အိပ်စက်ခြင်းစက်ဝန်းကို ပုံမှန်လည်ပတ်စေတဲ့ Melatonin ဟော်မုန်းကို ပျက်စီးစေပါတယ်နော်။အပြာရောင်အလင်းတန်းဟာ ခေါင်းကိုက်စေတဲ့အပြင် မျက်စိနဲ့ အမြင်အာရုံပြဿနာတွေ ဖြစ်စေပါတယ်။

ဒါကြောင့် အမှောင်ထဲမှာ မဖြစ်မနေ ဖုန်းသုံးရမယ်ဆိုရင် ဖုန်းအလင်းပမာဏကို အနိမ့်ဆုံး လျှော့ထားပါ။ဒါမှမဟုတ် အပြာရောင်အလင်းတန်း မထွက်စေတဲ့ Filter မျိုး သုံးပါ။ အခုပြောနေရင်းတောင် အထက်မှာ ပြောခဲ့တဲ့အမှားတွေ

သင်လုပ်မိနေနိုင်ပါတယ်နော်။ ဘာမှမဖြစ်သေးလို့ဆိုပြီး လက်လွှတ်စပယ် မနေသင့်ပါဘူး။ဆိုးကျိုးတွေက ချက်ချင်းမဖြစ်ပါဘူး။ တဖြည်းဖြည်း လှိုက်စားလာမှာပါနော်။credit

Add a Comment

Your email address will not be published. Required fields are marked *