Unicode…ကိုဗစ် ကူးစက်မူကို ရွှေနှာခေါင်းစည်း(mask) နဲ့ ကာကွယ်တဲ့ အိန္ဒိယအမျိုးသား
ကိုရိုနာဗိုင်းရပ်ကာကွယ်ဖို့ တစ်ကမ္ဘာ လုံးမှာရှိတဲ့ နိုင်ငံမှ လူများဟာ mask ကိုတပ်ဆင်ကြပါတယ်နော်။ mask ဆိုတဲ့ နေရာမှာ တစ်ခါသုံး Maskနဲ့ ဆေးရုံတွေမှာအသုံးပြုကြတဲ့ Mask ဈေးဆိုင်တွေမှာရောငိးချတဲ့
အရောင်မျိုးစုံ ရှိတဲ့ mask နဲ့ ရောဂါ ကာကွယ်ဖို့ကို တပ်တဲ့ Mask စတဲ့ အမျိုးမျိုးသော mask တေကို တပ်ဆင်ကြပါတယ်။သို့သော်လည်း mask တပ်ရာမှာ တစ်မူထူးခြားတဲ့ ပုံစံနဲ့ တပ်ကြတဲ့ သူတွေလည်း ရှိကြပါတယ်နော်။
အခု ပြောပြ ပေးမယ့် တစ်မူထူးခြားတဲ့ mask ကို ဝတ်ဆင်တဲ့သူကတော့ အိန္ဒိယ နိုင်ငံမှ အမျိုးသား တစ်ယောက်ကြောင်းကို ဖော်ပြပေးမှာပါ။အဲ့ အမျိုးသားကတော့ Kurhade လို့ခေါ်တဲ့အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ပါ။
သူကတော့ ဒေါ်လာ(၄၀၀၀)တန် ရွှေ Mask ကိုဝတ်ဆင်ထားတာဟာ သူ့ကို ကိုဗစ်ရောဂါ ကာကွယ်မူကနေ ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်နော်။ ထို Mask ဟာ ဂရမ်(၅၀)ကျော်လေးတဲ့
ပါးလွှာတဲ့ရွှေ Mask တစ်ခုဖြစ်ပြီး အသက်ရှုရလွယ်ကူဖို့ သေးငယ်လွန်းလှတဲ့အပေါက်ငယ်လေးတွေ ပြုလုပ်ထားတယ်လို့ ပြောထားတာပါ။ထို အမျိုးသားဟာ အိန္ဒိယနိုင်ငံအနောက်ပိုင်း Pune မြို့မှာနေထိုင်ပြီး
ရောဂါ ကူးစက်မူကာကွယ်ဖို့အတွက် mask တပ်ခြင်းဟာ မဟုဘဲ အခြားသောဘကြိုတင်ကာကွယ်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်လို့ ပြောပြာပါတယ်။Kurhade ဟာ သူ့ရဲ့ ရတနာတွေဖြစ်တဲ့ ရွှေလက်စွပ်၊
ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေ Mask တို့ဝတ်ဆင်ပြီး သွားလေ့ရှိပါတယ်တဲ့။ လူတေ ကြားထဲမှာတော့ ရွှေ Mask က သူ့ကိုထင်ပေါ်စေပြီး တွေ့တဲ့သူများဟာ သူ့နဲ့အတူ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုတယ်လို့ ပြောပါတယ်။
Kurhadeက ရွှေ Mask ကို တပ်ဆင်ဖြစ်ခဲ့ပုံကတော့ သတင်းထဲမှာ ငွေ Mask ကို ဝတ်ဆင်ထားတဲ့ လူတစ်ဦးအကြောင်းကို တွေ့ရှိခဲ့ရာကနေ စိတ်ကူးရပြီး လုပ်တာလို့ ပြောပါတယ်။သူရဲ့ရွှေ Mask ကိုတော့
ပန်းတိမ်ဆရာက ရှစ်ရက်ကြာအောင် ပြုလုပ်ခဲ့ရပါတယ်နော်။ယခုလက်ရှိမှာတော့ အိန္ဒိယနိုင်ငံရဲ့ ရောဂါကူးစက်မူဟာ ပိုများပြားလာပြီး သေဆုံးသူတေလည်း
တိုးလာတာကြောင့် mask တပ်ဖို့ လိုပါတယ်နော်။ပရိတ်သတ်ကြီးလည်း ဖတ်ရူရင်း အားကျနေမယ်လို့ ထင်ပါတယ်နော်။Crd
Tags:
Add a Comment
Your email address will not be published. Required fields are marked *