ပြည်သူ့တပ်ဖွဲ့စည်းပါက စစ်မှုထမ်းမည်ဟု အနုပညာရှင်များ ကတိပြု

ပြည်သူ့တပ် ဖွဲ့စည်းပါက စစ်မှုထမ်း မည်ဟု အနုပညာရှင်များ ကတိပြု

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူလူထုကို ပစ်ခတ် သတ်ဖြတ်လျက်ရှိတဲ့ စစ်အာဏာရှင်ကို ပြန်လည် တိုက်ခိုက်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကနေ

ပြည်သူ့တပ် ဖွဲ့စည်းပါက စစ်မှုထမ်းရန် ပါဝင်ကြမယ်လို့ အနုပညာရှင်များက ကတိပြု ထားကြတာပါ။ကျနော် ရန်ရန်ချန်းသည် လိုအပ်ပါက CRPH က ဦးဆောင်ဖွဲ့စည်းရမယ့် တပ်အတွက် စစ်မှု ထမ်း ပေးပါမည်ဟု ကတိပြုပါတယ် လို့

အဆိုတော် ရန်ရန်ချန်းက ပြောတာပါ။အဆိုတော် Rဇာနည်ကလည်း ကျနော် Rဇာနည်သည် CRPH က ဦးဆောင် ဖွဲ့စည်းရမယ့် တပ် အတွက် စစ်မှုထမ်းပါမည်ဟု ကတိပြုပါတယ် လို့ ပြောတာပါ။အဆိုတော် ကောင်းကောင်းက ကျနော်

ကောင်းကောင်းသည် နိုင်ငံနှင့် မြန်မာပြည်တွင် နေထိုင် သော တိုင်းရင်းသားများ အားလုံးအတွက် လိုအပ်လျှင် စစ်မှုထမ်းဆောင်ရန် အသင့်ရှိပါသည်။ အ စိုးရတရပ် ဖွဲ့စည်းရန် တပ် လိုအပ်ပါသည်။ ထို့ကြောင့် CRPH မှ ဦးဆောင် ဖွဲ့စည်းမယ့်

တပ်မ တော် အတွက် ကျနော် အသင့်ရှိပါသည် လို့ ပြောထားတာပါနော်။အနုပညာရှင်များထဲမှ အမျိုးသားများသာမက အမျိုးသမီးများဟာလည်း စစ်မှုထမ်းဖို့အတွက် အသင့်ရှိနေကြောင်းကို ပြောထားပါတယ်။ကျမ မေကြည်သည်

 

အားကစားသမား တယောက်ပါ။ ကိုယ်ခံပညာတော့ မတတ်ပေမယ့် ပေါ့ပါး သွက်လက်ပါတယ်။ သေနတ်ကို ကောင်းကောင်း ပစ်တတ်ပါတယ်။ ပစ်နည်းလည်း သေချာသင်ခဲ့ ရ ပါတယ်။ Sniper, Rifle (Prone Stand)၊

လိုအပ်ပါက စစ်မှုထမ်းပါမယ်။ အစိုးရဖွဲ့ရန် တ ပ် ရှိဖို့ လိုပါတယ်။ လိုအပ်ပါက CRPH က ဦးဆောင်ဖွဲ့စည်းရမယ့် တပ်အတွက် စစ်မှုထမ်းပါမ ယ် လို့ ကတိပြုပါတယ် လို့ အဆိုတော် မေကြည်က ပြောထားတာပါ။ချမ်းမြေ့မောင်ချိုက ကျမ ချမ်းမြေ့မောင်ချိုသည် လိုအပ်ပါက စစ်မှုထမ်းပါမည်။

အစိုးရဖွဲ့ရန် တပ် ရှိဖို့ လိုပါတယ်။ လိုအပ်ပါက CRPH က ဦးဆောင်ဖွဲ့စည်းရမယ့် တပ်အတွက် စစ်မှုထမ်းပေး ပါမည်ဟု ကတိပြုပါတယ်။ အကယ်၍ စစ်မှုထမ်းအရည်အချင်း မပြည့်မီခဲ့လျှင် ဘယ်နေရာ ပါ ဝင် ရ၊

ရတဲ့နေရာက ပါဝင်ပါ့မယ် လို့ ပြောထားပါတယ်နော်။တခြားသော အနုပညာရှင်များ၊ ပြည်သူများကလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော် မတီ (CRPH) မှ ပြည်သူ့တပ်ဖွဲ့ ဖွဲ့မယ်ဆိုလျှင် ပါဝင်သွားမယ့်အကြောင်းကို

ကတိပြုထားပါတယ်နော်။ အခုဆိုရင် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ စစ်မှုထမ်းရန်အသင့် ဆိုတဲ့ Hashtag ဖြင့် ပို့စ် တင် ထားသူ ၅၄,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *