အစိုးရမှ နိုင်ငံ့ဝန်ထမ်းအားလုံးကို လစာ (၂) လစာ ကို အတိုးမဲ့စနစ်ဖြင့် ထုတ်ချေးပေးမည်(ဝမ်းသာစရာသတင်းပါ) 
Unicode…အစိုးရမှ နိုင်ငံ့ဝန်ထမ်းအားလုံးကို လစာ (၂) လစာ ကို အတိုးမဲ့ဖြင့် ချေးပေးမည်(ဝမ်းသာစရာသတင်းပါ)
အားလုံးအတွကိ ဝမ်းသာစရာပါနော်။ပထူးသဖြင့် နိုင်ငံ ဝန်ထမ်း တွေနိုင်ငံ့ဝန်ထမ်းတွေ ပိုဝမ်းသာရမှာပါနော်။ နိုင်ငံတော်အစိုးရကနေ ကိုဗစ်ကာလ ထိခိုက်မှုများအတွက် ကုစားပေးဖို့အတွက် နိုင်ငံ့ဝန်ထမ်းအားလုံးကို
လစာ (၂) လစာ အတိုးမဲ့ချေးငွေ ထုတ်ပေးတော့မယ်လို့ သိရှိရပါတယ်နော်။ ဝန်ထမ်းဦးရေ စာရင်းကို စက်တင်ဘာ ၄ ရက်နေ့အရောက် စာရင်းကောက်ခိုင်းထားတယ်ဆိုတော့ စက်တင်ဘာလအကုန်မှာ ချေးငွတွေ ထုတ်ပေးနိုင်တော့မှ
ာ ဖြစ်ပါတယ်။မူရင်းစာရဲ့ အောက်မှာ ဖော်ပြထားတာကတော့ မူရင်းစာမှာ ဖော်ပြထားတာတွေ ဖြစ်ပါတယ်။အထက်ပါအကြောင်းအရာပါကိစ္စနှင့် စပ်လျဉ်း၍ Coronavirus Disease 2019 (COVID-19) ကြောင့်
ဖြစ်ပေါ်လာနိုင်သည့် သက်‌ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို လစာ (၂) လစာ ကြိုတင်ထုတ်ပေး၍ အတိုးမဲ့ချေးငွေဖြင့် ဆိုင်းငံ့ကာလ (၆)လ၊ ပြန်ဆပ်ကာလ (၁) နှစ် သတ်မှတ်၍
ထုတ်ချေးခြင်းအား ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည် ဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များ၏ ရာထူးအလိုက် ဦးရေနှင့် အမှန်လိုအပ်ငွေစာရင်းကို ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများသည်
ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန (ရုံးချုပ်)သို့ ၄-၉-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ဌာန၊ အဖွဲ့အစည်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရသုံးမှန်းခြေ
ငွေစာရင်းဦးစီးဌာန အသီးသီးသို့ ၄-၉-၂၀၂၀ ရက်နေ့တွင် လည်းကောင်း နောက်ဆုံးထား၍ ပေးပို့ကြရန် ညှိနှိုင်းအကြောင်းကြား အပ်ပါသည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနများအနေဖြင့်
အဆိုပါစာရင်းများကို စုစည်းပေါင်းချုပ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ အတည်ပြုချက် ရယူ၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်) သို့ ၁၁-၉-၂၀၂၀ ရက်နေ့ အရောက် ပေးပို့ကြရန် ဖြစ်ပါသည်။
အဆိုပါအမှန်လိုအပ်ငွေများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအလိုက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ အပ်ငွေ၊
ယာယီစသည်များ စာရင်းတွင် ရည်ညွှန်းပါစာအတိုင်း လျာထားရန်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည် ဟု ဖော်ပြခဲ့တာပါ။အားလုံးဘဲ ဝမ်းသာရအောင် share ပေးကြပါအူးနော်။Credit;Hot News Myanmar
Tags:
Add a Comment
Your email address will not be published. Required fields are marked *