ကမ္ဘာကသိအောင် အင်္ဂလိပ်စကား နဲ့ပြောပြခဲ့တာကြောင့် ထိုင်းမီဒီယာမှာပါဖော် ပြခြင်းခံရတဲ့ ပက်ထရစ်ရှာနဲ့မြတ်နိုးအေး

ကမ္ဘာကသိအောင် အင်္ဂလိပ်စကားနဲ့ပြောပြခဲ့တာကြောင့် ထိုင်းမီဒီယာမှာပါဖော် ပြခြင်းခံရတဲ့ ပက်ထရစ်ရှာနဲ့မြတ်နိုးအေး

မင်းသမီးချောတွေဖြစ်ကြသော ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့နှစ်ယောက်ဟာ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတာပါ။သူမတို့နှစ်ယောက်လုံးကတော့ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီးတော့

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသလို လူမှုကွန်ယက် စာမျက်နှာတွေကတစ်ဆင့် ကူညီပေးနေတာပါနော်။အထူးသဖြင့် ပက်ထရစ်ရှာတို့ နှစ်ယောက်က ကိုယ့်နိုင်ငံအတွင်းမှာဖြစ်နေတဲ့ ကိစ္စတွေကို ကမ္ဘာကသိအောင် ပြောပြခဲ့ကြတာပါနော်။

ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့က အင်္ဂလိပ်စကားနဲ့ သေသေချာချာပြောပြပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို YouTube ,Instagram နဲ့ Twitter စတဲ့

Social Media တွေမှာ တင်ခဲ့တာ ဖြစ်ပါတယ်နော်။အခုဆိုရင်တော့ သူမတို့ရဲ့ဗီဒီယိုတွေက လူကြည့်များပြီး ထိုင်းနိုင်ငံရဲ့မီဒီယာ တစ် ခုမှာပါ ဖော်ပြခြင်းခံလိုက်ရတာပါနော် ။ဒါကြောင့်ဘဲ ပက်ထရစ်ရှာက

တစ်ခြား celebrities တွေလည်း speak up လုပ်ကြပါ ပြည် ပ နိုင်ငံတွေရဲ့သတင်းမီဒီယာတွေမှာ ဖော်ပြ ခံရတဲ့အခါ ကိုယ့်နိုင်ငံအရေးအတွက် အထောက် အ ကူပြုပါတယ် ဆိုပြီး ပြောထားတာဖြစ်ပါတယ်နော်။မြတ်နိုးအေးကလည်းဘဲ

ကိုယ့်နိုင်ငံမှာခံနေရတဲ့ မတရားခံရမှုအတွက် နိုင်ငံတကာကို ပြောပြ ချင်တယ် ဘယ်လိုပြောရင် အထိရောက်ဆုံးဖြစ်မယ်တွေ ဘာတွေမသိပါဘူး။ ပြောချင်ခဲ့တာ ပဲသိတယ်။အဲ့တော့ ကိုယ့်မှာရှိတဲ့ ကိုယ်အားသာတဲ့ platform ကို သုံးပြီး

ပြောခဲ့တာတွေ ခုလို သူများနိုင်ငံ media တွေမှာ အသိအမှတ်ပြုခံရတော့ ကျေနပ်ပါတယ်။ မကြောက်ဘူးလား ဆိုတော့ ကြောက်ပါတယ် ။ဒါပေမယ့် ဘာမှမလုပ်လို့ လိပ်ပြာမလုံဘဲနေရမှာကို ပိုကြောက်ပါတယ်။ အနာဂတ်တွေမဲ့မှာကို ပိုကြောက်ပါတယ်။

အမှန်တရားဘက်မှာ မရပ်တည်နိုင်တဲ့ သူတစ်ယောက်ဖြစ်မှာကို ပိုကြောက် ပါတယ်။မြတ်နိုးကတော့ တတ်နိုင်တဲ့ဘက်ကနေ အမှန်တရားအတွက် Speak Out လုပ်နေဦး မှာပါ ဆိုပြီးတော့

ရေးသားထားတာ ဖြစ်ပါတယ်နော်။ထိုင်းမီဒီယာမှာပါ ဖော်ပြခြင်းခံရတဲ့ ပက်ထရစ်ရှာ နဲ့ မြတ်နိုးအေးတို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *