အသား လုံးဝမစားဘဲနေရင် ရက်ပိုင်းအတွင်းမှာ ဒါတွေ ဖြစ်လာမှာပါနော်

အသား လုံးဝမစားဘဲနေရင် ရက်ပိုင်းအတွင်းမှာ ဒါတွေ ဖြစ်လာမှာပါနော်

အသားစားတာဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသားဓာတ်နဲ့ ဗီတာမင်တွေ ရနိုင်တဲ့ အပြင်ကို အရသာလည်းကောင်း တာကြောင့် အသားမကြိုက်တဲ့ သူ နည်းပါတယ်နော်။အသားစားတာဟာ ခန္ဓာကိုယ် အတွက် ကောင်းတဲ့ အချက်လည်း ရှိသလို၊ ဆိုးတဲ့ အချက်လည်း ရှိပြီး သူများအသက်သေပြီးမှ ရတဲ့

အစားအစာမို့ တချို့တွေကလည်းဘဲ သားသတ် လွတ်စားတာပါ။သင့်အနေနဲ့ ရက်အနည်း ငယ်လောက်ဘဲ အသားမစားဘဲ ဟင်းသီးဟင်းရွက် ကိုပဲ မျှတအောင် စားတဲ့အခါ ဒီကောင်းကျိုးတွေကို ရပါ လိမ့်မယ်နော်။

(၁) ဝိတ်ကျသွားမယ်။

အသားစားခြင်းကတော့ ခန္ဓာကိုယ်ကို ဖွံ့ဖြိုးစေ တာကြောင့် ကလေးတွေကို များများကျွေး သင့်ပြီးတော့ အရွယ်ရောက်ပြီးတဲ့လူကြီးတွေ ကတော့ အသားကို အနည်းငယ်ပဲ စားသင့် ပါတယ်။ ပုံမှန်အသား များများစားတတ် တဲ့သူက

အသားမစားဘဲရှောင် လိုက်တဲ့ အခါ ကိုယ်အလေးချိန်လျော့ကျသွား ပါလိမ့် မယ်။ ဒါကြောင့် ဝိတ်ကျ ချင်သူတွေက အသားမစားဘဲနဲ့ ဟင်းသီးဟင်းရွက် ပဲစားသင့်တယ်လို့ အကြံပြုကြတာပါနော်။

(၂) အသားအရေကြည်လင်လာမယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားတွေက ခန္ဓာကိုယ် ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေ ကိုချေဖျက်ပေး တာကြောင့်ဘဲ ဝက်ခြံနဲ့ အဆီပြန်တာတွေ ကို သက်သာစေပြီး အသားအရေကိုကြည်လင် လာစေ ပါတယ်။

(၃) နဂိုကထက်ပိုပြီးလန်းဆန်းပေါ့ပါးလာမယ်။

အသားမစားဘဲနဲ့ ဟင်းသီးဟင်းရွက်တွေပဲစားတဲ့အခါ ခန္ဓာကိုယ်က အဆိပ်အတောက် ကင်းစင်နေတာကြောင့် အလကားနေရင်းနဲ့ မောပန်းနွမ်းနယ်နေ တာတွေ မဖြစ်တော့ဘဲ နေရတာလန်းဆန်းပြီးတော့ ကြည်လင်ပေါ့ပါးနေ ပါတယ်။ အသားလျှော့စားလေ၊ နေရတာပေါ့ပါးလေ ပါပဲနော်။

(၄) အဆီပိုတွေလျော့နည်းလာမယ်။

အသားများများစားတဲ့ သူတွေက သွေးတွင်းကို လက်စထရော များနေပြီး အဝလွန်ခြင်း၊ ဆီချိုရောဂါနဲ့ နှလုံးရောဂါတွေ ပိုဖြစ်နိုင် ပါတယ်။ အသားမစားဘဲနေလိုက်တဲ့ အခါမှာတော့ အဆီပိုေ တွလျော့နည်းလာပြီး ဆီးချိုနဲ့ နှလုံးရောဂါ လည်းဖြစ်နိုင်ချေနည်း သွားပါတယ်နော်။

(၅) အူလမ်းကြောင်းကိုသန့်စင်စေတယ်။

စားလိုက်တဲ့အသားတွေကို ချေဖျက်ဖို့ အတွက် အစာအိမ်က အက်ဆစ်ဓာတ် တစ်မျိုးကို ထုတ်လုပ်ပြီးတော့ အဲ့ဒီအက်ဆစ်ဓာတ်က အူလမ်းကြောင်းမှာ ရှိတဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ကို သေစေနိုင် ပါတယ်နော်။

အသားမစားဘဲ ဟင်းသီးဟင်းရွက်ပဲ စားတဲ့ အခါမှာတော့ အဲ့ဒီ အကျိုးပြု ဘက်တီးရီးယားတွေကို ကောင်းကောင်းရှင်သန်စေ တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်ကို သန့်စင်စေ ပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *