ဂျပန်လူမျိုးများ အသုံးပြုသော  ပျင်းရိခြင်းကို ချိုးနှိမ်တဲ့ လွယ်ကူကောင်းမွန်သည့် နည်းလမ်းကောင်းလေးတစ်ခု 
Unicode…ဂျပန်လူမျိုးတို့ အသုံးပြုသော  ပျင်းရိခြင်းကို ချိုးနှိမ်တဲ့ လွယ်ကူကောင်းမွန်သည့် နည်းလမ်းကောင်းလေးတစ်ခု
လူသားအားလုံးဟာ မိမိ ရဲ့ပန်းတိုင်ကို စိန်ခေါ်မူ ခက်ခဲမူတေ ကြားထဲကနေ ကြိုးစားတည်ဆောက်နေကြရတာပါ။ တစ်ခါတစ်လေကျ အဆုံးသတ်မှာ အရှုံးနှင့် ရင်ဆိုင်ရလေတိုင်း ငါ အဆင်သင့်မဖြစ်သေးဘူး ၊ နောက်တစ်ပတ် ၊
နောက်တစ်လ၊ နှောက်နှစ်မှ လုပ်တော့မယ် စသဖြင့်ပြောလေ့ရှိပါတယ်နော်။ အစပိုင်းမှာ စိတ်အားထက်သန်စွာ လေ့လာလိုက်စားသော်လည်းတစ်ကြိမ်တစ်ခါဘဲ ကြိုးပမ်းအားထုတ် လိုက်သည်နှင့် တာဝန်ကျေပြီလို့ မှတ်ယူတတ်ကြပါတယ်နော်။
Kaizen ခေါ် (၁) မိနစ် စည်းမျဉ်း
ဂျပန်နိုင်ငံ၏ ရိုးရာဓလေ့တွင် မိမိ ကိုယ် မိမိ တိုးတက်ဖို့အတွက် Kaizen ခေါ်  (၁) မိနစ် စည်းမျဉ်းကို လိုက်နာကျင့်သုံးလေ့ရှိကြပါတယ်။ ဒီနည်းလမ်းကတော့ လူတစ်ယောက်ဟာ တစ်စုံတစ်ခုကို
တစ်မိနစ်ခန့် နေ့တိုင်း တူညီတဲ့အချိန်မှာ လုပ်ရတာပါနော်။ ဒီနည်းလမ်းလေးကတော့ လူတိုင်းနီးပါး ကျင့်သုံးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်နော်။ အချိန်လေး တစ်မိနစ်ပဲ ပေးရတာပါ။လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်
စာအုပ်တစ်အုပ်ကောက်ဖက်လိုက်တာဖြစ်ဖြစ် ဘာသာစကားအသစ်တခုခု သင်ယူတာဖြစ်ဖြစ် တစ်မိနစ်ခန့် နေ့စဉ်မပျက် တူညီတဲ့ အချိန်မှာ လုပ်ပေးရတာပါနော်။
စာအုပ်ဖက်တာတွေ ဘာသာစကားအသစ်တခုသင်ယူတာတွေက သင့်အတွက် ပျော်ရွှင်စရာမကောင်းခဲ့ပေမယ့် နောက်ပိုင်းကြာလာတာနဲ့အမျှ ဒီလိုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို နားလည်လာတဲ့အခါမှာ သင်ပျော်ရွှင်လာပါလိမ့်မယ်နော်။
အချိန်တွေကြာလာတာနဲ့ အမျှပျင်းရိစိတ်ကို နိူင်နင်းလာပါလိမ့်မယ်နော်။ အရေးကြီးတာကတော့ ဘာပဲလုပ်လုပ် အချိန်တစ်မိနစ်ဘဲပေးပါ။နေ့စဉ်မပျက်လုပ်ပါ။ နေ့စဉ်တူညီတဲ့ အချိန်မှာ လေ့ကျင့်ပါ။ ဆိုလိုတာကဒီနေ့
မနက် (၉) နာရီမှာ လေ့ကျင့်ပြီး နောက်နေ့ (၁၀) နာရီမှာ လေ့ကျင်လို့ မရပါဘူး။ နေ့စဉ် အချိန်တခုသတ်မှတ်ပါ။ နောက်ပိုင်း ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးကိုသိလာတဲ့အခါမှာ အချိန်ကို (၁) မိနစ်ကနေ (၅) မိနစ် ပြီးရင်
(၁) နာရီ (၂) နာရီ စသဖြင့် တိုးတိုးပြီး ကျင့်သုံးသွားလို့ရပါတယ်။Kaizen နည်းလမ်းကို ဂျပန်နိုင်ငံ တွင် စတင်ကျင့်သုံးခဲ့ပြီး စကားလုံးရဲ့အဓိပ္ပာယ်ကတော့ Kai – ပြောင်းလဲခြင်း နှင့် Zen – ရှူ့မြင်တွေးခေါ်မှု့ ဟု အဓိပ္ပါယ် ရပါတယ်နော်။
ဒီနည်းလမ်းကို Masaaki Imai ဆိုတဲ့ ဂျပန်လူမျိုးက တီထွင်ခဲ့တာပါနော်။ Kaizen နည်းလမ်းဟာ လူတိုင်းနီးပါး ကျင့်သုံးနိုင်တဲ့ အကျိုးရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာဆိုရင် စီမံခန့်ခွဲမှု တိုးတက်ဖို့အတွက် ဒီနည်းလမ်းကို မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း ပျင်းရိတတ်တဲ့ စိတ်တေကို ချိုးနှိမ်နိုင်ကြပါစေနော်။ Credit
Add a Comment
Your email address will not be published. Required fields are marked *