တစ်သက်မှာ တစ်ခါဖူးမြော်ဖို့တောင် ခဲယဉ်းလှတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်(အနီးကပါပုံ)

တစ်သက်မှာ တစ်ခါဖူးမြော်ဖို့တောင် ခဲယဉ်းလှတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်(အနီးကပါပုံ)

ကံထူးပြီး ဖျာပုံသူဖျာပုံသားများ နှင့် မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ဖူးချိန်တန် ဖူးထိုက်တာကြောင့် ဖူးမျှော်ခွင့်ရပြီ ။ကျွန်တော်ကလေးဘဝတည်း က ဘိုးဘိုး ၊ဘွားဘွား၊ဘိုဘေး အစဉ်အဆက်ကတည်း မှ ဖျာပုံမှာ ဗုဒ္ဓမြတ်စွာဘုရား အံ့တော် နှင့်

ဆံတော်တစ်ဆူ ကိမ်းဝပ်နေတယ် လို့ သိခဲ့ရတာပါ။ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်ရှေးဟောင်းသမိုင်းအစဉ် အလား အရ ရှေးကျတဲ့ မြို့တွေက အမည်နှစ်လုံးတည်း နဲ့ အမည်ပေးခဲ့တဲ့ တချိန်က မွန်ဒေသတွေပေါ့နော်။

ပုဂံ၊ရန်ကုန်၊တွံတေး၊ဒလ၊သထုံ၊ဖျာပုံ၊ပုသိမ်၊စတဲ့ ရှေးကျတဲ့ မြို့တွေ အများကြီးပေါ့။အဲအထဲမှာ မွန်ဘုရင်များ အဆက်ဆက် အုပ်စိုးခဲ့တဲ့ ဖျာ ပုင်း ဆိုတဲ့ ထမင်းဈေးမြို့ကလေး တစ်ခုလည်း ပါဝင်ခဲ့တာပါ။ကျိုက်ပတိုင်း စေတီ တော်မြတ်ကြီးကို

မြန်မာ သက္ကရာဇ်(၆၀၀)ခုနှစ်မှာ တည်ထားကိုး ကွယ်ခဲ့တာပါ။လုပ်ဥကုန်ကျိုက်ခမွမ် စေတီတော်ကို မြန်မာ သက္ကရာဇ် ၉၀၀)ခုနှစ် မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်နော်။မြန်မာတစ်နိုင်ငံ လုံးမှာ ရှိတဲ့ မြို့ပေါင်း များစွာမှာခရေပင်ဇောက်ထိုးပါက်တဲ့

မြို့ဆိုလို့ ဖျာပုံမြို့ တစ်မြို့ပါဘဲနော်။ဖျာပုံဟာ ရှေးဘုရင်တွေ အဆက်ဆက် အုပ်စိုးခဲ့စဉ် က ရန်ကုန်၊ဒလ အပိုင်းပေါ့။ဖျာပုံကို မွန်ဘုရင်အဆက်ဆက် က အောင်မြေလို့ သက်မှတ်ခဲ့ကြတယ်၊ယုံကြည်ခဲ့ကြတယ်။ဖျာပုံကိုတော့ မင်းဘေးရေဘေးအစရှိတဲ့

ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်စေဖို့ ကင်းဝေးစေရန်အတွက် ရှေ့ထုံးနန်းစဉ်လာအတိုင်း ဖျာပုံကို အလယ်တည့်တည့်ထား ၍ ကိုးနဝင်းရိုက်ပြီး တည်ခဲ့ပါတယ်လေ။ဖျာပုံကို ဗဟိုပြုပြီး ဖျာပုံပတ်ပတ်လည်မှာ ကြီးနဲ့ ဆုံးတဲ့ ရွာကြီး (၉)ရွာ၊ လေးနဲ့ ဆုံးတဲ့

ရွာကြီး(၉)ရွာ ပတ်ကာဝိုင်းလို့တည်ခဲ့တာပါ။ဥပမါအနေနဲ့ပြောပြရင် တော့ သလိတ်ကြီး၊သလိတ်ကလေး။အခြားကြီး အခြာလေး၊မငေးကြီး၊မငေးလေး၊စသော အဲဒိလိုလို ကြီး နဲ့ဆုံး လေးနဲ့ ဆုံးတဲ့ ရွာတွေ ပေါ့။ရှေ့အဆက်ဆက် မွန် အခေါ်အခေါတွေက ယနေ့အချိန်ကျန်ရစ်နေဆဲပါနော်။

ရှေ့ဘက်ကမ်း၊အနောက်ဘက်ကမ်းပေါ့။အခုအရှေ့ဘက်ကမ်းဆိုတာက မွန်ပြည်နယ် ရေး စတဲ့ နေရာကိုခေါ်ဝေါ်သမုတ်ခဲ့တာပေါ့၊အနောက်ဘက်ကမ်း ဆိုတာက ယခု ဖျာပုံမြို့ကို အနောက်ဘက်ကမ်းလို့ ခေါ်ဝေါ သမုတ်ခဲ့တာပါနော်။

သမိုင်းကို ခဏလေး ထားလိုက်ပါတော့ ရှည်သွားမှာဆိုးလိုပါဗျာ။အဲဒိအချိန်မတိုင်ကတည်း က ဖျာပုံ မှာ မြတ်စွာဘုရား အံတော်နှင့် ဆံတော် တစ်ဆူ ကိမ်းဝပ်ခဲ့တယ် သမိုင်းရှိခဲ့တယ်၊၊အဲဒိသမိုင်း က ဖြစ်နိုင်ခြေရှိတယ်၊

ဘယ်ကြောင့်လည်းဆိုတော့ ဖြစ်နိုင်ခြေရှိပါတယ်။ပင်လယ်လမ်းကြောင်းက နေပြီး မြတ်စွာဘုရား ဆံတော် ပင့်ခဲ့တာလေ။အခု ဖျာပုံ ကော့မှူး တွံတေး ဒလ လမ်းတလျောက်မှာရှေ့ဟောင်းစေတီတွေ အမြောက်အများ၊အဲဒိလမ်းအတိုင်း မှာ ရှိတဲ့

ဆံတော်ကြိုစေတီတော် ရှိတယ်တယ်လေတွံတေးမှာပေါ့။ အခုဖျာပုံမှာ ရှိတဲ့ အံတော်က မြတတ်စွာဘုရား အံတော်လို သိရတယ်။ဖျာပုံမှာ ကိမ်းဝပ်နေတာ နှစ်ပေါင်း ရာပေါင်းမက ကိမ်းဝပ်နေတာပါ။အံတော် ဘယ်ကကြွလာလည်း ဆိုတော့ ရသေကြီးတစ်ပါး က ယခု သရက်မြို့နယ်ပေါ့ဗျာ။

အဲဒိအချိန်တုန်းကတော့ တောကြီးဖြစ်နေရင် ဖြစ်နေမှာပါ။အဲဒိမြို့အပိုင် ရွာကလေးတစ်ရွာ တောထဲ တရားထိုင်အားထုတ်နေစဉ် တော်နက်ထဲမှာ ရှိတဲ့ ထုံးဖြုစေတီ အပျက်ကြီးထဲကနေ ရောင်တော်တွေ ကွန့်မြူးနေလို့ရသေကြီးတစ်ပါးက

ပင့်ဆောင်ပူဇော်ခဲ့ရာ ဖျာပုံ ယခုမင်းကျောင်း၊ သိုသိုသိပ်သိပ် ကိမ်းဝတ်တော်မူခဲ့တာပါ။ခေတ်အဆက်ဆက် မသမားသူတွေရဲ့ ခိုးယူလုယက်မှုတွေ ခံခဲ့ရမည်စိုးးရိမ်သောကြောင့် ရှေးဘုရင်များနဲ့ ရသေ့ ဆရာတော်ကြီးများအဆက် ဆက်

လုံခြုံစိတ်ချသော နေရာတွေပြောင်းရွေ့ကိမ်းဝပ် ပူဇော်ခဲ့ကြတာပါ။ယခုဖျာပုံမြို့ ချောင်းတွင်းကျေးရွာ မြတ်ဘုန်းပွင့်မြတ်စွာဘုရားကြီး ပရဝန်း၌ သမိုင်းအရ ဖျာပုံမင်းကျောင်း မှ ပြောင်းရွေ့ ကိမ်းဝပ်တော်မူနေသည်မှာ နစ်ပေါင်းရာချီနေပါပြီတဲ့

ယနေ့ ဘုန်းဘုန်းလျောက်ထားပြီး ဓာတ်ပုံရိုက်ခွင့် ပူဇော်ခွင့် တောင်းခဲ့ပါတယ်။သမိုင်းသုသေန ဦးစီးဌာန မှလည်း အံတော်အစစ် မဟုတ်မဟုတ် သုတေသနလုပ်ပေးစေချင်ပါတယ်နော်။အံတော်အစစ်ဖြစ်ပါကလည်း

နစ်ရာထောင်ချီကိန်းဝပ်နေသောဖျာပုံမြို့ကလေးမှာနောင်လာနောင်သားများသာသနာပြုနိုင်ရေးအတွက် စဉ်းစားပေးပါ။ဓာတ်ပုံမှတ်တမ်းနင့်တကွ ပူဇော်ဖူးမျှော်ခွင့်ရနိုင်ရန်အတွက် တင်ပေးလိုက်ပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *