Unicode…ဘဝ ပျော်ရွှင်မူအတွက် လစာ များစွာ ရတဲ့ Software Engineer အလုပ်ကို ထွက်ပြီး လက္ဘရည်ရောင်းတဲ့ အမျိုးသား
ယခု ချိန်မှာ လူတစ်ယောက်ရဲ့ သက်တမ်းက အလွန်တိုတောင်းလှပါတယ်။ တိုတောင်းလွန်းလှတဲ့ လူ့ဘဝကြီးမှာ မိမိပျော်ရွှင်ရာ ကိုလုပ်ပြီးဘဝမှာ ပျော်ပျော်နေတတ်ဖို့ပါပဲနော်။ လူ့ဘဝမှာ အရေးကြီးတာကတော့ ပျော်အောင်နေတတ်ဖို
့ ပါဘဲနော်။ထို့ကြောင့် အကောင်းဆုံးကတော့ ဘဝမှာ အသက်ရှင်ရတဲ့ အချိန်တစ်ခဏလေးမှာ မိမိ ကြိုက်တာ နှစ်သက်တာကို လုပ်ပြီး ပျော်ပျော်နေတတ်ဖို့ပါဘဲနော်။ အခုပြောပြမှာတော့ အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်က
လစာအင်မတန်ကောင်းတဲ့ Software Engineer ဘဝကနေ အလုပ်ထွက်ပြီးတော့ လက်ဖက်ရည် အဖျော်ဆရာလုပ်ကာ လက်ဖက်ရည်ရောင်းနေကြောင်းကို Storypick သတင်းဌာနရဲ့ ဖော်ပြချက်ကို သိရှိရပါတယ်။
ဒီလုပ်ရပ်ကို လူတော်တော်များများ ကတော့ စိတ်မနှံတဲ့ ရူးနှမ်းတဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ဆိုပြီး ထင်နေကြပါလိမ့်မယ်နော်။ လစာအများကြီးရပြီး ကိုယ်စိတ်မဝင်စားတဲ့ အလုပ်မှာ နှစ်ပေါင်းများစွာလုပ်နေတဲ့ လူတစ်ယောက်ရဲ့
စိတ်ကို ဘယ်သူမှ နားမလည်တာပါ။ ထို အမျိုးသားရဲ့ အမည်ကိုတော့ မသိသလို သူဘယ်နေရာမှာ လက်ဖက်ရည်ရောင်းနေတယ်ဆိုတာလည်း မသိကြပါဘူးနော်။ ထို အမျိုးသားလက်ဖက်ရည်ရောင်းနေတဲ့ ပုံနဲ့
ဆိုင်လက်တွန်းလှည်းလေးကို ဓာတ်ပုံရိုက်ပြီးတော့ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တဲ့ လူကတော့ IAS(Indian Administrative Service) အရာရှိတစ်ဦးဖြစ်တဲ့ Awanish Sharan လို့ အမည်ရတဲ့
အမျိုးသားပဲ ဖြစ်ပါတယ်နော်။လက်တွန်းလှည်းလေးရဲ့ အရှေ့မှာ ရေးထားတဲ့ စာက ကျွန်တော်ဟာ Software Engineer တစ်ယောက်ဖြစ်ပါတယ်။ ဒီအလုပ်ကို နောက်ဆုံးလုပ်ခဲ့တဲ့ ကုမ္ပဏီကတော့ Wipro ကုမ္ပဏီမှာပါ။
လစာကလည်း တော်တော်လေးများပါတယ်။ ဒါပေမယ့် ကျွန်တော် အလုပ်မှာ မပျော်တာတော်တော်လေးကြာပါပြီ။ ဒါ့ကြောင့် ကျွန်တော့်နေ့တိုင်းစဉ်းစားနေခဲ့တာ ဒီ Software Engineer အလုပ်မလုပ်ရင် ဘာအလုပ်လုပ်မလဲဆိုတာပါပဲ။ နောက်ဆုံးမှာ ကျွန်တော်စဉ်းစားခဲ့မိတာ
လက်ဖက်ရည်ကောင်းကောင်းလေးတစ်ခွက် ဖန်တီးပေးနိုင်တဲ့ အဖျော်ဆရာတစ်ယောက် ဖြစ်ချင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ကျွန်တော် လက်ဖက်ရည်အဖျော်ဆရာလုပ်ခဲ့ပါတယ်။ Software Engineer အဖျော်ဆရာပေါ့ဗျာ
လို့ဆိုပြီးတော့ ရေးထားတာပဲ ဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီးလည်း ထို အမျိုးသားရဲ့ လုပ်ရပ်ကို ထူးဆန်းနေတယ်လို ထင်နေကြပြီ ထင်ပါတယ်နော်။Source: shwe mon
Add a Comment
Your email address will not be published. Required fields are marked *