နောက်ဆုံး ထွက်သက်ချိန်ထိ ချစ်သူကို တစ်နေ့လုံးပွေ့ဖက်ထားပေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်နင့်စရာဓာတ်ပုံလေး

နောက်ဆုံး ထွက်သက်ချိန်ထိ ချစ်သူကို တစ်နေ့လုံးပွေ့ဖက်ထားပေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်နင့်စရာဓာတ်ပုံလေး

ဆေးရုံတက်နေရတဲ့ ကောင်လေးဘေးနားမှာ သူ့ချစ်သူကောင်မလေးဟာ ဖက်ပြီးလှဲနေတဲ့ ပုံလေးဟာ ကြေကွဲ စရာ ကောင်းလွန်းလို့ မြင်သူတိုင်း စိတ်မ ကောင်းရတာပါ။ အသက် ၁၆နှစ် Blake Ward က ဇူလိုင် ၃၁ရက်နေ့

Wales အနောက်ဘက် ရှိ Tywyn ကမ်းခြေသို့ မိသားစုနဲ့အတူ ခရီးထွက်ခဲ့တုန်း က ပင်လယ်ရေနစ်ပြီးနောက်မှာ ဆေးရုံပေါ်သို့ ကမန်းကတန်းပို့ဆောင်ခဲ့ရတာပါ။လီဗာပူးဆေးရုံမှာ သူ့ကိုဆေးကုသခဲ့ပေမယ့် သတိပြန်မလည်လာနိုင်တော့ဘူးလို့ သိရပါတယ်နော်။

မနက်ဖြန်ဆို သူ့ကို တပ်ဆင် ပေးထားတဲ့ အောက်စီဂျင် ကိရိယာတွေ ဖြုတ်ပစ် တော့မှာပါ။ မိသားစုတွေ ကလည်း ဒီလို မလုပ်ချင်ပေမယ့် သူ့အတွက် မျှော်လင့်ချက်က

သိပ်မရှိတော့တာကြောင့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့ရတာပါတဲ့။အဲ့ဒီပုံလေးနဲ့အတူ ဝမ်းနည်းစရာ အမှတ်တရစကားလေးတွေကို သူမက တင်ခဲ့ပါတယ်။ ကျွန်မ တစ်ချိန်လုံးသူ့ဘေးနားမှာပဲ

ရှိနေခဲ့တာပါ။ ဘယ်တော့မှလည်း မခွဲချင်ဘူး။ သူ့ သူငယ်ချင်းတွေဆို သိပါတယ်။ Blake ကဂရုစိုက်တတ်တယ် ၊ ကြင်နာတတ်တယ်။ အကူညီလိုတယ်ဆိုတွေဝေမနေပဲ ချက်ချင်းလုပ်ပေးတတ်သူပါ။ မနေ့က ဆရာဝန်ပြောတယ်။

Blake ပြန်မကောင်းနိုင်တော့ဘူးတဲ့။ ဦးနှောက်အတွင်းပိုင်းက အရမ်းပျက်စီးနေပြီ။ Blake နဲ့ အမြဲတမ်းအတူတူနေခဲ့ရမယ်လို့ပဲ ထင်ခဲ့တာ။ကျွန်မကချစ်လို့ ဆွဲထားချင်ပေမယ့်

Blake နာကျင်နေရတယ်။ Blake နာကျင်မှုတွေ ဆက်မခံစားရတော့အောင် ကျွန်မနဲ့ သူ့ရဲ့မိသားစုတွေက ရင်နာနာနဲ့လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူ့ကို

ကျွန်မရဲ့နှလုံးသားထဲ သော့ခတ်သိမ်းထားပြီး အမြဲတမ်းသတိရနေမှာပါ။ ဟိုးအမြင့်ကို ပျံသန်းလိုက်ပါတော့ Blake ရေ အမြဲတမ်းချစ်နေမယ် … Ray ဆိုပြီးတော့ သူမက ရေးသားခဲ့တာပါ။credit

Add a Comment

Your email address will not be published. Required fields are marked *