ယူနိုက်တဒ်အတွက် အသာရစေမယ့် ယူရိုပါလိဂ်မဲခွဲဆုံးဖြတ်မှု့

မန်ယူနိုက်တဒ် အသင်းအနေနဲ့ ယူရိုပါလိဂ် လက်ကျန် ၁၆သင်းအဆင့် ရှုံးထွက်ပွဲ ကို အစောပိုင်းမှာ ကြားကွင်းမှာ ကစားရဖို့ ရှိနေပေမယ့် UEFA ရဲ့ သဘောတူညီမှု့အရ ယခုချိန်မှာတော့ အိမ်ကွင်း အိုးထရဒ့်ဖိုဒ့် မှာ ကစားခွင့် ရခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တဒ်အနေနဲ့ ပထမအကျော့ အဖြစ် LASK အသင်းအဝေး ကွင်းမှာ ကစားခဲ့ပြီး (၀-၅) နဲ့အနိုင်ရထားတာကြောင့် နောက်တစ်ဆင့်တက်ရောက်ဖို့က အတော်လေးအခြေနေကောင်းနေပြီလည်းဖြစ်ပါတယ်။ ၁၆သင်းအဆင့်မှာ ပထမအကျော့ မကစားရသေးတဲ့ အသင်းတွေအနေနဲ့တော့ တစ်ကျော့ထဲသာယှဉ်ပြိုင်ရမှာဖြစ်ပြီး အိမ်ကွင်းအားသာချက်ကို ဒုတိယအကျော့မှာပြန်ရတော့မှာမဟုတ်တာကြောင့်အနည်းငယ်တော့ နစ်နာခဲ့ကြပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာတော့ ယူနိုက်တဒ် အနေနဲ့ တူရကီကလပ် အစ်စတန်ဘူလ် ဒါမှမဟုတ် ကိုပေဟေဂင် တို့ ထဲကတစ်သင်းနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။ ဒီပွဲစဉ်အတွဲမှာ အစ်စတန်ဘူလ် အသင်းက ပထမအကျော့မှာ (၁-၀) နဲ့ အနိုင်ရထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ပိုမိုအရေးသာနေပါတယ်။ ဆီမီးဖိုင်နယ်ဘအတွက်တော့ တစ်ဖက်မှာ အိုလံပီယာကောစ့်၊ရိုးမား၊‌ဆီဗီလာ၊ဝုဗ် တို့ထဲက တစ်သင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *