








Unicode…အသက် ၂၉ နှစ်ပြည့်မှာ ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာကို ၁၀သိန်း လှူဒါန်းတဲ့ နီနီခင်ဇော်

(၂၉)နှစ်ပြည့် မွေးနေ့မှာ နီနီခင်ဇော်ဟာ အလှူအဖြစ် ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို (၁၀)သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။ အဆိုတော်မလေး နီနီခင်ဇော်ကတော့ ဆရာဝန်မလေးတစ်ယောက်ဖြစ်ပေမယ့်

Melody World သီချင်းဆိုပြိုင်ပွဲကနေပြီးတော့ ဂီတလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်နော်။ နီနီခင်ဇော်ဟာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီးတော့ဘ အရင်လတွေက

နေတိုး၊ လွှမ်းပိုင်တို့နဲ့အတူတူ အိပ်မက်ကာရံ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်နော်။ အနုပညာအလုပ်တွေမှာ ထူးချွန်မှုရှိသလို သူမရဲ့ကိုယ်ပိုင် လုပ်ငန်းဖြစ်တဲ့ Super Red Cosmetic

လုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်နော်။ယနေ့ သြဂုတ်လ (၃၁) ရက်နေ့ကတော့ နီနီခင်ဇော်ရဲ့ အသက် (၂၉) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်နော်။ နီနီခင်ဇော်ကတော့ သူမရဲ့

မွေးနေ့ကုသိုလ်လေးအဖြစ် ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ အလှူတန်းတွေ ပြုလုပ်ခဲ့တာပါနော်။ နီနီဟာ သူမရဲ့မွေးနေ့ကုသိုလ်လေးအဖြစ် ခိုင်နှင်းဝေဂေဟာကို အလှူငွေ (၁၀) သိန်းကျပ် တိတိ ခဲ့လှူဒါန်းပြီး

ဂေဟာက ကလေးငယ်များကိုလည်း မွေးနေ့ကိတ်ကျွေးရင်း သူမရဲ့ မွေးနေ့ တစ်နေ့တာလေးကို ဖြတ်သန်းနေခဲ့တာပဲ ဖြစ်ပါတယ်နော်။နီနီခင်ဇော်ကတော့ သူမရဲ့ မွေးနေ့ကုသိုလ်လေးအဖြစ် အကျိုးရှိမယ့်အရာလေးတွေကိုပဲ

ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်နော်။ ချစ်ပရိသတ်ကြီးလည်း နီနီခင်ဇော် အတွက် မွေးနေ့ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။ နီနီခင်ဇော်လည်း ဒီထက်မက အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါစေနော်။Source: Khine Hnin Wai’s fb

Add a Comment

Your email address will not be published. Required fields are marked *