Unicode…ခရစ်စီယာ ရော်နယ်ဒိုကို ကမ္ဘာကျော်စေခဲ့တဲ့ သူ့ဖခင် ဟိုဆေးအဲဗားရိုး ပြောခဲ့တဲ့ စကားတစ်ခွန်း
ယခုချိန်မှာ ရော်နယ်ဒို ဟာ ဘယ်လောက်ထိ အောင်မြင်မှုတွေ ရရှိထားလဲဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါနော်။ ရော်နယ်ဒိုရဲ့ အောင်မြင်မှုမှာ သူရဲ့ ဖခင်က ဘယ်လောက်ထိ အရေးပါခဲ့သလဲဆိုတာ ချစ်ပရိတ်သတ် သိကြပါလား။
ယခုကတော့ ရော်နယ်ဒို ခုလို အောင်မြင်ရခြင်းရဲ့နောက်ကွယ်မှာ သူ့အဖေက ဘယ်လောက်တောင် အရေးပါခဲ့လဲဆိုတာ ပြောပေးမှာပါ။ပေါ်တူကီသား ရော်နယ်ဒိုရဲ့ ဖခင်ကတော့ ဟိုဆေး ဒင်နစ် အဲဗာရိုး ပဲဖြစ်ပြီး
သူက သူ့သား ရော်နယ်ဒို အောင်မြင်မှုမှာ ကြီးမားတဲ့ ပါဝင်ပက်သက်မူရှိပါတယ်နော်။ ဒိုလေးရဲ့ ငယ်ဘဝက ဆိုးရွားခဲ့ပြီး အရမ်းဆင်းရဲတဲ့ မြို့လေးတစ်မြို့မှာမွေူဖွားခဲ့ာတာပါ။ဒိုလေးနဲ့ သူ့အဖေရဲ့ ဆက်ဆံရေးဟာ အတော်လေး ရှုပ်ထွေးခဲ့ပါတယ်။
အာဖရိကမှာ စစ်တိုက်ပြီး ပြန်အလာမှာတော့ ရော်နယ်ဒို့အဖေ အဲဗာရိုး က ကြမ်းတမ်းခက်ထန်ပြီး စိတ်ဒုက္ခပေးတဲ့ လူတစ်ယောက်အဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ဒိုလေးရဲ့ဖခင်ဟာ အမြဲ မူးရူးနေတဲ့ အရက်သမားတစ်ယောက်ဖြစ်ခဲ့တယ်။
အဲတာတေကြောင့် ဒိုလေးဟာ ဖလားရလို့ ပွဲခံတာတောင် အရက်မသောက်ခဲ့ပ့ဘူး။အဲဗာရိုး က ထိန်းမနိုင် သိမ်းမနိုင်နဲ့ မူးရူခဲ့တယ်ဆိုပေမယ့်လည်း သူ့သား ရော်နယ်ဒိုအပေါ်မှာတော့ ယုံကြည်မှု အပြည့်ရှိခဲ့ပါတယ်။
အဲဗာရိုး ဟာ သူငယ်ချင်းဖြစ်သူကို သူက သူ့သားကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အမြဲပြောလေ့ရှိပါတယ်။ ဒိုလေးဟာ မန်ယူကို ရောက်ခဲ့စဉ်က သူ့အသက် ၁၈ နှစ်တောင် မပြည့်သေးပါဘူး။
ဒိုလေးကို အောင် မြင်စေခဲ့တဲ့ သူ့ဖခင် စကားတစ်ခွန်းကတော့ “သားရေ.. မင့်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသွင်းရှင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ အကောင်းဆုံး ဂိုးသွင်းရှင်တစ်ယောက်မဖြစ်ဘူးဆိုရင်တောင် အကောင်းဆုံး ကစားသမားတော့ ဖြစ်လာမှာ သေချာပါတယ်။
လောင်းမလား” ဆိုပြီးတော့ သူ့သားကို စိန်ခေါ်ခဲ့ပါတာပါ။ သူ့အဖေရဲ့ ယုံကြည်ပေးမူဟာ တောင်ပံ တစ်စုံတပ်ပေးလိုက်ပြီး ရော်နယ်ဒိုကလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ဖို့ အပြင်းထန် ကြိုးစားခဲ့တာပါနော်။
သို့သော်လည်း ရော်နယ်ဒို ရဲ့ ဖခင်က ၂၀၀၅ ခုနှစ်မှာတော့ အရက်ကြောင့် ကွယ်လွန်သွားခဲ့ပြီး ရော်နယ်ဒိုရဲ့ အောင်မြင်မှုကို မျက်မြင်ကိုယ်တွေ့ မကြုံလိုက်ရပါဘူးနော်။ သူ့ဖခင် ကွယ်လွန်စဉ်က ဒိုလေးဟာ ၂၁ ဘဲရှိသေးတာပါ။
၂၀၀၆ ကမ္ဘာ့ဖလား ပွဲစဉ်အဖြစ် ကစားခဲ့ကြတဲ့ ပေါ်တူကီနဲ့ ရုရှား အသင်း ပွဲစဉ်မှာ ဆုံးခဲ့သော်လည်း ရော်နယ်ဒိုက ပွဲအပြည့်လာရောက်ကစားပေးခဲ့ပြီးတော့ အကောင်းဆုံး ခြေစွမ်းကိုပါ ပြသသွားခဲ့ပါတယ်နော်။
အရက်သမားတစ်ယောက်ဖြစ်ပေမယ့်လည်း ရော်နယ်ဒိုကို ကြိုးစားမှုတွေ နဲ့ အားထုတ်မှုတွေ သင်ကြားပြသပေးခဲ့သူကတော့ သူ့အဖေပဲဖြစ်ပါတယ်နော်။ ထို့ကြောငိ့ ဒီကနေ့မှာတော့ ရော်နယ်ဒိုက သူ့အဖေ မျှောင်မှန်းထားသလို
ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီး ဘော်လွန်ဒေါဆုကို ၅ ကြိမ်တိုင် ဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။၁၅ နှစ်အကြာမှာတော့ ရော်နယ်ဒိုအနေနဲ့ သူ့အဖေရဲ့ စိန်ခေါ်မှုကို လုပ်ပြသွားနိုင်ခဲ့တာကြောင့်
သူ့အဖေက လောင်းကြေးနိုင်သွားတယ်လို့ ပြောလို့ရပါတယ်နော်။ဖန်ရူပေးကြတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ Source;Thinkaya
Tags:
Add a Comment
Your email address will not be published. Required fields are marked *