က်ပ္သန္း ၃၀၀၀ အသံုးျပဳျပီး ကိုကိုးကၽြန္းၿမိဳ့တြင္ ေနေရာင္ျခည္စြမ္းအင္သုံး ဆိုလာဟိုက္ဒေရာလစ္ ဓာတ္အားေပးစက္ တည္ေဆာက္ရန္ ေဆာင္ရြက္ေန

က်ပ္သန္း ၃၀၀၀ ျဖင့္ ကိုကိုးကၽြန္းၿမိဳ့နယ္တြင္ ေနေရာင္ျခည္စြမ္းအင္သုံး ဆိုလာဟိုက္ဒေရာလစ္ ဓာတ္အားေပးစက္ တည္ေဆာက္ရန္ ေဆာင္ရြက္ေန

၂၀၂၀-၂၀၂၁ ခုႏွစ္မွာ ရန္ကုန္တိုင္းေဒသႀကီးတစ္ခုလုံး လၽွပ္စစ္မီးလင္းေရးစီမံကိန္းကို နိုင္ငံေတာ္ကေန ေဆာင္ရြက္လ်က္ရွိေနျပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ရွိတဲ့ရပ္ကြက္၊ ေက်းရြာေတြ အားလုံး လၽွပ္စစ္မီးရရွိေရး

ေဆာင္ရြက္လ်က္ရွိေနသည့္နည္းတူ ကိုကိုးကၽြန္းၿမိဳ့နယ္မွာလည္း လၽွပ္စစ္မီးရရွိရန္အတြက္ ေနေရာင္ျခည္သုံး ဆိုလာဟိုက္ဒေရာလစ္ ဓာတ္အားေပးစက္ကို က်ပ္သန္း ၃၀၀၀ ျဖင့္ တည္ေဆာက္ရန္ ေဆာင္ရြက္လ်က္ရွိေနေၾကာင္း

သိရွိရပါတယ္။ အဆိုပါ ေနေရာင္ျခည္စြမ္းအင္သုံး ဆိုလာဟိုက္ဒေရာလစ္ ဓာတ္အားေပးစက္ကုိ စက္တင္ဘာလတြင္ စတင္တည္ေဆာက္ျပီး ဒီဇင္ဘာလတြင္ ၿပီးစီးရန္ အတြက္ လ်ာထားျပီး ေဆာင္ရြက္လ်က္ရွိေနေၾကာင္း သိရွိရပါတယ္။

ကိုကိုးကၽြန္းၿမိဳ့နယ္မွာ ေနေရာင္ျခည္စြမ္းအင္သုံး ဆိုလာဟိုက္ဒေရာလစ္ ဓာတ္အားေပးစက္ကို ေအာက္တိုဘာလမွာ တည္ေဆာက္ၿပီးေတာ့ ဒီဇင္ဘာလမွာ ၿပီးစီးဖို့ ခန႔္မွန္းထားပါတယ္။ ဆိုလာစနစ္နဲ႔ မီးလင္းနိုင္ေရးလုပ္ငန္းစီမံခ်က္ကို

ေဆာင္ရြက္ထားတာပါ။ လၽွပ္စစ္မီးရရွိၿပီဆိုရင္ ၂၄ နာရီ အသုံးျပဳနိုင္မွာ ျဖစ္တဲ့အတြက္ ၿမိဳ့နယ္ရဲ့ပညာေရး၊ က်န္းမာေရး၊ စီးပြားေရးနဲ႔ လူမွုေရးက႑ လိုအပ္ခ်က္မ်ားကို တစ္ဖက္တစ္လမ္းက ျဖည့္ဆည္းေပးနိုင္ပါၿပီ။

ဒါေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ ဘတ္ဂ်က္ထဲက က်ပ္သန္း ၃၀၀၀ နဲ႔ တင္ဒါစိစစ္ၿပီးေတာ့ ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလကုန္အၿပီး လၽွပ္စစ္မီးရရွိဖို့ ခန႔္မွန္းထားပါတယ္ ဟု ရန္ကုန္တိုင္းေဒသႀကီး ဘ႑ာေရး၊ စီမံကိန္းႏွင့္

စီးပြားေရးေကာ္မတီဉကၠ႒ ေဒၚစႏၵာမင္းက ေျပာျကားပါတ ္ယ္္။ ရန္ကုန္ၿမိဳ့ကေန ကိုကိုးကၽြန္းၿမိဳ့နယ္သို့ ခရီးသြားလာနိုင္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရကေန သဘၤာငွားရမ္းျပီး သယ္ယူပို့ေဆာင္ေရးက႑ကို ေဆာင္ရြက္ေပးေန

လ်က္ရွိၿပီး ေနေရာင္ျခည္သုံး ဆိုလာဟိုက္ဒေရာလစ္ ဓာတ္အားေပးစနစ္ကို တည္ေဆာက္ၿပီးစီးပါက လၽွပ္စစ္မီးကုိ အခ်ိန္ျပည့္ အသုံးျပဳနိုင္မည္ ျဖစ္ေသာေၾကာင့္ ကိုကိုးကၽြန္းမွာ အပန္းေျဖစခန္းမ်ား တည္ေဆာက္ရန္

လ်ာထားလ်က္ရွိေနေၾကာင္း နွင့္ နိုင္ငံျခားဝင္ေငြကုိ ရရွိေစသည့္အျပင္ အလုပ္အကိုင္အခြင့္အလမ္းမ်ားကို ေဖာ္ေဆာင္ေပးနိုင္မည့္ အုန္းခ်ိဳေမႊးဟုေခၚသည့္ စီးပြားျဖစ္ အုန္းပင္ပုကေန အုန္းသီးစိုက္ပ်ိဳးေရး စီမံကိန္းကိုလည္းလည္း

ဆက္လက္ေဖာ္ေဆာင္မည္ျဖစ္ျပီး ရန္ကုန္တိုင္းေဒသႀကီးအစိုးအေနနဲ့ ဘတ္ဂ်က္ထည့္သြင္းျပီး လ်ာထားေဆာင္ရြက္ထားေၾကာင္းကုိ ရန္ကုန္တိုင္းေဒသႀကီး ဘ႑ာေရး၊ စီမံကိန္းႏွင့္ စီးပြားေရးေကာ္မတီမွ သိရွိရပါသည္။Source;သန္းထိုက္ / MDN

Unicode…ကျပ်သန်း ၃၀၀၀ ဖြင့် ကိုကိုးကျွန်းမြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဟိုက်ဒရောလစ် ဓာတ်အားပေးစက် တည်ဆောက်ရန် ဆောင်ရွက်နေ

၂၀၂၀-၂၀၂၁ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး လျှပ်စစ်မီးလင်းရေးစီမံကိန်းကို နိုင်ငံတော်ကနေ ဆောင်ရွက်လျက်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ရပ်ကွက်၊ ကျေးရွာတွေ အားလုံး လျှပ်စစ်မီးရရှိရေး

ဆောင်ရွက်လျက်ရှိနေသည့်နည်းတူ ကိုကိုးကျွန်းမြို့နယ်မှာလည်း လျှပ်စစ်မီးရရှိရန်အတွက် နေရောင်ခြည်သုံး ဆိုလာဟိုက်ဒရောလစ် ဓာတ်အားပေးစက်ကို ကျပ်သန်း ၃၀၀၀ ဖြင့် တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း

သိရှိရပါတယ်။ အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဟိုက်ဒရောလစ် ဓာတ်အားပေးစက်ကို စက်တင်ဘာလတွင် စတင်တည်ဆောက်ပြီး ဒီဇင်ဘာလတွင် ပြီးစီးရန် အတွက် လျာထားပြီး ဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရပါတယ်။

ကိုကိုးကျွန်းမြို့နယ်မှာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဟိုက်ဒရောလစ် ဓာတ်အားပေးစက်ကို အောက်တိုဘာလမှာ တည်ဆောက်ပြီးတော့ ဒီဇင်ဘာလမှာ ပြီးစီးဖို့ ခန့်မှန်းထားပါတယ်။ ဆိုလာစနစ်နဲ့ မီးလင်းနိုင်ရေးလုပ်ငန်းစီမံချက်ကို

ဆောင်ရွက်ထားတာပါ။ လျှပ်စစ်မီးရရှိပြီဆိုရင် ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မြို့နယ်ရဲ့ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ပါပြီ။

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ထဲက ကျပ်သန်း ၃၀၀၀ နဲ့ တင်ဒါစိစစ်ပြီးတော့ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အပြီး လျှပ်စစ်မီးရရှိဖို့ ခန့်မှန်းထားပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့်

စီးပွားရေးကော်မတီဉက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားပါတ ်ယ်။ ရန်ကုန်မြို့ကနေ ကိုကိုးကျွန်းမြို့နယ်သို့ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရကနေ သင်္ဘာငှားရမ်းပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဆောင်ရွက်ပေးနေ

လျက်ရှိပြီး နေရောင်ခြည်သုံး ဆိုလာဟိုက်ဒရောလစ် ဓာတ်အားပေးစနစ်ကို တည်ဆောက်ပြီးစီးပါက လျှပ်စစ်မီးကို အချိန်ပြည့် အသုံးပြုနိုင်မည် ဖြစ်သောကြောင့် ကိုကိုးကျွန်းမှာ အပန်းဖြေစခန်းများ တည်ဆောက်ရန်

လျာထားလျက်ရှိနေကြောင်း နှင့် နိုင်ငံခြားဝင်ငွေကို ရရှိစေသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည့် အုန်းချိုမွှေးဟုခေါ်သည့် စီးပွားဖြစ် အုန်းပင်ပုကနေ အုန်းသီးစိုက်ပျိုးရေး စီမံကိန်းကိုလည်းလည်း

ဆက်လက်ဖော်ဆောင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးအနေနဲ့ ဘတ်ဂျက်ထည့်သွင်းပြီး လျာထားဆောင်ရွက်ထားကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ သိရှိရပါသည်။Source;သန်းထိုက် / MDN

Add a Comment

Your email address will not be published. Required fields are marked *