လုံးဝ မစားသင့်သော ဝက်သားရဲ့ အဓိက အစိတ်အပိုင်း (၅)ခု

လုံးဝ မစားသင့်သော ဝက်သားရဲ့ အဓိက အစိတ်အပိုင်း (၅)ခု

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်ဆိုတဲ့ ဆိုရိုးစကားအရ ဝက်သားက လူတွေ နေ့စဉ် စားသုံးကြတဲ့ အသားတွေထဲမှာ အရသာရှိတဲ့ ထိပ်တန်းအသားတစ်မျိုးပါ။ဒါပေမယ့် ဝက်သားရဲ့ အစိတ်အပိုင်း (၅) ခုကတော့ လူတွေရဲ့

ကျန်းမာရေးအတွက် ကောင်းကောင်း အန္တရာယ်ရှိနိုင်တာမို့ ဖြစ်နိုင်ရင် ဝေးဝေးက ရှောင်ကြဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားတာပါ။ဝက်ရဲ့ မစားသင့်တဲ့ အစိတ်အပိုင်း (၅) ပိုင်းကတော့

၁။ ဝက်သွေး

သံဓါတ်ပါတဲ့ အစားအစာတွေထဲမှာက ဝက်သွေးဟာ ထိပ်ဆုံးစာရင်းကနေ ပါဝင်ပါတယ်နော်။ အကယ်လို့ ဝက်သွေးဟာ ကျန်းမာတဲ့ ဝက်ကနေ ထုတ်လုပ်ထားတာဆိုရင်တော့ အသုံးတည့်ပါတယ်နော်။ဒါပေမယ့် ရောဂါကြောင့် သေသွားတဲ့ ဝက်တွေ

ဒါမှမဟုတ် မလတ်ဆတ်တော့တဲ့ သွေးတွေကနေ ထုတ်လုပ်လိုက်တဲ့ ဝက်သွေးတွေဟာလည်း အရမ်းအန္တရာယ်ရှိတာပါ။ဝက်သွေးမှာ အဆိပ်အတောက်တွေ များစွာပါဝင်တာမို့ သေသေချာချာ ကျက်အောင် ချက်ပြုတ်စားသောက်မယ်ဆိုရင်

အန္တရာယ် မဖြစ်နိုင်ပေမယ့် မကျက်တကျက် ( သို့မဟုတ် ) အစိမ်းအတိုင်း စားမယ်ဆိုရင်တော့ အလွန်အန္တရာယ်များပါတယ်နော်။၂၀၁ရ ခုနှစ်က ဗီယက်နမ်နိုင်ငံမှာ နီခရိုဆစ် လို့ခေါ်တဲ့ လူ့ရဲ့ခန္ဓာကိုယ်တွင်းက ကလီစာတွေ ၊ ဆဲလ်တွေ ပျက်ဆီးလာတဲ့ ဝေဒနာရှင် ၉ ဦးမှာ အချို့သေဆုံးခဲ့ပြီး အချို့က ခြေလက်အင်္ဂါတွေ ဖြတ်တောက်ပစ်ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်

၂။ ဝက်အသည်း

အသည်းဟာ အဆိပ်အတောက်တွေကို ထုပ်လုပ်ပေးတဲ့ နေရာပါ။ ဝက်အသည်းမှာ ကိုလက်စထရောနဲ့ သံဓာတ် အပြင်းစားတွေ ပါဝင်ပါတယ်နော်။အကယ်လို့ အဟာရဓာတ်ပြည့်ဝအောင် ဝက်အသည်းကို ပုံမှန်စားတယ်လို့ ခံယူထားတယ်ဆိုရင်တော့

ဒီအယူအဆက မှားယွင်းနေတာပါ။ဝက်ရဲ့အသည်းမှ မဟုတ်ပါဘူး။ တိရိစ္ဆာန်တွေရဲ့ အသည်းကလည်း အတူတူပဲမို့ အများကြီး မစားသင့်ပါဘူး။ အသည်းရဲ့ တာဝန်ဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို စွန့်ပစ်ပေးရတာပါ။

အသည်းမှာ ရှိနေတဲ့ အမျိုးမျိုးသော အဆိပ်တွေအပြင် သတ္တုဓာတ် အပြင်းစားတွေ ၊ ဘက်တီးရီယားတွေကြောင့် ပုံမှန်စားသောက်မယ်ဆိုရှင်တော့ ရေရှည်မှာ အတွင်းကလီစာကင်ဆာ ဖြစ်နိုင်ချေ မြင့်မားပါတယ်နော်။အသက်အရွယ်ကြီးသူတွေနဲ့

သွေးကြောဆိုင်ရာအားနည်းသူ ရောဂါအခံ ရှိတဲ့သူတွေအတွက် အဆိပ်အတောက်ဖြစ်ဖို့က ပိုပြီးတော့ လွယ်ကူပါတယ်။ ပုံမှန်အတိုင်း ကျန်းမာရေးကောင်းသူတွေအနေနဲ့လည်း အသည်းကို အများကြီး မစားသင့်ပါ။

၃။ ဝက်အဆုတ်

ဝက်ရဲ့အဆုတ်မှာ ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေ များစွာ ပါရှိနေပါတယ်နော်။ အဆုပ်က လေဝင်လေထွက်အတွက် တာဝန်ယူရတာမို့ များသောအားဖြင့်တော့ မြေကြီးနဲ့ ဝက်ရဲ့နှာခေါင်းဟာ ထိစပ်နေတဲ့အတွက် အညစ်အကြေးတွေ နေ့စဉ် ရှုသွင်းခံရတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။

အသက်အရွယ်ကြီးသူတွေနဲ့ နာတာရှည်သမားတွေ အနေနဲ့ ဝက်အဆုပ်ကို မစားသင့်သလို ကျန်းမာရေးကောင်းသူတွေအနေနဲ့လည်း အများကြီး မစားသင့်ပါဘူးနော်။

၎။ ဝက်အူ

အမှန်အတိုင်းဆိုရသော်လည်း ဝက်အူဟာ အညစ်ပတ်ဆုံးအစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ဝက်ရဲ့အညစ်အကြေးတွေနဲ့ အစာမချေရသေးတဲ့ အစာတွေကို သိုလှောင်ရာ နေရာပါပဲနော်။ဒါကြောင့် ဝက်အူမှာ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားပိုးမွှားပေါင်း သောင်းခြောက်ထောင် ပေါက်ပွား ပျော်ရွှင်ရာနေရာပါ။

ဝက်အူကို စနစ်တကျ ကျက်အောင် မချက်ပြုတ်ပဲ စားမိပါက ဘက်တီးရီးယားတွေ လူ့ခန္ဓာကိုယ်ထဲ ရောက်ပြီး ရောဂါတွေ အန္တရာယ်တွေ ပေးနိုင်ပါတယ်နော်။ ဝက်အူဟာ ဂေါက်ရောဂါ၊ ပန်ကရိယ၊ အသည်းအဆီဖုံးနဲ့ အဝလွန်ရောဂါတွေ ဖြစ်စေပါတယ်။လူအတော်များများနဲ့ မိခင်တွေ မှားယွင်းနေတဲ့ အယူအဆတစ်ခုပါ။

၅။ဝက်ဦးနှောက်

ဝက်ဦးနှောက်စားရင် ဦးနှောက်ဉာဏ်ရည်ကောင်းတယ်၊ အားရှိတယ် ဆိုတဲ့ အယူအဆပါ။ဒီအယူအဆနဲ့ ကလေးတွေကို ဝက်ဦးနှောက်များများကျွေးမိရင်တော့ မှားပါလိမ့်မယ်။ တစ်ကယ်တော့ ဝက်ဦးနှောက် စားသုံးခြင်းက လူတွေ ထင်နေကြသလို လူရဲ့ဦးနှောက်ကို အထောက်အပံ့ဖြစ်စေတယ်ဆိုတာ မဟုတ်ပါဘူး။

ဝက်ဦးနှောက် အလွန်အကျွံစားခြင်းကြောင့် ကလေးတွေမှာ အဝလွန်ရောဂါ၊ သွေးတွင်း ကိုလေက်စထရောများခြင်းနဲ့ နှလုံးရောဂါတွေကို ဖြစ်စေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဝက်ရဲ့ဦးနှောက်ဟာ အဟာရဓါတ် အလွန်ကြွယ်ဝစွာပါဝင်ပါတယ်။

ဝက်ဦးနှောက် ၁၀၀ ဂရမ်အလေးချိန်မှာ ၂၅၀၀ မီလီဂရမ် ကိုလက်စထရောပါဝင်တာကြောင့် ဒီပမာဏဟာ လူတစ်ယောက် တစ်နေ့တာမှာ တစ်ကယ်လိုအပ်တဲ့ အဟာရပမာဏထက် ၈ဆ ပိုများတဲ့အတွက် တန်ဆေးလွန်ဘေး ဆိုသလိုအန္တရာယ်ရှိလာတာပဲ ဖြစ်ပါတယ်။ဒေါက်တာ မျိုးစက်( ဝက်သားနဲ့ ကျန်းမာရေးဆောင်းပါးမှ)

Add a Comment

Your email address will not be published. Required fields are marked *