







Unicode…တရုတ်နိုင်ငံက ထုတ်တဲ့ ကိုဗစ် ကာကွယ်ဆေးကို ဘရာဇီးမှာ စတင် စမ်းသပ်ထိုးနှံနေပြီ

တရုတ်ဆေးကုမ္ပဏီ Sinovac ကနေထုတ်လုပ်တဲ့ ကိုဗစ် ဗိုင်းရပ်စ် ကာကွယ်ဆေးကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးပြည်နယ် Niterói မြို့မှာတော့ စတင်စမ်းသပ်နေပါတယ်နော်။ ခုလို လုပ်တာဟာ မြို့အုပ်ချုပ်ရေးအဖွဲ့နဲ

့ သုတေသနအဖွဲ့တွေကြားမှာ သဘောတူညီချက်အရ အခုလို စတင်စမ်းသပ်နေတာဖြစ်ပါတယ်လို့ ဆိုပါတယ်။ အဲဒီမြို့မှာ ရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၈၀၀ကလည်း စေတနာအလျောက် စမ်းသပ်ထိုးခံသူတွေအဖြစ်နဲ့

ဒီဆေးကို ထိုးထားပြီးဖြစ်ပါတယ်နော်။ ဘရာဇီးနိုင်ငံ ရဲ့ အခြားပြည်နယ် ၅ ခုမှာလည်း လူပေါင်း ၉၀၀၀ ကို ဒီ Sinovac ဆေးကို စတင် စမ်းသပ်ထိုးနှံ နေပါတယ်နော်။ Voltစေတနာနဲ့ အစမ်းသပ်ထိုးနှံခံထားတဲ့

မေဆေးဆရာဝန် Rafael Bastos ဟာ ဒီဆေး အောင်မြင်မယ်လို့ ဆိုပြီး ယုံကြည်ထားပါတယ်နော်။ -ဒါဟာ ကျနော်တို့ရဲ့ ကျန်းမာရေးပြသာနာ ကိုဖြေရှင်းပေး နိင်ပါလိမ့်မယ် ။ဘရာဇီးတခုတည်းမဟုတ်ပါဘူး။

တကမ္ဘာလုံးအတွက်ပါ- လို့ သူကပြောပါတယ်နော်။ Johns Hopkins တက္ကသိုလ်ရဲ့မှတ်တမ်းတွေအရမှာတော့ ဘရာဇီးမှာ ကိုရိုနာဗိုင်းရပ် ရောဂါပိုးတွေ့ရှိသူ ၃.၉ သန်းရှိနေခဲ့ပြီး သေဆုံးသူက

121,381 ဦးရှိခဲ့တဲ့အတွက် အမေရိကန်ပြီးရင် ဒုတိယ အဆိုးဆုံး ကိုရိုနာ ဗိုင်းရပ်စ် ရောဂါဒဏ်ကိုခံနေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်နော်Source;AP

Tags:

Add a Comment

Your email address will not be published. Required fields are marked *