ကျနော်ဟာ နိုင်ငံ့ဝန်ထမ်းအမှုထမ်းတစ်ဦးပါ…အသက်(၄၅) နှစ်ရှိပါပြီဗျာ…အသက်(၆၀) ပြည့်ရန် (၁၅ နှစ်သာ လိုပါတော့တယ်…အသက်(၇၉ နှစ်အရွယ် ဖခင်ဖြစ်သူနှင့် အတူနေထိုင်ပါတယ်…ဖခင်မှာ အငြိမ်းစားစစ်မှုထမ်းဖြစ်ပါသည်…
အခြားအဆင့်မို့ ရရ စားစား ဘဝဖြင့် ယနေ့အထိ နေစရာအိမ်မရှိပါဘူး…ကျန်းမာရေးကလည်းအသက်အရွယ်အရမကောင်းတော့ပါဘူး… ဆွေမျိုးတော်စပ်သူနေအိမ်တွင်နေရပါတယ်…
ပြောချင်တာကကျနော် အသက်(၆၀) ပြည့်ရင် အဖေ့လိုပဲ သူများ အိမ်မှာနေရမှာလား… နေစရာမရှိတဲ့သူကို လုပ်သက်(၂၅ နှစ်ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းကောင်း လက်မှတ်ရထားသူများကိုကားပါမစ်ပေးမယ်ဆိုတော့ကျနော့် လစာ ၂ သိန်းလောက်နဲ့
ကျနော်ကားဝယ်စီးဖို့ ဖြစ်နိုင်ပါ့မလားဗျာ…အခု ကျနော်ကသူများအိမ်မှာ ကပ်နေလို့ အိမ်ငှားခမကုန်သေးပါဘူး…ကျနော်လစာရယ် အဖေ့ပင်စင်ရယ် ပေါင်းလိုက်ရင်တော့ နေစရာ ကိုယ်ပိုင်အိမ်မရှိတာကလွဲရင်စားလို့လောက်ပါသေးတယ်ဗျာ…
ကျနော့်ထက်အခြေအနေဆိုးတဲ့ ဝန်ထမ်းတွေ အများကြီးပါနော်…မိဘပြန်ကြည့်ဖို့မပြောနဲ့သားကျွေးမှု မယားကျွေးမှုမပါ…လစာက အိမ်ငှားခနဲ့တင် နိထ္တိတန်နေပြီဗျာ…အဂတိတရား ကင်းသောဝန်ထမ်းများ ဖြစ်နိုင်ပါတော့မလား…
လစာတိုးပေးရန်မလိုပါ နေစရာမရှိသူကို နေစရာ၊ စားစရာမရှိသူကို စားစရာပေးစေချင်ပါတယ်…အခွင့်အရေးဆိုသည်မှာ အခွင့်ထူးခံ လူတန်းစားတစ်ရပ်အတွက်ပဲ ဖြစ်ခဲ့ဘူးပါတယ်…အခွင့်အလမ်း ၂ ခုတော့ ပေးစေချင်ပါတယ်ဗျာ…
ပင်စင်ယူချိန်အမှီ ပျဉ်ထောင် သွပ်မိုး နေအိမ်လေးတော့ နေရတန်ကောင်းပါရဲ့ လို့ထင်မိပါသည်…လစာအပေါ်မှာ မှီခိုစားနေရတဲ့..နိုင်ငံ့ဝန်ထမ်း အမှုထမ်းတစ်ယောက်အနေနဲ့
ဟိုးအရင်ခေတ်က..မပြောရဲ မတောင်းဆိုရဲခဲ့ရတာကိုလိုချင် အိပ်မက်မက်ခဲ့ရတာလေးပြောကြည့်တောင်းဆိုကြည့်တာပါဗျာ…ကျနော်က နိုင်ငံ့ဝန်ထမ်း အမှုထမ်းတစ်ဦးပါ…
Unicode…ပင်စင်ယူခါနီး နိုင်ငံ့ဝန်ထမ်းတစ်ယောက်ရဲ့ ကြေကွဲဖွယ် ရင်ဖွင့်စကားများ
ကျနော်ဟာ နိုင်ငံ့ဝန်ထမ်းအမထမ်းတစ်ဦးပါ…အသက်(၄၅) နစ်ရပါပြီဗျာ…အသက်(၆၀) ပြည့်ရန် (၁၅ နစ်သာ လိုပါတော့တယ်…အသက်(၇၉ နစ်အရွယ် ဖခင်ဖြစ်သူနင့် အတူနေထိုင်ပါတယ်…ဖခင်မာ အငြိမ်းစားစစ်မထမ်းဖြစ်ပါသည်…
အခြားအဆင့်မို့ ရရ စားစား ဘဝဖြင့် ယနေ့အထိ နေစရာအိမ်မရပါဘူး…ကျန်းမာရေးကလည်းအသက်အရွယ်အရမကောင်းတော့ပါဘူး… ဆွေမျိုးတော်စပ်သူနေအိမ်တွင်နေရပါတယ်…
ပြောချင်တာကကျနော် အသက်(၆၀) ပြည့်ရင် အဖေ့လိုပဲ သူများ အိမ်မာနေရမာလား… နေစရာမရတဲ့သူကို လုပ်သက်(၂၅ နစ်ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းကောင်း လက်မတ်ရထားသူများကိုကားပါမစ်ပေးမယ်ဆိုတော့ကျနော့် လစာ ၂ သိန်းလောက်နဲ့
ကျနော်ကားဝယ်စီးဖို့ ဖြစ်နိုင်ပါ့မလားဗျာ…အခု ကျနော်ကသူများအိမ်မာ ကပ်နေလို့ အိမ်ငးခမကုန်သေးပါဘူး…ကျနော်လစာရယ် အဖေ့ပင်စင်ရယ် ပေါင်းလိုက်ရင်တော့ နေစရာ ကိုယ်ပိုင်အိမ်မရတာကလွဲရင်စားလို့လောက်ပါသေးတယ်ဗျာ…
ကျနော့်ထက်အခြေအနေဆိုးတဲ့ ဝန်ထမ်းတွေ အများကြီးပါနော်…မိဘပြန်ကြည့်ဖို့မပြောနဲ့သားကျွေးမ မယားကျွေးမမပါ…လစာက အိမ်ငးခနဲ့တင် နိထ္တိတန်နေပြီဗျာ…အဂတိတရား ကင်းသောဝန်ထမ်းများ ဖြစ်နိုင်ပါတော့မလား…
လစာတိုးပေးရန်မလိုပါ နေစရာမရသူကို နေစရာ၊ စားစရာမရသူကို စားစရာပေးစေချင်ပါတယ်…အခွင့်အရေးဆိုသည်မာ အခွင့်ထူးခံ လူတန်းစားတစ်ရပ်အတွက်ပဲ ဖြစ်ခဲ့ဘူးပါတယ်…အခွင့်အလမ်း ၂ ခုတော့ ပေးစေချင်ပါတယ်ဗျာ…
ကားဝယ်စီးနိုင်သူတွေကိုကားပါမစ်ပေးပြီး။ကျနော်တို့ လခစား နင်းပြားအမထမ်းများအတွက်တော့ နေစရာအိမ်မရတဲ့သူတွေကို မြို့သစ်ရွာသစ်မြို့စွန် နယ်စွန်က နေလောက်တဲ့မြေကွက်လေးအစိုးရဈေးနန်းနဲ့ ရောင်းပေးစေချင်ပါတယ်…
ပင်စင်ယူချိန်အမ ပျဉ်ထောင် သွပ်မိုး နေအိမ်လေးတော့ နေရတန်ကောင်းပါရဲ့ လို့ထင်မိပါသည်…လစာအပေါ်မာ မခိုစားနေရတဲ့..နိုင်ငံ့ဝန်ထမ်း အမထမ်းတစ်ယောက်အနေနဲ့
ဟိုးအရင်ခေတ်က..မပြောရဲ မတောင်းဆိုရဲခဲ့ရတာကိုလိုချင် အိပ်မက်မက်ခဲ့ရတာလေးပြောကြည့်တောင်းဆိုကြည့်တာပါဗျာ…ကျနော်က နိုင်ငံ့ဝန်ထမ်း အမထမ်းတစ်ဦးပါ…
အသက်(၄၅ နစ်ရပါပြီဗျာ…အသက်(၆၀) ပြည့်ရန် (၁၅ နစ်သာ လိုပါတော့တယ်… ကျေးဇူးတင်ပါတယ်…။Source;စိုးထိုက်အောင်
Add a Comment
Your email address will not be published. Required fields are marked *