ချစ်သူက မွေးရပ်ကိုခဏပြန်ပြီး ကလေးမွေးနေတုန်း တခြားတစ်ယောက်ကို လက်ထပ်လိုက်တဲ့ သစ္စာဖောက်

ချစ်သူက မွေးရပ်ကို ခဏပြန်ပြီး ကလေးမွေးနေတုန်း တခြားတစ်ယောက်ကို လက်ထပ်လိုက်တဲ့ သစ္စာဖောက်

အချစ်ရေးမှာ အဆိုးဆုံး ကိစ္စကတော့ တစ်ယောက် အပေါ်တစ်ယောက် သစ္စာဖောက်တဲ့ ကိစ္စပါဘဲနော်။အဆိုးဆုံးကတော့ မိန်းမက ကလေးမွေးနေတုန်းမှာဘဲ နောက် မိန်းမကို ကောက်ယူလိုက်တဲ့ ဇာတ်လမ်းပါဘဲဗျာ။

Heather McGillian (၂၄ နှစ်) ဆိုသော စကော့တလန်နိုင်ငံသူက ဒိုမီနီကန် နိုင်ငံက နိုင်ငံခြားသား အပန်းဖြေစခန်းတစ်ခုမှာ အက သမားအဖြစ် လုပ်ကိုင်ရင်းနဲ့ Adonis Rodriguez (၂၁ နှစ်) ဆိုတဲ့ အဲ့ဒီက နိုင်ငံသား လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်ခဲ့တာပါ။

(၁) နှစ်ကျော် အတူနေလာခဲ့တဲ့နောက် Heather မှာ သားယောကျာင်္းလေး ကိုယ်ဝန်ရှိလာတာပါ။ အဲ့ဒါနဲ့ သူဟာ ကိုယ့်နိုင်ငံကို ပြန်ပြီးတော့ မီးဖွားဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ သူ ခင်ပွန်းကတော့ ဗီဇာ အခက်အခဲရှိတဲ့အတွက် နေခဲ့ဖို့ ဖြစ်လာခဲ့တာပါ။

Heather အားလုံး အဆင်ပြေမှာပဲလို့ တွေးပြီး သားဦးလေးကို မွေးခဲ့တာပါ။ ထို့နောက်မှာ ခင်ပွန်းရှိရာဆီ ပြန်လာဖို့တောင် လုပ်နေပြီတဲ့။ ဒါပေမယ့်လည်း အဲ့ဒီ့အချိန် Adonis က နောက်တစ်ယောက်နဲ့ လက်ထပ်ထားနှင့်ပြီတဲ့။

Heather ဆီကို သူငယ်ချင်းတစ်ယောက်က Adonis နဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့ ပျော်ရွှင်နေပုံ တွေ့ရတဲ့ မင်္ဂလာဓာတ်ပုံကို Facebook ကနေ တဆင့်ပို့ပေးခဲ့တာပါ။ သူမဟာ ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ဘူးတဲ့။ ရက်သတ္တပတ်လေး နည်းနည်းလောက် ကွဲကွားသွားတာနဲ့

ဒီလိုတော့ မြန်မြန်ဆန်ဆန်ကြီး မဖြစ်နိုင်ပါဘူးနော်။ Adonis အနေနဲ့ ဒီ လျှို့ဝှက်မင်္ဂလာပွဲကို တစ်လထက် မနည်းကြိုပြီး စီစဉ်ထားခဲ့ပုံပါပဲနော်။သူ လက်ထပ်လိုက်တဲ့ အမျိုးသမီးကတော့ ဂျာမဏီနိုင်ငံသူ Julia (၃၁ နှစ်) လို့ သိရပြီးတော့

သူတို့ အလုပ်လုပ်တဲ့ဆီကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က အလည်လာခဲ့ဖူးတယ်လို့သိရတယ်နော်။ သူမနဲ့ Adonis တို့ Facebook မှာ အသိဖြစ်သွားတာရော၊ အပြန်အလှန် စာတွေပို့တာရော Heather က မှတ်မိနေခဲ့တာပါ။

Heather က အခုကိစ္စအတွက် Adonis ကို ဖုန်းအဆက်သွယ်နဲ့ မေးမြန်တော့လည်း သကောင့်သားက ဝန်ခံတယ်။ ဘာလို့ လုပ်တာလည်းဆိုတော့ ဗီဇာ ရမယ့် နည်းက ဒီတစ်နည်းပဲ ရှိတော့လို့တဲ့။သို့ပေမယ့် အင်တာဗျူးတစ်ခုမှ ကျတော့၊

လက်ထပ်လိုက်တယ်ဆိုတာ ဟုတ်မှန်ကြောင်းနဲ့ လက်ထပ်တဲ့အချိန်မှာလည်း Heather နဲ့ ပတ်သက်မှုနေသေးကြောင်း ပြောခဲ့တာပါ။ အခုဆို သားလေးပါရှိနေပြီးဖြစ်တဲ့ အခါ Heather ကို တကယ်တောင်းပန်ပါတယ်

ဆိုတဲ့အကြောင်းတွေကို ပြောသွားခဲ့ပါတယ်တဲ့။နောက်ဆုံးမှာတော့ Heather လည်း အမှန်တရားကို သိရှိခဲ့တယ်။ Adonis ဆီ Julia တိတ်တဆိတ် လာရောက်တွေ့တာ ဒီနှစ်ထဲကို (၄) ကြိမ်ရှိတောင် ရှိပြီတဲ့။ မိန်းမရှိတာသိတယ်၊

ကလေးရှိတာ သိရက်နဲ့ အခုလို လုပ်ခဲ့တာပါနော်။ ကလေးမွေးပြီးတော့ Heather က ဒိုမီကန်ကို ပြန်သွားပြီးတော့ ကလေးတစ်ဖက်နဲ့ အလုပ်ပြန်ဝင်ခဲ့ပါတယ်။ Adonis ကိုလည်း ကလေးနဲ့ တွေ့ဆုံခွင့် အချိန်တစ်ချို့ သတ်မှတ်ပေးထားတယ်လို့

သိရတယ်နော်။ဘာမရိပ် မိအောင် နေခဲ့ပြီးတော့ တကယ်ကို အရူးဖြစ်သွားခဲ့တာပါနော်။ သစ္စာတွေပြည့်ဝတဲ့ လူလို ဟန်ဆောင်နေခဲ့ပြီးတော့ ကလေးနဲ့ ပတ်သက်ပြီး

စိတ်လှုပ်ရှားနေပြခဲ့ပါတယ်နော်။ Together forever ဆိုပြီး ကလေးမွေးမှ နောက် မိန်းမတစ်ယောက်ကို လက်ထပ်လိုက်တာ သူမ အနေနဲ့ ဘယ်လိုမှ မယုံကြည်နိုင်သေးဘူးလို့ ဆိုပြီးပြောခဲ့တာပါ။credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *