ကုိရုိနာ ဗိုိင္းရပ္ စတင္ျဖစ္ပြားရာ တ႐ုတ္ႏိုင္ငံတြင္ စာသင္ေက်ာင္းမ်ား ျပန္လည္ ဖြင့္လွစ္ 

ကုိရုိနာ ဗိုိင္းရပ္ စတင္ျဖစ္ပြားရာ တ႐ုတ္ႏိုင္ငံတြင္ စာသင္ေက်ာင္းမ်ား ျပန္လည္ ဖြင့္လွစ္

တ႐ုတ္ႏိုင္ငံမွာ ရွိတဲ့ ေက်ာင္းသူ၊ေက်ာင္းသားမ်ားဟာ ယေန႔ စက္တင္ဘည တစ္ရက္မွာ စာသင္ႏွစ္သစ္ကုိ စတင္လိုက္ၿပီဘဲျဖစ္ပါတယ္။ ကို႐ိုနာ ဗိုင္းရပ္စ္စတင္ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕ေတာ္ရွိ မူႀကိဳ၊ မူလတန္းႏွင့္

အလယ္တန္းေက်ာင္း ၂၈၄၂ ေက်ာင္းကုိ ေက်ာင္းသူ၊ေက်ာင္းသား ၁ ဒသမ ၄ သန္းခန္႔အတြက္ စာသင္ခန္းမ်ား ျပန္လည္ဖြင့္လွစ္ခဲ့တယ္လို့ သိရွိရပါတယ္။ တရုတ္နုိင္ငံ ဝူဟန္ၿမိဳ႕ေတာ္မွာ ရွိတဲ့ မူလတန္းႏွင့္ အလယ္တန္း

ေက်ာင္းသူ၊ေက်ာင္းသားမ်ားဟာ ႏွာေခါင္းစည္း mask မ်ား တစ္ပါ တည္း ယူေဆာင္ရမည္ျဖစ္ေသာ္လည္း ေက်ာင္းထဲမွာ ႏွာေခါင္းစည္းတပ္ဆင္ရန္ မလိုအပ္ေၾကာင္းကုိ ဝူဟန္ၿမိဳ႕ေတာ္ ပညာေရးဗ်ဴ႐ို၏ ဒုတိယၫႊန္ၾကားေရးမွဴး

ဝမ္ခ်ီဖူက ေျပာၾကားခဲ့ပါတယ္။ ယခု လက္ရွိအခ်ိန္မွာေတာ့ ဝူဟန္ၿမိဳ႕ေတာ္၌ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈသစ္မရွိပါဘူး။ အရင္ေန႔က တ႐ုတ္ျပည္မ ႀကီးမွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈသစ္ အေနနဲ့ ၂၁၆ဦး ရွ္ိခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ အတြင္းမွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈ ေတြ ေလ်ာ့နည္းလာခဲ့ေသာ္လည္း ေက်ာင္းသူ၊ေက်ာင္းသားမ်ားရဲ့ က်န္းမာေရးကို ကာကြယ္ေပးရန္အတြက္ အဆင့္အားလုံးတြင္ တင္းက်ပ္ေသာ ကပ္ေရာဂါတိုက္ဖ်က္ေရး

အစီအမံမ်ားကုိ လုပ္ ေဆာင္ခဲ့ပါသည္။ ဆရာ၊ဆရာမေတြနဲ႔ ေက်ာင္းသူ၊ေက်ာင္းသားေတြ ေဘးအႏၲရာယ္ကင္းဖို႔က ကြၽန္ေတာ္တို႔ရဲ႕ ထိပ္တန္း ဦးစားေပးလုပ္ငန္း ျဖစ္ပါတယ္ လို့ အမွတ္ ၄၉ အလယ္တန္းေက်ာင္းမွ

တာဝန္ရွိသူတစ္ဦးက ေျပာျကားပါသည္။ စာသင္ခန္းမ်ား၊ ကန္တင္းမ်ား၊ အိပ္ေဆာင္မ်ား၊ ေရအိမ္မ်ား၌ ပိုးသတ္ေဆးျဖန္းမႈမ်ားကုိ လုပ္ေဆာင္ခဲ့ၿပီး ေန႔ စဉ္ ပိုးသတ္ေဆးျဖန္းမႈကုိ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း၊ ႏွာေခါင္းစည္းမ်ား၊

လက္သန္႔ေဆးရည္မ်ားကို စာသင္ခန္း တိုင္းမွာ ထားရွိမည္လို့  ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံတစ္ဝန္းမွာ ရွိတဲ့ စာသင္ေက်ာင္းမ်ားတြင္လည္း အလားတူအစီအမံမ်ားကုိ အေကာင္အထည္ေဖာ္ေဆာင္ေနၿပီး ရွန္ဟိုင္း၊ စီခြၽမ္၊ က်င္းစု၊ ကြမ္တုန္ႏွင့္

ယူနန္ျပည္နယ္မ်ား၌ ယေန႔မွာ စာသင္ႏွစ္သစ္ကုိ စတင္ဖြင့္ခဲ့ျပီဘဲျဖစ္ပါတယ္။ ရွန္ဟိုင္းၿမိဳ႕ေတာ္မွာ မူလတန္းႏွင့္ အလယ္တန္းေက်ာင္းသူ၊ေက်ာင္းသား ၁ ဒသမ ၅ သန္းေက်ာ္ကုိ ယေန႔ ေက်ာင္းျပန္တက္ၿပီျဖစ္သလို

ရွန္ဇန္းၿမိဳ႕ေတာ္ရွိ မူႀကိဳ၊ မူလတန္းႏွင့္ အလယ္တန္းေက်ာင္း ၂၆၂၈ ေက်ာင္း ယေန႔ ျပန္လည္ဖြင့္လွစ္ၿပီဘဲ ျဖစ္ပါတယ္။ ဖတ္ရူအားေပးျကတဲ့ ပရိတ္သတ္ျကီးလည္း က်န္းမာေပ်ာ္ရြွင္တဲ့ ဘဝေတကုိ ပုိင္ဆုိင္နုိင္ျကပါေစေနာ္။ Credit : people media

Unicode…ကိုရိုနာ ဗိုင်းရပ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံတွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်

တရုတ်နိုင်ငံမှာ ရှိတဲ့ ကျောင်းသူ၊ကျောင်းသားများဟာ ယနေ့ စက်တင်ဘည တစ်ရက်မှာ စာသင်နှစ်သစ်ကို စတင်လိုက်ပြီဘဲဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဝူဟန်မြို့တော်ရှိ မူကြို၊ မူလတန်းနှင့်

အလယ်တန်းကျောင်း ၂၈၄၂ ကျောင်းကို ကျောင်းသူ၊ကျောင်းသား ၁ ဒသမ ၄ သန်းခန့်အတွက် စာသင်ခန်းများ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရှိရပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့တော်မှာ ရှိတဲ့ မူလတန်းနှင့် အလယ်တန်း

ကျောင်းသူ၊ကျောင်းသားများဟာ နှာခေါင်းစည်း mask များ တစ်ပါ တည်း ယူဆောင်ရမည်ဖြစ်သော်လည်း ကျောင်းထဲမှာ နှာခေါင်းစည်းတပ်ဆင်ရန် မလိုအပ်ကြောင်းကို ဝူဟန်မြို့တော် ပညာရေးဗျူရို၏ ဒုတိယညွှန်ကြားရေးမှူး

ဝမ်ချီဖူက ပြောကြားခဲ့ပါတယ်။ ယခု လက်ရှိအချိန်မှာတော့ ဝူဟန်မြို့တော်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ်မရှိပါဘူး။ အရင်နေ့က တရုတ်ပြည်မ ကြီးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် အနေနဲ့ ၂၁၆ဦး ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံ အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တွေ လျော့နည်းလာခဲ့သော်လည်း ကျောင်းသူ၊ကျောင်းသားများရဲ့ ကျန်းမာရေးကို ကာကွယ်ပေးရန်အတွက် အဆင့်အားလုံးတွင် တင်းကျပ်သော ကပ်ရောဂါတိုက်ဖျက်ရေး

အစီအမံများကို လုပ် ဆောင်ခဲ့ပါသည်။ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေ ဘေးအန္တရာယ်ကင်းဖို့က ကျွန်တော်တို့ရဲ့ ထိပ်တန်း ဦးစားပေးလုပ်ငန်း ဖြစ်ပါတယ် လို့ အမှတ် ၄၉ အလယ်တန်းကျောင်းမှ

တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ စာသင်ခန်းများ၊ ကန်တင်းများ၊ အိပ်ဆောင်များ၊ ရေအိမ်များ၌ ပိုးသတ်ဆေးဖြန်းမှုများကို လုပ်ဆောင်ခဲ့ပြီး နေ့ စဉ် ပိုးသတ်ဆေးဖြန်းမှုကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နှာခေါင်းစည်းများ၊

လက်သန့်ဆေးရည်များကို စာသင်ခန်း တိုင်းမှာ ထားရှိမည်လို့  ပြောပါတယ်။ တရုတ်နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ စာသင်ကျောင်းများတွင်လည်း အလားတူအစီအမံများကို အကောင်အထည်ဖော်ဆောင်နေပြီး ရှန်ဟိုင်း၊ စီချွမ်၊ ကျင်းစု၊ ကွမ်တုန်နှင့်

ယူနန်ပြည်နယ်များ၌ ယနေ့မှာ စာသင်နှစ်သစ်ကို စတင်ဖွင့်ခဲ့ပြီဘဲဖြစ်ပါတယ်။ ရှန်ဟိုင်းမြို့တော်မှာ မူလတန်းနှင့် အလယ်တန်းကျောင်းသူ၊ကျောင်းသား ၁ ဒသမ ၅ သန်းကျော်ကို ယနေ့ ကျောင်းပြန်တက်ပြီဖြစ်သလို

ရှန်ဇန်းမြို့တော်ရှိ မူကြို၊ မူလတန်းနှင့် အလယ်တန်းကျောင်း ၂၆၂၈ ကျောင်း ယနေ့ ပြန်လည်ဖွင့်လှစ်ပြီဘဲ ဖြစ်ပါတယ်။ ဖတ်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်တဲ့ ဘဝတေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ Credit : people media

Tags:

Add a Comment

Your email address will not be published. Required fields are marked *